ပြည်ပကုန်သွယ်မှုသတင်းများ
ယခုနှစ်တွင် တရုတ်နိုင်ငံမှ လျှပ်စစ်ကားထုတ်လုပ်သူများသည် ထိုင်းနိုင်ငံ၌ ၎င်းတို့၏ထုတ်လုပ်မှုများကို တိုးမြှင့်သွားမည်ဟုသိရပါသည်။ ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ ပြောကြားချက်အရ တရုတ်နိုင်ငံမှ ကားထုတ်လုပ်သူများသည် ယခုနှစ် တတိယသုံးလပတ်တာကာလမှစတင်၍ ထိုင်းနိုင်ငံ၌ ထုတ်လုပ်မှုများကိုစတင်သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံကလိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ BYD နှင့် GAC Aion တို့သည် ယခုနှစ်၏ တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်တို့တွင် လျှပ်စစ်ကားထုတ်လုပ်သွားမည်ဖြစ်ပြီး Changan မှာ ၂၀၂ခုနှစ်၊ အစောပိုင်းကာလတွင် ပြည်တွင်း၌ ထုတ်

ရောဘတ်စတာကော်ဖီ၏ နိုင်ငံတကာစျေးနှုန်းများသည် ရာသီဥတုမသာယာခြင်း၊ အာရှတွင် စားသုံးမှုတိုးလာခြင်းနှင့် တရုတ်နိုင်ငံတွင် ဒူးရင်းသီးများကို လူကြိုက်များခြင်းတို့ကြောင့် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။
ဗီယက်နမ်နိုင်ငံသည် ကော်ဖီစေ့ထုတ်လုပ်မှုတွင်လည်းကောင်း၊ Robusta ကော်ဖီထုတ်လုပ်ရာတွင်လည်းကောင်း ကမ္ဘာ့အဆင့် (၂) နေရာတွင်တည်ရှိသည်။ သို့သော် ဗီယက်နမ်နိုင်ငံအတွင်းရှိ လယ်သမားများသည် ဆူးသောအသွင်အပြင်၊ ချိုသောအရသာနှင့် စူးရှသောအနံ့တို့ကြောင့် လူသိများသော ဒူးရင်းသီးကိုသာ အစားထိုးပြောင်းလဲ၍စိုက်ပျိုးလာကြသည်။

ဂျပန်နိုင်ငံ Nippon Steel ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌဖြစ်သူ Takahiro Mori သည် ကုမ္ပဏီ၏ အမေရိကန်သံမဏိဝယ်ယူမှုအတွက် အဓိကညှိနှိုင်းသူဖြစ်ပြီး သဘောတူညီချက်ကိုအပြီးသတ်ရန် ဆက်လက်ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် သက်ဆိုင်သူများနှင့်တွေ့ဆုံရန် လာမည့်သီတင်းပတ်တွင် အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

Elon Musk နှင့် အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီး Budi Gunadi Sadiki တို့သည် နိုင်ငံ၏ကျန်မာရေးကဏ္ဍအတွက် SpaceX ၏ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကို တနင်္ဂနွေနေ့၊ မေလ ၁၉ရက်နေ့တွင် စတင်ခဲ့ပြီး ကျယ်ပြောလှသော ကျွန်းစုများ၏ ဝေးလံခေါင်သီသောနေရာများတွင်ပါ အင်တာနက်ရရှိနိုင်ရန်ရည်ရွယ်၍ စတင်ခဲ့သည်။ SpaceX နှင့် Telsa ၏ ဘီလီယံနာသူဌေးကြီး Musk သည် အင်ဒိုနီးရှားနိုင်ငံ၏ အပန်းဖြေကျွန်းဖြစ်သော ဘာလီကျွန်းသို့ ရောက်ရှိလာခဲ့ပြီး မြို့တော် Denpasarရှိ ရပ်ရွာကျန်းမာရေးစင်တာတွင် လွှင့်တင်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ “ချိတ်ဆက်မှုအားနည်းသော နေရာများကို အင်တာနက်ချိတ်ဆက်မှုရရှိစေရန် ၎င်းအန

မြန်မာတရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတန်ဖိုးသည် ဧပြီလ၁ရက်နေ့မှစတင်၍ လက်ရှိဘဏ္ဍရေးနှစ် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ရက်နေ့အထိ အမေရိကန်ဒေါ်လာ၂၈၀.၄၄သန်းသို့ကျဆင်းခဲ့ပြီး ယမန်နှစ် အလားတူကာလတွင် မှတ်တမ်းတင်ထားသော ကန်ဒေါ်လာ၄၀၇.၇သန်းရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းဇယားများတွင်ဖော်ပြထားသည်။
ကိန်းဂဏန်းများသည် ယမန်နှစ်ကာလနှင့်နှိုင်းယှဥ်ပါက ယခုနှစ်လဏ္ဍရေးနှစ်တွင် ၁၂၇.၂၈သန်းထိ သိသိသာသာကျဆင်းသွားကြောင်းတွေ့ရသည်။

