ကုန်သွယ်မှုသတင်းများ
ကြက်သွန်နီ ကုန်စည်ဒိုင်တွင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြို နှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်စိုက်များ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် အခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့တောင်သာနယ်၊ ညောင်ဦးနယ်တို့မှ ဆောင်းစိုက် (ပင်စိုက်)ကြက်သွန်နီများအပြင် ကြက်သွန်ဖြူများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသမှ စိုက်ပျိုးထွက်ရှိသော ပဲစဉ်းငုံနီ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲယင်း၊ စွန်တာနီ၊ ပဲလွန်းပြာနှင့် အခြားပဲမျိုးစုံများ အရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ် မေလ (စတုတ္ထ)ပတ်၏ ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် (၈၄၀၀၀-၈၅၀၀၀-၈၅၃၀၀)ကျပ်၊ ကုလားပဲဝါ လုံးကြီး (929) တစ်တင်းလျှင် (၇၇၁၀၀-၇၈၅၀၀)ကျပ်၊ ကုလားပဲဖြူလုံး (V2/V6) တစ်တင်းလျှင် (၇၉၀၀၀) ကျပ်၊ ပဲတီစိမ်းကြီးမှာ အရည်အသွေးပေါ်မူတည်ပြီး တစ်တင်းလျှင် (၄၅၀၀၀-၆၆၀၀၀)ကျပ်၊ ပဲဇီးကွက် တစ်တင်းလျှင် (၄၂၀၀၀-၄၂
ဆီးပင်သည် ပူအိုက်စွတ်စိုသောဒေသများတွင် အလေ့ကျပေါက်ရောက်သော အပင်မျိုးဖြစ်သည်နှင့်အညီ ပူပြင်းသောရာသီဥတုရှိသည့် ပခုက္ကူဒေသတွင်လည်း ယာမြေများဘေး၌ အများအပြား ပေါက်ရောက်လျက်ရှိပါသည်။ အလေ့ကျပေါက်ရောက်သော အပင်မျိုးဖြစ်သော်လည်း ပင်စည်မှစ၍ အသီး၊ အသီးဖတ်များနှင့် အဆံအထိ အသုံးဝင်သော အပင်မျိုးဖြစ်သည်။
ပခုက္ကူမြို့ပေါ်တွင် ၂၀၂၃ခုနှစ် မေလဒုတိယ(၂)ပတ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းများမှာ Decogen (၁၀)လုံးပါ(၁)ကဒ်လျှင် ၁၀၀၀ ကျပ်၊ Cevit အလုံး(၁၀၀)ပါ (၁)ဘူးလျှင် ၁၉၀၀ ကျပ်၊ Paracetamol (၁၀)လုံးပါ(၁)ကဒ်လျှင် ၃၀၀ ကျပ်၊ Biogesic (၁၀)လုံးပါ(၁)ကဒ်လျှင် ၈၀၀ ကျပ်၊ Amoxacillin (၁၀)လုံးပါ(၁)ကဒ်လျှင် ၄၅၀ ကျပ်၊ Enervon-C (၄)လုံးပါ(၁)ကဒ်လျှင် ၁၃၅၀ ကျပ်၊ Bermeton အလုံး(၁၀၀)ပါ(၁)ဘူးလျှင် ၁၉၀၀ ကျပ်၊ Cetrine (၁၀)လုံးပါ(၁)ကဒ်လျှင် ၁၉၀ ကျပ်၊ ဓာတ်ဆား MPF (၁)ထုပ်လျ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ၂၀၂၃ ခုနှစ်၊ မေလ (စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ ပဲဆုံဆီ လက်ကား တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ နှမ်းဆီ လက်ကား တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၁၂၅၀၀)ကျပ်၊ နှမ်းရောဆီ လက်ကား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ စားအုန်းဆီ လက်ကား တစ်ပိဿာလျှင် (၆၃၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၆၆၀၀)ကျပ်၊ နေကြာဆီ လက်ကား တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