ပြည်ပကုန်သွယ်မှုသတင်းများ
၂၀၂၄ခုနှစ် ပထမသုံးလပတ်၌ ထိုင်းနိုင်ငံ၏ လတ်ဆတ်သော သရက်သီးတင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဘတ် ၁.၆ သန်းခန့်အထိ ၁၃၀% မြင့်တက်လာခဲ့ကြောင်း၊ အလားတူကာလအတွင်း၌ပင် ကောက်ညှင်းဆန်တင်ပို့မှုသည် ဘတ် ၁ သန်းခန့်အထိ ၁၃ % မြင့် တက်ခဲ့ကြောင်း သိရှိရသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ပြည်တွင်း ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှုမှာ စံချိန်တင်ထွက်ရှိခဲ့ပြီး အအေးခန်းသိုလှောင်ရုံများ၌ ထားရှိနိုင်မည့်ပမာဏထက် ကုန်ဝင်ရောက်မှု ပိုလျှံနေသဖြင့် ကြက်သွန်နီ တင်သွင်းခွင့် တားမြစ်ပိတ်ပင်ထားခြင်းကို ဇူလိုင်လအထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနမှ အတွင်းဝန် Francisco Tiu Laurel Jr. က ၂၀-၅-၂၀၂၄ နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံ၊ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ကန်ထိုမြို့ (Can Tho) ရှိ ဆန်စပါးတင်ပို့မှုနှင့် စိုက်ပျိုးထုတ်လုပ်ရေး နည်းပညာကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆန္ဒရှိသည်ဟု အဆိုပါမြို့သို့ ရောက်ရှိနေသော အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ၂၀-၅-၂၀၂၄ နေ့တွင် မြူနီစီပယ်ပါတီကော်မတီ အတွင်းရေးမှူး Nguyen Van Hieu နှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့ကြောင်း သိရှိရသည်။
အိန္ဒိယပြည်တွင်းဈေးကွက်တွင် ဝယ်လိုအားနှင့် ရောင်းလိုအားတို့ ညီမျှမှုမရှိပဲ လိုအပ်ချက် ဖြစ်ပေါ်မှုကြောင့် ပဲမျိုးစုံ ဈေးနှုန်းများသည် သီးနှံရာသီအသစ်၌ စိုက်ပျိုးထွက်ရှိမှုမှ ဈေးကွက်သို့ စတင်ဝင်ရောက်လာမည့် အောက်တိုဘာလအထိတိုင်အောင် ဆက်လက်မြင့်တက်ပြီး စားသောက် ကုန်ဈေးနှုန်းများ ဖောင်းပွမှုအပေါ် ဖိအားများသက်ရောက်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုလျက်ရှိကြသည်။
ဗီယက်နမ်နိုင်ငံ၏ ကျောက်မီးသွေးတင်ပို့မှုသည် ဧပြီလတွင် ၁၀၉၂၁၉တန်ရှိပြီး အမေရိကန်ဒေါ်လာ ၂၉ဒသမ ၄သန်းတန်ဖိုးရှိခဲ့ကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ပမာဏနှင့် တန်ဖိုးအဆတစ်ရာကျော်တိုးလာကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရသိရသည်။
အပူစွမ်းအင်အတွက် ဝယ်လိုအားတိုးမြင့်လာခြင်းကြောင့် နိုင်ငံအများအပြားတွင် ကျောက်မီးသွေးတင်သွင်းမှုအများဆုံးသောနိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး အမေရိကန်ဒေါ်လာ ၁၂.၄၃သန်းတန်ဖိုးရှိသော ကျောက်မီးသွေး ၅၃၄၀၄တန်ခန့်တင်သွင်းထားပြီးဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံ၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံမှုသည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်ဆက်ဆံရေးကို နက်ရှိုင်းစေမည့် နောက်ဆုံးလက္ခဏာဖြစ်သည်။
ရှီ၏ဖိတ်ကြားချက်အရ ပူတင်သည် ကြာသပတေးနေ့မှစတင်၍ တရုတ်နိုင်ငံသို့ နှစ်ရက်ကြာ နိုင်ငံတော်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆင့်သတ်မှတ်ချက်အပြောင်းအလဲများသည် အာရှမော်တော်ကားထုတ်လုပ်သူများအတွက် အဓိကတိုက်ပွဲဖြစ်လာသည်ဟု ဂျပန်အခြေစိုက် အွန်လိုင်းသတင်းမဂ္ဂဇင်းက မှတ်ချက်ပြုခဲ့သည်။
ကာလကြာရှည်စွာ တတိယနေရာသို့ရောက်ရှိခဲ့သော မလေးရှားနိုင်ငံ၏ ရောင်းအားကိန်းဂဏန်းများသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ သုံးလပတ်ဆက်တိုက် ထိုင်းနိုင်ငံ၏ ထိပ်ဆုံးမှရပ်တည်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Amazon သည် cloud ဝန်ဆောင်မှုများတိုးချဲ့ရန်အတွက် စင်္ကာပူတွင် ဒေါ်လာ ၉ဘီလီယံရင်းနှီးမြှုပ်နှံရန် အစီအစဉ်ရှိကြောင်းကြေညာခဲ့သည်။ မေလ ၇ရက်နေ့တွင် ကျင်းပသည့် Amazon Web Services (AWS) ASEAN Summit ၌ Seattle အခြေစိုက် နည်းပညာကုမ္ပဏီကြီးသည် မလေးရှားနှင့်ထိုင်းနိုင်ငံရှိ cloud ဝန်ဆောင်မှုများတွင် ဒေါ်လာဘီလီယံပေါင်းများစွာရင်းနှီးမြှုပ်နှံမှုများကို ထုတ်ဖော်ပြသခဲ့ပြီးနောက် ယခုကဲ့သို့ အစီအစဉ်ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဗီယက်နမ်သည် စတီးလ်အကြမ်းထည်ထုတ်လုပ်မှုတွင် ကမ္ဘာပေါ်၌ နံပါတ်(၁၂) နေရာ၌ ရပ်တည်နေကြောင်းသိရပါသည်။ ထုတ်လုပ်မှုကဏ္ဍ လျင်မြန်စွာတိုးတက်လာရုံသာမက ဗီယက်နမ်စတီးလ်ထုတ်ကုန်များသည် တဖြည်းဖြည်းပိုမိုကွဲပြားခြားနားလာကြောင်း ဗီယက်နမ်နိုင်ငံ စတီးလ်အသင်းထံမှသိရပါသည်။ အသင်းဥက္ကဋ္ဌဖြစ်သူ Ngiem Yuam Da က ၂၀၁၅ခုနှစ်မှစ၍ ဗီယက်နမ်နိုင်ငံ၏ စတီးလ်လောကသည် ထုတ်လုပ်မှုကဏ္ဍတွင်သာမက အချောသတ်ထားသော စတီးလ်ထုတ်ကုန်များရောင်းချမှုတွင် အာဆီယံ၏ထိပ်ဆုံးမှ ဦးဆောင်နေသည့်နိုင်ငံများအနက် တစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်းပြောကြားခဲ့ပါသည်။ ၂၀၂၃ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် စတီးလ်အကြမ်းထည်ထုတ်လုပ်မှုတွင် တန်

