
တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာရှိ ဒေါ်ဝင်းဌေး၏ တံမြက်စည်းလုပ်ငန်း သည် အောင်မြင်နေသော အသေးစားလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကိုင်းတံမြက်စည်းပင်ကို ဝါးလက် ကိုင်ရိုးတပ်၍ ပြုလုပ်ရောင်းချခြင်းဖြစ်ပါသည်။ ကိုင်းတံမြက်စည်းများသည် ပဲခူးရိုးမ တောင်တန်း တောင်စောင်းများတွင် ပေါက်ရောက်သည်။
ကိုင်းတံမြက်စည်းပင်ကို ဇန်နဝါရီလမှ မတ်လအတွင်း ဝယ်ယူစုဆောင်းထားရပါသည်။ မတ်လနောက်ပိုင်းတွင် အပွင့်များပွင့်၍ တံမြက်စည်းပြုလုပ်ရန် မကောင်းတော့သဖြင့် တစ်နှစ်စာ အတွက် ဝယ်ယူစုဆောင်းထားခြင်း ဖြစ်ပါသည်။ ကိုင်းတံမြက်စည်း တစ်ပိဿာလျှင် ၃၀၀၀ ကျပ် ဈေးဖြင့် ဝယ်ယူရပါသည်။ အရင်းအနှီးစိုက်ထုတ်ဝယ်ယူထားပြီး ခြောက်သွေ့အောင်နေပူ လှန်း၍ သိုလှောင်ထားပါက လုပ်ငန်းမပျက် လုပ်ကိုင်ရောင်းချမှု အဆင်ပြေပါသည်။
တံမြက်စည်းတစ်ချောင်းဖြစ်ရန်အတွက် အလုပ်သမား (၅)ဦးဖြင့် အဆင့်ဆင့်ပြုလုပ်ရပါ သည်။ တစ်ရက်လျှင် တံမြက်စည်းအချောင်း ၁၀၀ ထုတ်လုပ်နိုင်ကြောင်း သိရပါသည်။ သြဂုတ်လ ဒုတိယအပတ်တွင် ဖောက်သည်ဈေးအနေဖြင့် တံမြက်စည်း ၁၀ ချောင်းပါ တစ်စည်းလျှင် ၁၃၀၀၀ ကျပ်ဖြင့် ဖြူးမြို့နယ်အတွင်းရှိ ဈေးများသို့ ဖြန့်ဖြူးရောင်းချသည့်အပြင် ကရင်ပြည်နယ် ဘားအံမြို့ နှင့် မြဝတီမြို့များသို့လည်း တင်ပို့ရောင်းချကြောင်း သိရပါသည်။
DOCA(ပဲခူး)