ပခုက္ကူဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသော ရုံးပတီသီး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စိုက်ပျိုးရေးကို အခြေခံ၍ သီးနှံ မျိုးစုံစိုက်ပျိုးပြီး ဒေသစီးပွားဖြစ် လုပ်ကိုင်ကြရာ ရုံးပတီသီးကိုလည်း တပိုင်တနိုင်စိုက်ပျိုး လျက်ရှိ ကြသည်။ ရုံးပတီသီးသည် ပန်းပွင့်သော အပင်မျိုးဖြစ်ပြီး ၎င်းမှာ နေရာအတော်များများတွင် ပေါက်ရောက်ကြပါသည်။ ရုံးပတီသီးပင် မှာ အပင်အနိမ့်အမြင့်၊ အသီးပုံသဏ္ဌာန်တို့အပေါ် မူတည်ပြီး အမျိုးမျိုးကွဲပြားကြပါသည်။ ရုံးပတီသီးကို အဓိကအားဖြင့် ဟင်းချက်ရာတွင်လည်းကောင်း၊ အတို့ အမြှုပ်အဖြစ်လည်းကောင်း၊ အစိမ်းစား၍လည်းကောင်း စားသုံးကြပါသည်။ ပခုက္ကူဈေးကွက်သို့ ကျွန်းဦး၊ ကျွန်းညို၊ ဘောလုံးခုံ၊ သံပုရာပင်ကုန်းကျေးရွာများနှင့် မြစ်ခြေ၊ ကမ္မမြို့များမှ ရုံးပတီ သီးများ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

           ၂၀၂၅ ခုနှစ်၊ မေလ(တတိယပတ်)တွင် ပခုက္ကူဈေးကွက်၌ ရောင်းချသောဈေးနှုန်းများ အနေဖြင့် ရုံးပတီသီး (၂၅)ကျပ်သားလျှင် ကျပ်(၅၀၀)၊ တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပခုက္ကူမြို့ မြို့မစည်ပင်ဈေးနှင့် အမှတ်()ဈေးတို့တွင် ရောင်း ချလျက်ရှိသော ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဆိုင်များမှ သိရှိရသည်။

DOCA(မကွေး)