ပြည်ပကုန်သွယ်မှုသတင်းများ
မလေးရှားနိုင်ငံတစ်ဝန်းရှိ အဆင့်(A)၊ အဆင့်(B)နှင့် အဆင့်(C) ကြက်ဥများ၏ လက်လီဈေးကို အစိုးရ၏ထောက်ပံ့မှုအစီအစဉ်တစ်စိတ်တစ်ပိုင်းအနေဖြင့် ဇွန်လ ၁၇ရက်နေ့မှစတင်၍ ၃ဆန် (မလေးရှား ၁ရင်းဂစ် = ၁၀၀ဆန်) လျော့ချခဲ့သည်။
(A)အဆင့် ကြက်ဥတစ်လုံးလျှင် ၄၂ဆန်၊ (B)အဆင့် ကြက်ဥတစ်လုံးလျှင် ၄၀ဆန်နှင့် (C)အဆင့် ကြက်ဥတစ်လုံးလျှင် ၃၈ဆန် စသည်ဖြင့် ဈေးနှုန်းအသစ်များအား အသီးသီးသတ်မှတ်ထားကြောင်း ဝန်ကြီးချုပ် Datuk Seri Anwar Ibrahim ကပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံစက်မှုဝန်ကြီး Agus Gumiwang Kartasamita နှင့် တရုတ်နိုင်ငံမှ လျှပ်စစ်ကားထုတ်လုပ်သည့် ကုမ္ပဏီ(၄)ခုဖြစ်သည့် Neta ၊ Wuling ၊ Chery နှင့် Sokan တို့သည် အင်ဒိုနီးရှားနိုင်ငံအား သဘာဝပတ်ဝန်းကျင်အန္တရာယ်မပြုသည့် လျှပ်စစ်ကားများ ပြည်ပသို့တင်ပို့မည့် စီမံကိန်းအတွက် ထုတ်လုပ်ရာအချက်အခြာနေရာအဖြစ် အသုံးပြုသွားရန် သဘောတူညီမှု ရရှိခဲ့ကြ ပါသည်။ Mr.

အင်ဒိုနီးရှားနိုင်ငံနှင့်ချီလီနိုင်ငံတို့သည် အစဉ်အလာမရှိသည့် ဈေးကွက်များ အထူးသဖြင့် လက်တင်အမေရိကတွင် ရင်းနှီးမြှုပ်နှံမှုအလားအလာနှင့် အခွင့်အရေးများ တိုးချဲ့သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား-ချီလီကျယ်ပြန့်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အရ သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး Jerry Sambuaga က ချီလီနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်ရရှိသည့် ပထမဆုံး လက်တင်အမေရိကနိုင်ငံဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်သည် နှစ်နိုင်ငံလုံးအတွက် အကျိုးကျေးဇူးရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Sambu

အများနှင့်သက်ဆိုင်သော ကဏ္ဍများနှင့် ပုဂ္ဂလိကကဏ္ဍများသည် အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ဈေးကွက်အခွင့်အလမ်းများ ရရှိစေရန် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ပါဝင်သော Thailand SMEs Synergy Expo 2024 ကုန်စည်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဇွန်လ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့ထိ Queen Sirikit အမျိုးသားညီလာခံစင်တာ တွင် ၅ ရက်တာ ကျင်းပခဲ့ပြီး ပွဲတော်ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဌာန (DBD)၊ အသေးစား၊ အလတ်စား လုပ်ငန်းများ မြှင့်တင်ရေးရုံး (OSMEP)၊ ထိုင်းနိုင်ငံအစိုးရနှင့် ပုဂ္ဂလိက မိတ်ဖက် အဖွဲ့အစည်းများက ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံစီးပွားရေး ဝန်

