ပခုက္ကူမြို့ပေါ်တွင် မြေပဲဆုံဆီလုပ်ငန်းများ တွင်ကျယ်စွာ ကြိတ်ခွဲထုတ်လုပ်ရောင်းချလျက်ရှိ

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်တွင်းဆီစက်လုပ်ငန်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်နှင့်  ပြည်တွင်းတပိုင်တနိုင် ဆုံဆီလုပ်ငန်းများ ထုတ်လုပ်ရောင်းချမှု အခြေအနေ အား သိရှိနိုင်ရန် ရည်ရွယ်၍ (၂၄.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ မြေပဲဆုံဆီလုပ်ငန်းများ၏ ကြိတ်ခွဲထုတ်လုပ်မှု၊ ဈေးနှုန်း/ ဈေးကွက်အခြေအနေအား သိရှိနိုင်ရန် သွား ရောက်မေးမြန်းလေ့လာခဲ့ပါသည်။

          ပခုက္ကူမြို့ပေါ်ရှိ   မြေပဲဆုံဆီလုပ်ငန်းများသည် ယခင်နှစ်ကထက် ယခုနှစ်တွင်ပို၍တွင်ကျယ်စွာ ကြိတ်ခွဲရကြောင်း၊ အပြင်မှ မြေပဲဆံဝယ်၍ လာရောက်ကြိတ်ခွဲသလို ဆုံကြိတ်သည့်အိမ်မှာတင် မြေပဲဆံဝယ်၍  တစ်ခါတည်း ကြိတ်ခွဲသည်လည်းရှိကြောင်း၊ ဆုံကြိတ်သည့်အိမ်များသည် မြေပဲဆံအပ် နှံသည်ကို နဝလီ ကြိတ်သလို ဆုံဆီကိုလည်း အလွတ်ရောင်းချကြောင်း၊ မြေပဲလုံးဆန်ကို တစ်ပိဿာ လျှင် ကျပ်(၉၀၀၀-၉၂၀၀)ဖြင့် မြို့ပေါ်ရှိပွဲရုံများမှ ဝယ်ယူရပြီး မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၇၀၀၀- ၁၈၀၀၀)ဖြင့် ရောင်းချ၍ ပဲဖတ်တစ်ပိဿာကို ကျပ်(၅၉၅၀-၅၈၀၀)ဖြင့် အိမ်တိုင်လာရောက်ဝယ်ယူ ကြကြောင်း သိရသည်။ လျှပ်စစ်မီးလာသည့်အချိန်ပေါ်တွင် မူတည်၍ကြိတ်ခွဲရပြီး  တစ်ရက်လျှင် (၂/၃) ဆုံသာ လည်ပတ်နိုင်ကြောင်း၊ ကြာချိန်အနေဖြင့် (၁)ဆုံလျှင် (၁)နာရီ မှ (၁:၃၀)ခန့်ကြာပြီး   ကြိတ်ခွဲခ အနေဖြင့် (၅)ပိဿာ(၁)ဆုံလျှင် ကျပ်(၂၀၀၀)ပေးရကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူမြို့ပေါ်နှင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မိုးကုတ်၊ မုံရွာ မြို့များသို့ တင်ပို့ရောင်းချရကြောင်း သိရှိရပါသည်။

DOCA(မကွေး)