
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ သစ်သီးမျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရာသီပေါ် ဖရဲသီးများလည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒေသထွက် သီးနှံအပြင် မန္တလေး နှင့်ပြင်ဦးလွင်မြို့များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဖရဲသီး သည် အရည်ရွှန်း၍ ချိုပြီး အေးမြသောသီးနှံဖြစ်၍ ဝယ်ယူစားသုံးမှုများကြောင်း၊ အသီးကို စိပ်၍သော် လည်းကောင်း၊ ဖျော်ရည်လုပ်၍သော်လည်းကောင်း စားသုံးမှုများကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ မေလ(တတိယပတ်)တွင် သကြားဖရဲသီးတစ်လုံးလျှင် အလုံး ကြီး ကျပ်(၆၅၀၀)၊ အလုံးလတ် ကျပ်(၅၅၀၀)၊ အလုံးသေး ကျပ်(၃၅၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း၊ ယခင်ဧပြီလ(တတိယပတ်)နှင့် နှိုင်းယှဉ်ပါက ကျပ်(၅၀၀)ခန့် ဈေးမြင့်တက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုပူပြင်းသော နွေဦးရာသီရောက်ရှိချိန်ဖြစ်၍ အရည်ရွှန်းပြီး ချိုလေး သော အရသာရှိသည့် သကြားဖရဲသီးကို ဝယ်ယူစားသုံးမှုများ၍ အရောင်းအဝယ်သွက်ကြောင်း မြို့ပေါ်ရှိ သစ်သီးအရောင်း ဆိုင်များမှ သိရှိရပါသည်။
DOCA(မကွေး)