ဆေးဖက်ဝင်စောင်းလျားသီး

Powered by Drupal

          ပြည်အနီးအနားတွင်စောင်းလျားပင်များအများအပြားတွေ့ရှိရပါသည်။ စောင်းလျားပင်တွင် အချိုသီးနှင့် အချဉ်သီးဟူ၍နှစ်မျိုးရှိပါသည်။ စောင်းလျားသီးသည် ဆေးဖက်ဝင်သောသီးနှံတစ်မျိုး ဖြစ်ပြီး ဗီတာမင်‌အေ၊ သတ္ထုဓာတ်တို့များစွာပါဝင်ပါသည်။ စောင်းလျားသီးကို သကြားနှင့် စားပေး ခြင်းဖြင့် အစာမကြေဖြစ်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းမှ ကင်းဝေးစေပါသည်။ ဟင်းချက်၍လည်း စားသုံးနိုင်ပြီး ငါးပြေမနှင့်ချက်၍စားသုံးလျှင် ကျောက်ကပ်တွင် ကျောက်တည်ခြင်းကို သက်သာစေ ပါသည်။ စောင်းလျားသီးအချိုသီးကို ယိုထိုး၍စားသုံးနိုင်ပြီး အစိမ်းသီးကို လက်ဖက်သားနှင့်နယ်၍ ချဉ်ငံစပ်စားသုံးနိုင်ပါသည်။ ကြယ်ပုံသဏ္ဍန်ရှိသော စောင်းလျားသီးကို စားသုံးပေးခြင်းဖြင့် ကျန်းမာ ရေး နှင့် သင့်တော်ပြီး အသားအရည်ကိုလည်း စိုပြေစေပါသည်။

DOCA(ပဲခူး)