ကန့်ဘလူမြို့နယ်၌ ရာသီစာထောပတ်ပဲများ အရောင်းအဝယ်သွက်

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

             ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ထောပတ်ပဲများကို စိုက်ပျိုးကြကြောင်း၊ ထောပတ်ပဲအစိုများကို ကန့်ဘလူမြို့မ ဈေးတွင်ရောင်းချကြောင်း၊ ဖေဖေါ်ဝါရီလ စတုတ္ထပတ်အတွင်း ထောပတ်ပဲစို(၁)ပြည်လျှင် ၅၉၀၀ ကျပ်၊ ထောပတ်ပဲနို့ဆီဗူး(၂)ဗူးလျှင် ၁၅၀၀ကျပ်နှင့် ထောပတ်ပဲနို့ဆီဗူး(၁)ဗူးလျှင် ၈၀၀ကျပ် ဖြင့်ရောင်းချကြောင်း၊ ထောပတ်ပဲအစိုများ အဝင်နည်းလာသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)