ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်လျက်ရှိသော ကြက်ဥ၊ဘဲဥဈေးနှုန်း အခြေအနေ

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ယခုအခါ ကန့်ဘလူခရိုင်၌ ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများကို ကန့်ဘလူမြို့ရှိ လက်လီ/လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဧပြီလ စတုတ္ထပတ်အတွင်း ရောင်းချနေသော ကြက်ဥ၊ဘဲဥဈေးနှုန်းများမှာ ကြက်ဥအလုံးကြီး (၁)လုံးလျှင် ၅၅၀ကျပ်၊ အလုံးသေး(၁)လုံးလျှင် ၅၀၀ကျပ်၊ ဘဲဥ(၁)လုံးလျှင် ၇၀၀ကျပ်ဖြင့် ရောင်းချ ကြောင်း၊ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)