ကုန်သွယ်မှုသတင်းများ

Powered by Drupal
07 Apr 2023

      ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ၂၀၂၃ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့မှ ဧပြီလ (၄) ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝေါ ၊ ကသာ မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၈၀၀၀ ၊ အလုံးလတ် ကျပ် ၅၀၀၀ ၊ အလုံးသေး ကျပ် ၃၀၀၀ ၊ ဝမ်းတွင်း ၊ ကသာ မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၆၀၀၀ ၊ အလုံးလတ် ကျပ် ၃၀၀၀၊ အလုံးသေး ကျပ်  ၂၀၀၀၊ ပြင်ဦးလွင်မှ ဗောက်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၃၀၀၀၊ အလုံးလတ် ကျပ် ၂၀၀၀၊ မြစ်သား မှ ပဲမြစ် တစ်ပိဿာ အလုံးကြီး ကျပ် ၂၃၀၀၊ အလုံးလတ် ကျပ် ၂၀၀၀၊

07 Apr 2023

          ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုအောက်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ စားသုံးသူပြည်သူများသို့ နေ့စဉ် ကြက်/ဘဲများကို လက်လီ/လက်ကား ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

07 Apr 2023

        ကန့်ဘလူခရိုင်အတွင်း နတ်ပေးကျေးရွာတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားကြသော ဆူးပုပ်ရွက်ကို မိမိတို့ဒေသတွင် သာမက ဒေသတိုင်းတွင် လူကြိုက်များပြီး အစားများကြသော အရွက်တစ်မျိုးဖြစ်ပါသည်၊ ဆူးပုပ်ရွက်ကို အစည်းလိုက်ချက်၍သော်လည်းကောင်း ကန်ဇွန်းရွက် ဂွေးတောက်ရွက်၊ ကြက်ဥ တို့ဖြင့် ကြော်စား/ချက်စား၍သော်လည်းကောင်း ပဲဟင်းချို/ ဟင်းချိုဟင်း များတွင်လည်း ခတ်စားကြပြီး ပိတ်စွယ် ၊ ခရမ်းသီးခြောက် စသည်တို့နှင့်လည်းရောနှော ချက်စား ကြပါသည်။ ဆူးပုပ်ရွက်ဈေးမှာ မတ်လ ပထမအပတ်တွင် ဆူးပုပ်အစည်း (၁)

07 Apr 2023

         စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ လယ်လှကျေးရွာတွင် တစ်ပိုင် တစ်နိုင်  အနေဖြင့် လည်းကောင်း ၊ အပိုဝင်ငွေရရှိရန်အတွက် လည်းကောင်း ကွမ်းကို စိုက်ပျိုးကြကြောင်း ၊ ကွမ်းကို စိုက်ပျိုးရာတွင် ဆောင်းရာသီစိုက်နှင့် မိုးရာသီစိုက်ဟူ၍ နှစ်မျိုးခွဲစိုက်ပျိုးကြပြီး မိုးရာသီစိုက်သည် ပိုးကျပျက်စီးလွယ်သည့်အတွက် အစိုက်နည်းပြီး ဆောင်ရာသီကိုသာ ပိုမိုစိုက်ပျိုးကြကြောင်းသိရှိရပါသည်။

07 Apr 2023

             မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ ခုနှစ် ဧပြီလ ပထမပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများ ဈေးတည်ငြိမ်လျက်ရှိပါကြောင်းသိရပါသည်။

Pages