အုတ်ဖိုမြို့နယ်၌ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာမြို့နယ်တာဝန်ခံရုံးတွင် ၂၂.၃.၂၀၂၅ ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် အုတ်ဖိုမြို့နယ်တာဝန်ခံနှင့်ဆီလုပ်ငန်းရှင် များတွေ့ဆုံဆွေးနွေးမှုဆောင်ရွက်ခဲ့ပါသည်။

               ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဆီလုပ်ငန်းရှင်အသင်းဥက္ကဌမှ မိမိတို့မြို့နယ်၏ နေ့စဉ်ကုမ္ပဏီ အလိုက်ဆီခွဲတန်းရရှိမှု၊ စားသုံးသူပြည်သူများသို့ ဖြန့်ဝေရောင်းချမှုနှင့် ရောင်းချမှုဈေးနှုန်းများ ကျေးရွာရပ်ကွက်အိမ်ထောင်စုများအလိုက် စားအုန်းဆီရောင်းချပေးမှု အခြေအနေများအား စာရင်းဇယားများနှင့် အတူ ရှင်းလင်းပြောကြားခဲ့ပါသည်။

               မြို့နယ်တာဝန်ခံဦးအေးဇော်ထိုက်မှ မြို့နယ်အတွင်း စက်မှုလုပ်ငန်းသုံး ဆီလျှောက်ထားမှုအခြေအနေ အရန်ဆီဖြန့်ဖြူးရောင်းချပေးမှု အခြေအနေများ ရှင်းလင်းပြောကြားပြီး ဆီကုန်သည်ကြီး များအားယခင်အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ သတ်မှတ်ထားသောရက်အလိုက်၊ သတ်မှတ်ထားသောဈေးနှုန်းအတိုင်း ရောင်းချကြရန် အလေးချိန်မှန်ကန်စွာ ရောင်းချကြရန် စားသုံးသူစိတ်ကျေနပ်မှု ရှိအောင်အလေးထားဆောင်ရွက်ကြရန် မှာကြားပြီးတွေ့ဆုံပွဲအား (၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းကာ ဆီလုပ်ငန်းရှင်အသင်းနှင့် အတူ ဈေးကွက်အတွင်းရောင်းဝယ်နေသော ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)