ဥရောပမှလယ်ယာထွက်ကုန်ပစ္စည်းများအား တရုတ်စျေးကွက်အတွင်းသို့ ပိုမိုတင်သွင်းဝင်ရောက်နိုင်ရန်ခွင့်ပြုထားကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးမှူးက ဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့ပါသည်။
နယ်သာလန်မှ ဝက်သား၊ ဆားဘီးယားမှ ဆီးသီး၊ ဘလူးဘယ်ရီသီးများနှင့် ဟန်ဂေရီမှ လတ်ဆတ်သောချယ်ရီသီးများကို နိုင်ငံ၏ကျန်းမာရေးလိုအပ်ချက်များနှင့် ကိုက်ညီသည့်အခြေအနေဖြင့် တရုတ်နိုင်ငံသို့တင်ပို့ခွင့်ပြုထားကြောင်း အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားကြွေးမြီးသည် ယမန်နှစ်ကသုံးလပတ်တွင်ရရှိခဲ့သော ဒေါ်လာ၄၀၈.၅ ဘီလီယံနှင့်နှိုင်းယှဥ်ပါက ယခုနှစ်ပထမလပတ်တွင် အမေရိကန်ဒေါ်လာ ၄၀၃.၉ ဘီလီယံသို့ ကျဆင်းသွားကြောင်းအင်ဒိုနီးရှားနိုင်ငံ၏ဗဟိုဘဏ်မှ ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်ကြေညာခဲ့ပါသည်။
အစိုးရ၏နိုင်ငံခြားကြွေးမြီးသည် ယခင်သုံးလပတ်တွင်ဒေါ်လာ(၁၉၆.၆)ဘီလီယံ ယခုနှစ်ပထမလပတ်တွင် ဒေါ်လာ (၁၉၂.၂) ဘီလီယံသို့ကျဆင်းသွားခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်မှ ဧည့်မထ (၂၅%) ဆန် တန်ချိန် (၁၅၀၀)၊ အိတ်ရေအားဖြင့် ဆန်အိတ်(၃၀၀၀၀)ကို ပြည်ပသို့တင်ပို့ရန်အတွက် ဟင်္သာတဆိပ်ကမ်းမှ သင်္ဘောတင်ခြင်းလုပ်ငန်းကို (၁၃-၅-၂၀၂၄) ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့တင်ပို့ခြင်းကို ဧရာဟင်္သာကုမ္ပဏီက ဆောင်ရွက်ခြင်းဖြစ်ပြီး ဟင်္သာတမြို့ပေါ်ရှိဆန်စက်များမှ ဧည့်မထ(၂၅%) ဆန်တစ်အိတ်လျှင် ၇၅၀၀၀ကျပ်ဖြင့်ဝယ်ယူပြီး အာဖရိကတိုက်ရှိ အိုင်ဗရီကိုစ့်နိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်းသိရှိရပါသည်။

ထိုင်နိုင်ငံ၏ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai သည် ထိုင်းကိုယ်စားလှယ်အဖွဲ့အားတိုကျိုမြို့ရှိ Imperial Hotel တွင် မကြာသေးမှီကဦးဆောင်ခဲ့ပြီး ဂျပန်-ထိုင်း ကုန်သွယ်ရေးနှင့်စီးပွားရေးကော်မတီဥကဠ Suzuki Jun နှင့် ဂျပန်စီးပွားရေးအဖွဲ့ချုပ်(Keidanren) တို့မှ အမှုဆောင်အရာရှိများနှင့် မဟာဗျူဟာမြောက် ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

မလေးရှားနိုင်ငံ၏ သဘာဝရော်ဘာထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ၂၉၆၉၁ တန်ရှိရာမှ ၉.၂% ကျဆင်းလျက် မတ်လတွင် ၂၆၉၆၆ တန်သာ ထုတ်လုပ်နိုင်ခဲ့သည်ဟု မလေးရှား စာရင်းအင်းဦးစီးဌာန (DOSM) ၏ ၁၃-၅-၂၀၂၄ နေ့၌ ထုတ်ပြန်သည့် အချက်အလက်များအရ သိရှိ ရကြောင်း မလေးရှားနိုင်ငံ အခြေစိုက် သဘာဝရော်ဘာ ထုတ်လုပ်သည့်နိုင်ငံများအသင်း (The Association of Natural Rubber Producing Countries - ANRPC) က ဖော်ပြပါသည်။

ကမ္ဘာပေါ်တွင်အရေးပါသော တစ်ပိုင်းလျှပ်ကူးကဏ္ဍကိုအရှိန်မြှင့်တင်ရန်အတွက် တောင်ကိုရီးယားနိုင်ငံသည်Chip လုပ်ငန်းနယ်ပယ်ကို အမေရိကန်ဒေါ်လာ၇ ဘီလီယံကျော် ထောက်ပံ့မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနကမေလ ၁၂ ရက်နေ့ကပြောကြားခဲ့ပါသည်။ ဤခြေလှမ်းသည် လွန်ခဲ့သည့်နှစ်က ကမ္ဘာလုံးဆိုင်ရာစျေးကွက်ကိုပိုမိုထိုးဖောက်မည့် ကမ္ဘာ့အကြီးမားဆုံး Memory Chip ထုတ်လုပ်သည့် Samsung Electronic မှအဓိကရင်းနှီးမြှပ်နှံမည့် အမေရိကန်ဒေါ်လာ (၂၄၀)ဘီလီယံတန်ဖိုးရှိသည့် ကမ္ဘာ့အကြီးမားဆုံး Chip Center တည်ဆောက်ရန်အတွက် အစိုးရ၏ ကတိပြုမှုကြောင့်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး၏ ၁၂-၅-၂၀၂၄ရက်နေ့ကထုတ်ပြန

ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သည့် အိန္ဒိယ၏ ဆန်များအပေါ် ဝယ်လိုအား ထိုင်းမှိုင်းနေပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိသော်လည်း ထိုင်းနိုင်ငံ၏ ဆန်ပို့ကုန်ဈေးနှုန်းများသည် ရောင်းလိုအား နည်းပါးမှုနှင့် ဝယ်လိုအား ခိုင်မာအားကောင်းမှုအရ ယခုသီတင်းပတ်၌ ၃ လအတွင်း အမြင့်ဆုံး ဈေးနှုန်းသို့ ရောက်ရှိလာကြောင်း Bangkok Post သတင်းဌာနက ၁၆-၅-၂၀၂၄ နေ့တွင် ဖော်ပြ ပါသည်။
