ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်လျက်ရှိသော တီလားဗီးယားငါးဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

   ယခုအခါ ကန့်ဘလူခရိုင်အတွင်း ရောင်းချလျက်ရှိသည့် ငါးများကို ကန့်ဘလူမြို့ရှိ လက်လီ/ လက္ကားကုန်သည်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဧပြီလ စတုတ္ထပတ်အတွင်း ကန့်ဘလူခရိုင်အတွင်းရောင်းချနေသော ငါးဈေးနှုန်းများမှာ တီလားဗီးယားငါး အကြီး(၁)ပိဿာလျှင် ၁၄၀၀၀ကျပ်၊ တီလားဗီးယားငါး အသေး(၁) ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)