ကုန်သွယ်မှုသတင်းများ
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီနှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
၇.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
သီဟိုဠ်ကို မြန်မာနိုင်ငံအောက်ပိုင်းဒေသတွင်အဓိကထား စိုက်ပျိုးလျက်ရှိပြီး သီဟိုဠ်သီး ရှိ အစေ့ကို ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြသည်။ ယခင်က အရိပ်ရအပင်အဖြစ် စိုက်ပျိုးခဲ့ကြသော သီဟိုဠ်ပင်ကို ယခုအချိန်တွင် သီဟိုဠ်စေ့ကို အဓိကထုတ်ကုန်အနေဖြင့် စိုက်ပျိုးလာခဲ့ကြသည်။ သီဟိုဠ်စေ့သည် ဗီတာမင်နှင့် သတ္တုဓါတ်များပါဝင်ပြီး ကုန်ကြမ်းအဖြစ် သီဟိုစေ့ကို ကုန်ချော (စားသုံးရန်)အဆင့်ရရှိစေရန် အဆင့်ဆင့်ပြုလုပ်ရကြောင်း သိရှိရပါသည်။
အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၃ခုနှစ်၊ မတ်လ(၂၉)ရက်နေ့မှ ဧပြီလ (၄)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချလျက်ရှိပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိ
