
ယခုမတ်လလည်ခန့်တွင် ပြည်ဈေးကွက်၌ ရေသွင်းစိုက်ပျိုးလျက်ရှိသော သံပုရာသီးများ ဈေးကောင်းရလျက်ရှိနေပြီး အရောင်းအဝယ်မှာလည်း အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ ပြည်မြို့ပေါ်ဈေးကွက်များသို့ မှော်ဇာ၊ ဇီးကုန်း၊ နတ္တလင်းနှင့် ရွှေတောင်မြို့နယ်ရှိ ရွာဘက်များမှ အဝင်ရှိနေပြီး (၃)ရက်ခြားတစ်ခါ အလုံးရေ (၁၀၀၀-၁၅၀၀)ခန့်ဝင်ကာ မိုးတွင်းစိုက် သံပုရာသီးများကဲ့သို့ အလုံးချောပြီးအရည်ရွှန်းကာ ပစ္စည်းလက်ကျန်မရှိ အရောင်းအဝယ်ဖြစ်နေပါ သည်။ ယခုမြို့ပေါ်ဈေးကွက်များအတွင်း သံပုရာသီးတစ်လုံးလျှင် ကျပ်(၃၀၀-၃၅၀)ခန့်ရှိပြီး ယခင် ပေါများချိန်တွင် (၁၀၀-၁၅၀)ခန့်သာရှိ၍ ယခုကာလတွင် သံပုရာသီးများဈေးကောင်းရလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)