သိရီလင်္ကာဘာဏာပိုင်များသည် ၂၀၂၅ ခုနှစ်တွင် မော်တော်ယာဉ်တင်သွင်းမှုအပေါ် ကန့်သတ်ချက်များကို ဖြေလျှော့ရန် အစီအစဉ်တစ်ရပ်ကို ရေးဆွဲခဲ့ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)ကို ကိုးကား၍ ပြည်တွင်း မီဒီယာများက သောကြာနေ့တွင် ပြောကြားခဲ့သည်။
IMF ၏ အဆိုအရ ဤအစီအစဉ်သည် ၂၀၂၄ ခုနှစ် သုံးလပတ်တွင် အများသူငှာ ခရီးသည်တင်ယာဉ် များနှင့်အထူးယာဉ်များ တင်သွင်းမှုဖြင့် စတင်မည်ဖြစ်ပြီး ယခင်နှစ်၏ စတုတ္ထလေးလပတ်တွင် ကုန်စည်သယ်ယူပို့ဆောင်ရေးယာဉ်များ တင်သွင်းမှုဖြင့် စတင်မည်ဖြစ်သည်။

ဥရောပသမဂ္ဂသည် တရုတ်နိုင်ငံမှတင်သွင်းသည့် လျှပ်စစ်ကားများအပေါ်တွင် ၃၈.၁ရာခိုင်နှုန်းအထိတိုးမြှင့်မည့် ထပ်ဆောင်းအခွန်ကို ဇူလိုင်လမှစ၍ ကောက်ခံရန်စီစဉ်နေပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ပြန်လည်တုန့်ပြန်မှုနှင့်ရင်ဆိုင်ရဖွယ်လည်းရှိနေကြောင်းသိရပါသည်။ လွန်ခဲ့သည့်လတွင် အမေရိကန်နိုင်ငံက တရုတ်လျှပ်စစ်ကားများကို အကောက်ခွန် ၁၀၀ရာခိုင်နှုန်းတိုးမြှင့်ခဲ့ပြီး ယခုအခါ ဥရောပကော်မရှင်က BYD ကို ၁၇.၄ရာခိုင်နှုန်း၊ Geelyကို ၂၀ရာခိုင်နှုန်းနှင့် SAJC ကို ၃၈.၁ရာခိုင်နှုန်း အခွန်တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်းသိရပါသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါကုမ္ပဏီများသည် တရုတ်အစိုးရ၏ အလွန

တောင်ကိုရီးယားနိုင်ငံ၏ အမေရိကန်သို့တင်ပို့မှုသည် ယခုနှစ်တွင် ၂၂နှစ်အတွင်း ပထမဆုံးအနေဖြင့် တရုတ်နိုင်ငံကိုကျော်ဖြတ်နိုင်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် အသေးစား၊ အလတ်စားလုပ်ငန်းများနှင့် စွန့်ဦးတီထွင်သူများဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရပါသည်။ ဇန်နဝါရီလမှ မေလအတွင်း အမေရိကန်သို့ တင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅၃.၃ဘီလီယံရှိခဲ့ပြီး တရုတ်နိုင်ငံသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၂.၆၉ဘီလီယံရှိကြောင်းသိရပါသည်။ ကုမ္ပဏီကြီးများသည် ၎င်းတို့၏ တင်ပို့မှုဦးတည်ရာကို လွန်ခဲ့သည့်နှစ်ကတည်းက ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများမှာ ၎င်းတ

အမေရိကန်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ချုပ်ဆိုထားသည့်ရေနံများအား ရောင်းချသည့်အခါ အမေရိကန်ဒေါ်လာဖြင့်သာအရောင်းအဝယ်လုပ်ခွင့်ရသည့် သဘောတူညီချက်မှာ ၂၀၂၄ခုနှစ်၊ ဇွန်လ(၉)ရက်နေ့က သက်တမ်းကုန်သွားပြီဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံသည် စာချုပ်ထပ်မံမချုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်းသိရပါသည်။ အဆိုပါဆုံးဖြတ်ချက်သည် အမေရိကန်ဒေါ်လာကို ကမ္ဘာသုံးငွေကြေးအဖြစ် သတ်မှတ်ထားခြင်းမှတစ်ဆင့် အရွှေ့အပြောင်းအဖြစ် တစ်ခုမြင်တွေ့ရကြောင်းနှင့် အမေရိကန်နိုင်ငံကို သွယ်ဝိုက်ထိခိုက်စေကြောင်းသိရပါသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါစာချုပ်သည် အမေရိကန်နိုင်ငံကို ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလွှမ်းမိုးနိုင်မှ

