
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မှု နည်းပါးခြင်းကြောင့် ဒေသတွင်းစားသုံးမှုမလုံလောက်၍ ကြက်ဥကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့မှ မှာယူ၍ ရောင်းချလျက်ရှိကြောင်း သိရသည်။
ဈေးနှုန်းများအနေဖြင့်၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် ကြက်ဥအကြီးအသေး မူတည်၍ ကြက်ဥ(၁၀)လျှင် ကျပ်(၅၂၀၀)၊ တစ်ပိဿာလျှင် ကျပ်(၁၀၄၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ယခင်ဇန်နဝါရီလ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ကြက်ဥသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရပြည့်ဝသော အစားအစာ တစ်မျိုးဖြစ်၍ စားသုံးပြည်သူများအနေဖြင့် လူတန်းစားမရွေး ဝယ်ယူစားသုံးနိုင်ပြီး အလွယ်တကူ စားသုံးရသော အစားအစာတစ်မျိုးဖြစ်၍ အရောင်းအဝယ်သွက်ကြောင်း ကြက်ဥရောင်းဝယ်ရေး လုပ်ငန်း ရှင်ထံမှ သိရှိရပါသည်။
DOCA(မကွေး)