ကုန်သွယ်မှုသတင်းများ
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ်(၃၁.၅. ၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၈၀၀၀၀မှ၂၉၅၀၀၀)ဖြစ်ပြီး ယခုအပတ်(၆.၆.၂၀၂၃)ရက်နေ့တွင် ကျပ်(၃၀၀၀၀၀မှ၃၂၀၀၀၀)ရှိခဲ့၍ ကျပ်(၂၀၀၀၀မှ၂၅၀၀၀)ဈေးမြင့်တက်ခဲ့ပြီး (၁၃၅၀)အိတ် အရောင်းအဝယ် ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများသည် မိရိုးဖလာ လယ်ယာလုပ်ငန်းအပြင် သီးနှံစားပင်မျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအနှံ့ စားသုံးမှုများပြား၍ ဈေးကွက် အခိုင်အမာရှိသော အာဟာရဓာတ်များစွာပါဝင်သည့် နှစ်ရှည်ခံသီးနှံစားပင်တစ်မျိုးဖြစ်သော ပိန္နဲပင်များကိုလည်း စိုက်ပျိုးကြကြောင်းသိရသည်။ ပိန္နဲပင်များကို ပွင့်ဖြူမြို့နယ်ရှိ ယောစု၊ ပိန္နဲတော၊ ဒေးဒရဲ၊ ညောင်ကုန်း၊ ရွာသစ်၊ မုန်းနားစု စသောကျေးရွာများတွင် စိုက်ပျိုးကြကြောင်း၊ ပိန္နဲတစ်ပင်လျှ
တောင်ငူမြို့ရှိ အခြေခံလူတန်းစားများ စားသုံးဆီများကို သက်သာသောနှုန်းထားဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ပဲခူးခရိုင်၊ ဆီကုန်သည်အသင်းမှ အရောင်းဈေးကားသည် (၃၁-၅-၂၀၂၃) ရက်နေ့တွင် တောင်ငူမြို့သို့ ရောက်ရှိပြီး အမှတ်၂၂ရပ်ကွက်ရှိ ရေခဲလမ်းနှင့် ဝက်ကုန်းဈေးများတွင် ရောင်းချပေးပါသည်။

မြေပဲသည် ပြည်တွင်းစားသုံးမှုအတွက် အရေးပါသောဆီထွက်သီးနှံဖြစ်ပါသည်။ နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေနှင့် ကိုင်းကျွန်းမြေများတွင် ကောင်းစွာဖြစ်ထွန်းပါသည်။ မိုးဦးစိုက် ပင်ထောင်/ပင်ပြန့်စိုက်ဒေသများတွင် မေလဆန်းမှ ဇွန်လ၊ ပထမအပတ်အတွင်း၊ မိုးနှောင်း သီးထပ်စိုက်ဒေသများတွင် စက်တင်ဘာလဆန်းမှ အောက်တိုဘာလ၊ ပထမအပတ်အတွင်း ကိုင်းကျွန်းစိုက်ဒေသများတွင် အောက်တိုဘာလမှ နိုဝင်ဘာလ၊ ပထမပတ်အတွင်း၊ စပါးသီးထပ် ဆောင်းမြေပဲစိုက်ဒေသများတွင် နိုဝင်ဘာလမှ ဒီဇင်ဘာလ၊ တတိယအပတ်အတွင်း စိုက်ပျိုးကြပါသည်

၁။ ယခုနှစ် ဇူလိုင်လမှစတင်၍ နေ့စဉ်ရေနံစိမ်းစည်ပေါင်း ၁ သန်းအား ထပ်မံလျှော့ချ၍ ထုတ် လုပ်မည်ဟု ဆော်ဒီအာရေးဘီးယားနိုင်ငံက ပြောကြားခဲ့ပြီးနောက် ဇွန်လ ၅ ရက်၊ တနင်္လာနေ့ ဂရင်းနစ်စံတော်ချိန် ၀၆း၄၅ အချိန်ရှိ Brent ရေနံစိမ်းဈေးနှုန်းမှာ သောကြာနေ့ ဈေးကွက်ပိတ် သိမ်းချိန် ဈေးနှုန်းထက် တစ်စည်လျှင် ၁.၀၂ ဒေါ်လာ တစ်နည်းအားဖြင့် ၁.၃% မြင့်တက်လျက် ၇၇.၁၅ ဒေါ်လာသို့ရောက်ရှိခဲ့ပြီး အမေရိကန် West Texas Intermediate ရေနံစိမ်းဈေးနှုန်း သည်လည်း တစ်စည်လျှင် ၁.၀၂ ဒေါ်လာ (၁.၄%) မြင့် တက်လျက် ၇၂.၇