ထိုင်းနိုင်ငံနှင့်ဘူတန်နိုင်ငံတို့သည် ယခုလတွင်ကျင်းပမည့် (၅)ကြိမ်မြောက် ပူးတွဲကုန်သွယ်ရေးကော်မတီအစည်းအဝေး၌ နှစ်ဖက်ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂၀မီလီယံထိရောက်ရှိရန် ကူညီပေးမည့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေးရန်ပြင်ဆင်နေကြပါသည်။ ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Napintorn Srisunpang က ဘူတန်နိုင်ငံ စက်မှု၊ စီးပွားရေးနှင့် အလုပ်သမား ရေးရာဝန်ကြီး Namgyal Dorji ၏ ဖိတ်ကြားချက်အရ ၂၀၂၄ခုနှစ်၊ မေလ ၁၅ရက်နေ့မှ ၁၇ရက်နေ့အထိ ဘူတန်နိုင်ငံ Thimphu ကိုသွားရောက်ကာ (၅)ကြိမ်မြောက် ပူးတွဲကုန်သွယ်ရေးကော်မတီအစည်းအဝေးသို့တက်ရ

ယူကရိန်းနိုင်ငံသည် လွန်ခဲ့သည့်နှစ်က တန်ချိန်သန်း ၈၀ပမာဏရှိသည့် ကောက်ပဲသီးနှံများနှင့် ဆီထုတ်နိုင်သည့်အစေ့အဆံများကို ကောက်ရိတ်သိမ်းနိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၂ဘီလီယံပမာဏရှိသည့် လယ်ယာထွက်ကုန်များကို ပြည်ပသို့တင်ပို့ခဲ့ကြောင်း ယူကရိန်းနိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီး Taras Vysotskyi က ၂၀၂၄ခုနှစ်၊ မေလ ၁၆ရက်နေ့ကကြေညာခဲ့ပါသည်။ Vysotskyi ၏ ပြောကြားချက်အရ ၈၇ရာခိုင်နှုန်းသော လယ်ယာထွက်ကုန်များကို အိုဒတ်စာမြို့နှင့် ကပ်လျက်ရှိသော ဆိပ်ကမ်းများမှ တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ထို့ပြင် Vysotskyi က ၂၀၂၃ခုနှစ်တွင် ယူကရိန်းလယ်သမားများသည် အမေရိကန်ဒေါ်လာ ၂၂ဘီလီယံတန်ဖိုးရှိသ

အမေရိကန်နိုင်ငံသည် ၂၀၂၄ခုနှစ်၏ ပထမလေးလတာကာလတွင် ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃၄ဘီလီယံဖြင့် ဗီယက်နမ်နိုင်ငံ၏ အကြီးမားဆုံးတင်ပို့မှုဈေးကွက်အဖြစ် ရပ်တည်လျက်ရှိပါသည်။ အထွေထွေကိန်းဂဏန်းအချက်အလက်ရုံး၏ အစီရင်ခံစာအရ တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၈ဘီလီယံဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပြီး ဥရောပသမဂ္ဂက အမေရိကန်ဒေါ်လာ ၁၆.၄ဘီလီယံဖြင့် တတိယနေရာတွင် ရပ်တည်နေကြောင်းသိရပါသည်။ လေးလတာကာလတွင် ဗီယက်နမ်နိုင်ငံသည် ပို့ကုန်သွင်းကုန်ပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၃၈.၈၈ဘီလီယံရှိခဲ့ပြီး ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၈.၄ဘီလီယံရရှိခဲ့ပါသည်။ ပြည်ပသို့တင်ပိ့မှုမှာ အမေရိကန်ဒေါ်လာ ၁၂၃ဘီလီယံကျ
