ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
11 Aug 2023

အိန္ဒိယနိုင်ငံ၌ အောက်တိုဘာလမှစတင်သည့် ၂ဝ၂၃-၂ဝ၂၄ ခုနှစ် ကော်ဖီသီးနှံရာသီတွင် ရာသီဥတု အပြောင်းအလဲ မြန်ဆန်မှုကြောင့် အာရေးဘီကာဒေသထွက်ကော်ဖီကို စောစီးစွာ ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း ကော်ဖီစိုက်ပျိုးသူများက ပြောကြားခဲ့ကြပါသည်။ ၂ဝ၂၃ ခုနှစ်တွင် ကော်ဖီ စိုက်ပျိုးသည့်ဒေသများ၌ ကာလရှည်ကြာစွာ ခြောက်သွေ့မှုများဖြစ်ပေါ်ခဲ့သဖြင့် ကော်ဖီစေ့များကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေခဲ့ကြောင်း၊ မုတ်သုံဝင်‌ရောက်မှုနောက်ကျပြီး ဇွန်လအတွင်း မိုးရေမရရှိမှုကြောင့် အာရေးဘီကာ ကော်ဖီမျိုးများမှာ ဆောလျင်စွာဖြစ်ထွန်းခဲ့သဖြင့် စိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရကြောင်းနှင့် ပုံမှန်အားဖြင့် အာရေးဘီကာကော်ဖ

11 Aug 2023

ဗီယက်နမ်နိုင်ငံသည် ထိုင်းနိုင်ငံရှိ အချို့သောသကြားတင်ပို့သည့်ကုမ္ပဏီများမှ တင်သွင်းသော သကြားများအပေါ် စုပုံတင်သွင်းမှုအခွန် (anti-dumping duty) ကို ၂၅.၇၃% မှ ၃၂.၇၅% အထိ ၁၈-၈-၂ဝ၂၃ နေ့မှ ၁၅-၆-၂ဝ၂၆ နေ့အထိ ကောက်ခံမည်ဖြစ်ကြောင်း ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီးဌာနက ၈-၈-၂၀၂၃ နေ့၌ ပြောကြားခဲ့ပါသည်။

11 Aug 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Awami League ပါတီခေါင်းဆောင်များ၏ နယူးဒေလီမြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဘာစမာတီမဟုတ်သောဆန်များအား အိန္ဒိယနိုင်ငံထံမှ ဝယ်ယူတင်သွင်းမှုကို ပြန်လည်စတင်နိုင်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရှိရပါသည်။

11 Aug 2023

နီပေါနိုင်ငံ၌ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီးဌာနသည် အိန္ဒိယနိုင်ငံထံမှ ဆန်တန်ချိန် ၁ သိန်းနှင့် စပါးတန်ချိန် ၁ သန်းတို့ကို အိန္ဒိယနိုင်ငံထံမှ ဝယ်ယူတင်သွင်းမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

11 Aug 2023

ကမ္ဘောဒီးယားသည် ယခုနှစ်၏ ပထမခုနစ်လအတွင်း ဆန်တန်ချိန် စုစုပေါင်း ၃၆၂၇၀၈ တန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၂၅၃ သန်းခန့် ရရှိခဲ့ကြောင်း ၇-၈-၂၀၂၃ ရက်နေ့၊ တနင်္လာနေ့တွင် တင်ပြခဲ့သည့် ကမ္ဘောဒီးယားဆန်အဖွဲ့ချုပ်၏ အစီရင်ခံစာအရ သိရသည်။

11 Aug 2023

ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်ဇူလိုင်လတွင် ဆန် ၁၁၆၁၉၅ မက်ထရစ်တန် တင်သွင်းခဲ့ပြီး ယခင်လ တင်သွင်းမှုပမာဏ ၂၁၆၆၇၆ တန်အောက် ၄၆.၃၇% ကျဆင်းခဲ့ကြောင်း ဖိလစ်ပိုင် Bureau of Plant Industry (BPI) က ဩဂုတ်လ ၇ ရက်၊ တနင်္လာနေ့တွင် သတင်းထုတ်ပြန်ခဲ့ သည်။