ဇမ်ဘီယာနိုင်ငံအစိုးရသည် နိုင်ငံ၏အလယ်ပိုင်း Chisamba ခရိုင်တွင် ၁၀၀မဂ္ဂါဝပ်ရှိသော နေရောင်ခြည်စွမ်းအင်သုံး Photovoltaic ပရောဂျက်ကိုတည်ဆောက်ရန် တရုတ်ကုမ္ပဏီ Power China International Group ကို ရွေးချယ်ခဲ့သည်။
Kariba North Bank Extension Power Corporation မှဆောင်ရွက်သော အဆိုပါ စီမံကိန်းသည် ဇမ်ဘီယာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစွမ်းရည်ကိုမြှင့်တင်ရန်နှင့် ဒေသတွင်းစီးပွားရေးအခွင့်အလမ်းများကို ဖွင့်လှစ်ပေးနိုင်ရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုသည် လေးလအတွင်း အမြင့်ဆုံးသို့ရောက်ရှိလာခဲ့ကာ မေလတွင် ၁၁.၆ရာခိုင်နှုန်းသို့မြင့်တက်လာခဲ့သည်။
ကမ္ဘာပေါ်တွင် စားသုံးဆီအများဆုံးတင်သွင်းသော အိန္ဒိယနိုင်ငံမှ ယခုကဲ့သို့ စားအုန်းဆီများ မြင့်မားစွာဝယ်ယူတင်သွင်းမှုသည် မလေးရှားစားအုန်းဆီအနာဂတ်စံညွှန်းကို အထောက်အကူဖြစ်စေနိုင်သည်။
အိန္ဒိယ၏ စားအုန်းဆီတင်သွင်းမှုသည် ၇၆၃၃၀၀မက်ထရစ်တန်ထိမြင့်တက်ခဲ့ပြီး ဇန်နဝါရီလ နောက်ပိုင်းမှအစပြု၍ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း Solvent Extractors’ Association of India (SEA) က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံကားထုတ်လုပ်သူ Cherry သည် ၎င်း၏ကားမော်ဒယ်အသစ် Cherry TIGGO 5X ကို အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဂျာကာတာတွင် ကြာသပတေးနေ့က တရားဝင်မိတ်ဆက်ပေးခဲ့သည်။
“To be Young” ဟူသော ဆောင်ပုဒ်ဖြင့် TIGGO 5X မော်တော်ယာဉ်မော်ဒယ်သစ်သည် လုပ်ဆောင်နိုင်စွမ်းနှင့် တင့်တယ်မှုနှစ်မျိုးလုံးကိုရှာဖွေသော လူငယ်ပညာရှင်များနှင့် မိသားစုများ၏ မျှော်မှန်းချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။

နိုင်ငံရပ်ခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းများနှင့် ဆွေးနွေးပွဲကို ယခုနှစ် သြဂုတ်လတွင် မြို့တော် ဟနွိုင်း ပြည်သူ့ကော်မတီကကြီးမှူးကျင်းပမည်ဖြစ်သည်။
အဆိုပါ ညီလာခံတွင် ကိုယ်စားလှယ် ၁၅၀ မှ ၂၀၀ ခန့် တက်ရောက်ကာ မြို့တွင်းရှိ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများအတွက် အတားအဆီးများ ဖယ်ရှားရန် ရည်ရွယ်၍ ကိစ္စရပ်းများကိုဆွေးနွေးသွားမည်ဖြစ်သည်။
