ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးကြီးအတွင်းတွင် သီးနှံမျိုးစုံ အများဆုံး စိုက်ပျိုးထွက်ရှိသော ရေလယ်ကျွန်း၊ သံဇလုံ၊ ချင်တောင်၊ ချောင်းမကြီး၊ မယ်ဇလီကွေ့၊ တူရွင်းမျော၊ ဂွေးပင်ကျေးရွာများမှ အများဆုံးဝင်ရောက် ရောင်းချလျက်ရှိသည့်အပြင် ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါး၊ ရှမ်းပြည်နယ် အင်းလေးဒေသထွက် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ ဝင်ရောက်လျက်ရှိပြီး ဒေသခံပြည်သူများ ရောင်းဝယ်ဖောက်ကားရာ ဈေးဖြစ်ပါသည်။
ဆိပ်ဖြူမြို့ ကြက်သွန်နီဈေးကွက်သို့ မေလ(၂၁)ရက် မှ (၃၁)ရက်ထိ (စတုတ္ထ)ပတ်အတွင်း နေ့စဉ်ကုန်ချိန် ပိဿာ(၂)သောင်းခန့်၊ တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ(၂)သိန်းခန့် ကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
ပခုက္ကူမြေပဲဈေးကွက်၌ ၂၀၂၃ခုနှစ် မေလ(စတုတ္ထ)ပတ်တွင် မြေပဲဈေးများမှာ ဈေးတက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ယခုတစ်ပတ်တွင် ဗန်းမော်၊ ကသာမြို့နယ်များမှ (၃)လမြေပဲများ အနည်းငယ် ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အနေဖြင့် မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။ (၃)လမြေပဲဆံများမှာ တစ်ပိဿာလျှင် ကျပ်(၆၈၀၀ မှ ၇၂၀၀)ထိ ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ (၃)လမြေပဲများကို မျိုးဆံများအဖြစ် ပြန်လည်ရောင်းချပြီး ရေဦး၊ မြိုင်မြို့နယ်ဘက်မှ ဝယ်ယူကြောင်း သိရှိရသည်။ မြေပဲဆီဆံ တစ်ပိဿာလျှင် (
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၂၄-၅-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၈၅၀၀၀မှ ၃၀၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၃၀-၅-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၀၀၀၀မှ ၂၉၅၀၀၀)ရှိခဲ့၍ ကျပ်(၅၀၀၀)ဈေးလျော့ခဲ့ပြီး (၉၀၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
၂၀၂၃ ခုနှစ် မေလ စတုတ္ထအပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၄၃၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၄၁၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၆၄၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၂၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၉၀၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း)