
ပြည်မြို့နယ်အတွင်းရောင်းချနေသော ပြောင်းဖူးများကို ပုတီးကုန်း၊ သဲကုန်းမြို့နယ်များမှ ရထား၊ ကားများဖြင့် တင်ပို့ရောင်းချကြသည်။ ပြည်မြို့နယ်ရှိမှော်ဇာကျေးရွာများ၌လည်း အများဆုံး စိုက်ပျိုး ရောင်းချနေကြောင်း သိရပါသည်။ ရန်ကုန်ဈေးကွက်သို့လည်း တင်ပို့ရောင်းချကြပါသည်။ ပြည်မြို့နယ်အတွင်းရှိဈေးကွက်များတွင် ပြောင်းဖူးစိမ်းတစ်ဖူးလျှင် အကြီးအသေးပေါ်မူတည်၍ (၇၀၀ကျပ် - ၈၀၀ကျပ် -၁၀၀၀ကျပ်)ဖြင့် ရောင်းချကြပါသည်။ ရန်ကုန်-ပြည်-ရထားလမ်း၊ ကားလမ်း တစ်လျှောက်တွင်လည်း ပြောင်းဖူးအပြုတ်၊ ပြောင်းဖူးဖုတ်တစ်ဖူးလျှင် (၈၀၀ကျပ်-၁၀၀၀ကျပ်) ဖြင့်ရောင်းချကြောင်း သိရပါသည်။
DOCA(ပဲခူး)