
ဂေါ်ဖီထုပ်သည် ဟင်းသီးဟင်းရွက်အုပ်စုတွင် အပါအဝင်ဖြစ်ပြီး စားသုံးသူများကြိုက်နှစ် သက်သည့် ဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ ဂေါ်ဖီထုပ်ကို လူအများစုက ဟင်းချိုချက်ခြင်း၊ အသား တစ်မျိုးမျိုးဖြင့် အစိမ်းကြော်၍စားသုံးခြင်း၊ အသုပ်ထဲထည့်၍စားသုံးခြင်း၊ အကြော်စုံများနှင့်တွဲဖက် စားသုံးခြင်းနှင့် တို့စရာအဖြစ်စားသုံးခြင်းဖြင့် အမျိုးမျိုးစားသုံးကြပါသည်။ ဂေါ်ဖီထုပ်သည် ရာသီပေါ် အစားအစာမဟုတ်ပဲ တစ်နှစ်ပတ်လုံးဝယ်ယူစားသုံး၍ရရှိသော သီးနှံတစ်မျိုးဖြစ်ပါသည်။
ဂေါ်ဖီထုပ်ကို ပြည်ခရိုင်အတွင်းရှိ ရွှေတောင်မြို့နယ်၊ ကျီးသဲရွာနှင့် မြို့မကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ စိုက်ပျိုးထွက်ရှိလာသော ဂေါ်ဖီထုပ်များကို ပြည်မြို့အတွင်း ဈေးကွက် များသို့ တင်ပို့ရောင်းချကြသလို ရန်ကုန်မြို့သို့လည်း နေ့စဉ်တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။
ပြည်မြို့အတွင်းရှိဈေးကွက်များတွင် ဂေါ်ဖီထုပ်ရောင်းချသော ဈေးနှုန်းများမှာ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၁၀၀၀-၁၅၀၀)ကျပ်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)