11 Aug 2023

ထိုင်းနိုင်ငံအနေဖြင့် အိန္ဒိယ၏ ဆန်တင်ပို့မှု ပိတ်ပင်ခဲ့ခြင်းကြောင့် အကျိုးအမြတ်ရရှိနေပြီး ပြည်တွင်းစားသုံးရန်နှင့် ပြည်ပတင်ပို့ရန်အတွက် လုံလောက်စွာထွက်ရှိသဖြင့် ဆန်တင်ပို့မှုကို ရပ်တန့်ရန် အကြောင်းမရှိဟု ထိုင်းအစိုးရက ပြောကြားခဲ့ပါသည်။

11 Aug 2023

မကြာသေးမီကာလ၌ ဆန်စပါးဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း ဝယ်လိုအားကို ထိန်းသိမ်းနိုင်ရေးအတွက် ပြည်တွင်းရှိ ဆန်တင်ပို့သူများအနေဖြင့် ယင်းတို့၏ ပို့ကုန်စာချုပ်များကို လေးစားလိုက်နာဆောင်ရွက်ကြရန် ဗီယက်နမ်ကုန်သွယ်ရေးဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

11 Aug 2023

ဩစတေးလျနိုင်ငံထံမှ ဘာလီ (Barley) ခေါ် မုယောစပါးများ တင်သွင်းမှုအပေါ် ၂၀၂၀ ပြည့်နှစ်၌ ပထမဆုံးအကြိမ် စတင်ချမှတ်ကောက်ခံခဲ့သော ကြီးလေးသည့် စုပုံတင်သွင်းမှု အခွန်အား ဖယ်ရှားမည်ဟု တရုတ်နိုင်ငံက ထုတ်ဖော်ပြောကြားခဲ့အပြီးတွင် ဩစတေးလျရှိ ကောက်ပဲသီးနှံတင်ပို့သည့် အချို့သောဇုန်ကြီးများ၌ မုယောစပါးဈေးနှုန်းများသည် ၁၀% ခန့်အထိ တစ်ဟုန်ထိုး မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

11 Aug 2023

ထိုင်းနိုင်ငံတွင် လယ်ယာစိုက်ပျိုးထုတ်လုပ်မှုများအပေါ် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ အကျိုးသက်ရောက်မှုကို စောင့်ကြည့်အကဲဖြတ်လျက် ထိခိုက်မှုများမှ လျော့ပါးသက်သာစေရေး ကြိုတင်စီမံမှုများ လုပ်ဆောင်နိုင်ရန်အတွက် ကူးသန်းရောင်းဝယ်ရေး အမြဲတမ်းအတွင်းဝန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက် ကွပ်ကဲရေးဗဟိုဌာနတစ်ခုကို ဖွဲ့စည်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။

11 Aug 2023

အိန္ဒိယနိုင်ငံတွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ မြင့်မားလျက်ရှိမှုအပေါ် စားသုံးသူများက ပဲမျိုးစုံကို ပိုမိုတိုးမြှင့်စားသုံးလာကြသည့်အပြင် အိန္ဒိယပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်မှု လျော့ကျနေသည့် အခြေအနေတွင် ပဲမျိုးစုံတင်ပို့သည့်နိုင်ငံများ၏ အခွင့်အရေးရယူရန် ကြိုးပမ်းမှုများက နိုင်ငံတကာ ပဲမျိုးစုံဈေးနှုန်းများကို မြင့်တက်စေပြီး အိန္ဒိယပဲမျိုးစုံ လက်ကားဈေးကွက်၌ ရက်သတ္တတစ်ပတ်အတွင်း ၂% မှ ၃% အထိ ဈေးနှုန်းမြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း Economic Times သတင်းဌာနက ဩဂုတ်လ ၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။

07 Aug 2023

စားအုန်းဆီ ကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်း ဆီအုန်းတိုးမြှင့်စိုက်ပျိုးရေး လှုပ်ရှားမှုအစီအစဉ်ကို ဆောင်ရွက်လျက်ရှိကြောင်း ဇူလိုင်လ ၃၀ ရက် တနင်္ဂနွေနေ့တွင် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

Pages