ပြည်ပကုန်သွယ်မှုသတင်းများ
အင်ဒိုနီးရှားနှင့် စင်္ကာပူတို့သည် နှစ်နိုင်ငံကြား ဟာလာထုတ်ကုန် ကုန်သွယ်ရေးတိုးမြှင့်ရန် ဟာလာထုတ်ကုန်အာမခံချက်အပေါ်နားလည်မှု သဘောတူစာချုပ် (MOU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ဟာလာထုတ်ကုန်အာမခံချက်ရရှိရေး စီစဉ်သည့် အေဂျင်စီ၏ ခေါင်းဆောင်ဖြစ်သူ Muhammad Aqil Irham နှင့် စင်္ကာပူနိုင်ငံ၊ အစ္စလာမ်ဘာသာရေးကောင်စီ၏ အကြီးအကဲ Kadir Maideen တို့သည် MOU ကို ၁၅.၈.၂၀၂၄ ရက်နေ့က စင်္ကာပူတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ Irham က အင်ဒိုနီးရှား နှင့် စင်္ကာပူတို့၏ ဟာလာအာဏာပိုင်များအကြားညှိနှိုင်းဆောင်ရွက်မှုရလဒ်သည် အရေးကြီး ကြောင်းနှင့် ထုတ်ကုန်များကုန်သွယ်ခြင်းပါဝင
ကမ္ဘောဒီးယားနိုင်ငံစိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနဝန်ကြီးဖြစ်သူ Dith Tinam ပြည်တွင်းဖူလုံမှုနှင့် တင်ပို့ရန်အတွက် စိုက်ပျိုးရေးထုတ်ကုန်များ ပြုပြင်ထုတ်လုပ်မှု အရည်အသွေးတိုးတက်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ရင်းနှီးမြှုပ်နှံသူများကို တိုက်တွန်းပြောကြားခဲ့ကြောင်းသိရပါသည်။ ဝန်ကြီးသည် ၁၄.၈.၂၀၂၄ ရက်နေ့က ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်သည့် ကုလသမ္မဂ္ဂအစားအသောက်နှင့် စိုက်ပျိုးရေးအဖွဲ့အစည်း၏ ကမ္ဘော ဒီးယားနိုင်ငံ စိုက်ပျိုးရေးအစားအစာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးက ဆန်၊ သီဟိုဠ်စေ့၊ ရာဘာန
ကမ္ဘောဒီးယားနိုင်ငံနှင့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) နိုင်ငံများအကြား ကုန်သွယ်မှုသည် ယခုနှစ် ပထမနှစ်လတွင် ထူးထူးခြားခြားကန်ဒေါ်လာ ၁၉.၈၇ဘီလီယံအထိရောက်ရှိခဲ့ပြီး ၁၆.၈ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။
နိုင်ငံတော်၏ RCEP ကုန်သွယ်မှုသည် ထိုကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ စုစုပေါင်းကုန်သွယ်မှုပမာဏ၏ ၆၂.၉ရာခိုင်နှုန်းဖြစ်သည်။
ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ခုနှစ်တွင် မွေးမြူရေးထွက်ကုန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁မှ ၁.၅ဘီလီယံရရှိရန်ရည်မှန်းချက်ထားလျက်ရှိပြီး တင်ပို့မှုမြင့်တက်လာရန်အတွက် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်းသိရပါသည်။ ယခုနှစ်၏ ပထမနှစ်ဝက်တာကာလတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာသန်း၂၄၀တန်ဖိုးရှိသော မွေးမြူရေးထွက်ကုန်များတင်ပို့ ခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၃.၈ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရသိရပါသည်။
ကမ္ဘောဒီးယားနိုင်ငံသည် သီဟိုဠ်စေ့အကြမ်းထုတ်လုပ်သည့် ကမ္ဘာ့ဒုတိယအကြီးဆုံးနိုင်ငံဖြစ်လာပြီး ၂၀၂၄ခုနှစ်၊ ခုနစ်လအတွင်း စုစုပေါင်းတန်ချိန် ၈၃၀၀၀၀ထုတ်လုပ်ခဲ့ကြောင်း ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း (CAC) ၏ အစီရင်ခံစာအရသိရသည်။
ဗီယက်နမ်နိုင်ငံသို့ သီဟိုဠ်စေ့တင်ပို့မှုမှာ တန်ချိန် ၇၈၀၀၀၀ကျော်ရှိလာပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၀၉၂သန်းကျော်ရှိကြောင်း CAC ကပြောကြားခဲ့သည်။ ၎င်းသည် ပမာဏ ၃၆.၇ရာနှုန်းတိုးလာပြီး တန်ဖိုးအားဖြင့် ၂၈.၁ရာခိုင်နှုန်းတိုးလာခြင်းဖြစ်သည်။
ဗီယက်နမ် သစ်သီးဝလံများသည် အရှေ့မြောက်အာရှဈေးကွက်သို့ ပိုမိုဝင်ရောက်လာကာ သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုတန်ဖိုး ၇ဘီလီယံရရှိရန်ဟူသော ၂၀၂၄ရည်မှန်းချက်အတွက် သိသိသာသာအထောက်အကူဖြစ်ခဲ့ပါသည်။
ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း အထွေထွေအတွင်းရေးမှူး Dong Phuc Nguyen ၏ပြောကြားချက်အရ ဇူလိုင်လကုန်အထိ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံရရှိခဲ့ပြီး ၎င်းတင်ပို့မှု စုစုပေါင်းမှ ၄၀ရာခိုင်နှုန်းမှာ ဒူးရင်းသီးတစ်မျိုးတည်းသာဖြစ်ကြောင်း သိရပါသည်။
စကော့တလန် ဆော်လမွန်ငါးတင်ပို့မှုသည် ၂၀၂၄ခုနှစ် ပထမနှစ်ဝက်တွင် ပေါင်၄၃၁ သန်း မှ ၄၁ရာခိုင်နှုန်းတက်သွားခဲ့ပြီး ပို့ကုန်ပမာဏ ၁၂ ရာခိုင်နှုန်းတက်လာခဲ့ကြောင်း ကိန်းဂဏန်းထုတ်ပြန်ချက်အရ သိရသည်။
ကင်ညာနိုင်ငံမှလက်ဖက်ခြောက်များအား ပါကစ္စတန်နိုင်ငံမှ ဝယ်ယူတင်သွင်းမှုသည် ၁၀.၆ရာခိုင်နှုန်းတိုးလာကာ အရှေ့အာဖရိကမှ အဖျော်ယမကာကို ထိပ်တန်းဝယ်ယူသူအဖြစ် ၄င်း၏ရပ်တည်ချက်ကို ခိုင်မာစေခဲ့သည်။
ကင်ညာဗဟိုဘဏ် (CBK)၏ မကြာသေးမီက အချက်အလက်များအရပါကစ္စတန်သို့ ကင်ညာလက်ဖက်ခြောက် တင်ပို့မှုတန်ဖိုးသည် ယခုနှစ်ဇန်နဝါရီလမှ ဇွန်လအတွင်း အမေရိကန် ဒေါ်လာ ၂၇၁.၈၆သန်း(sh ၃၅.၀၆ဘီလီယံ) ရှိကြောင်း ဖော်ပြခဲ့သည်။ ၄င်းသည် ၂၀၂၃ ခုနှစ် အလားတူကာလအတွင်း ရရှိခဲ့သောဒေါ်လာ ၂၄၅.၇သန်း(sh ၃၁.၆ဘီလီယံ) မှသိသာထင်ရှားစွာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
အဓိကဈေးကွက်များထံမှ ဝယ်လိုအားနှင့်ဘတ်ငွေတန်ဖိုးအားပျော့မှုတို့ ကျေးဇူးကြောင့် ထိုင်းနိုင်ငံသည် ယခုနှစ်တွင် မူလခန့်မှန်းထားသည့် ဘတ်သန်း ၇၅သန်းကို ကျော်လွန်၍ ဆန်တန်ချိန် ၈.၂သန်းကိုပြည်ပသို့ တင်ပို့နိုင်မည်ဟုမျှော်လင့်ရကြောင်း ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာနအဆိုအရ သိရပါသည်။ ထိုင်းနိုင်ငံပြည်ပကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipetn ယခုနှစ်၏ ပထမနှစ်ဝက်တွင် ဆန်တန်ချိန် ၅.၀၈ သန်း တင်ပို့ခဲ့ရာမှ ဘတ် ၁၁၇.၈ ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် ၂၅.၁% နှင့် ၅၅.၅% အသီးသီးမြှင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဆန်တင်သွင်းသူများသည် စားသုံး
ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ထိုင်းနိုင်ငံမွေးမြူရေး ထုတ်ကုန်များနှင့်သစ်သီးများတရုတ်နိုင်ငံတွင် ဈေးကွက်တိုးချဲ့ရန်နှင့် အရှေ့ပိုင်းစီးပွားရေး စင်္ကြန်ရှိအသစ်ပေါ်ထွက်လာသော စက်မှုနယ်ပယ်များတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုရန်ရည်ရွယ်၍ နှစ်နိုင်ငံကြားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Suchart Chomklin က ၎င်းကို ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီး Phumtham Wechayachai က တရုတ်နို်ငငံစီးပွားကူးသန်းဝန်ကြီးဌ
နှစ်နိုင်ငံစလုံး၏ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနများက ပူးပေါင်းကျင်းပသည့် အကြီးမားဆုံးနှစ်စဉ်ကုန်သွယ်မှုမြှင့်တင်ရေးပွဲတော်ဖြစ်သည့် ဗီယက်နမ်-လာအို ကုန်စည်ပြပွဲ ၂၀၂၄(VIETLAO EXPO)ကို ဗီယက်နမ်နိုင်ငံ၌ ဇူလိုင်လ ၂၅ရက်နေ့မှ ၂၉ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဇူလိုင်လ ၂၅ရက်နေ့က ကျင်းပခဲ့သည့်ဖွင့်ပွဲအခမ်းအနားတွင် လာအိုနိုင်ငံ ဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Nguyen Ba Hung က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဦးနှစ်ဖက်ပတ်သက်ဆက်နွယ်မှုတွင် ကြာရှည်စွာအခြေခံအုတ်မြစ်တစ်ခုဖြစ်လာခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုကို ပြသနေကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် လာအို၏ အကြီးမား
အိန္ဒိယနိုင်ငံ၏ ကျောက်မီးသွေးတင်ပို့မှုသည် လက်ရှိဘဏ္ဏာနှစ် ပထမသုံးလပတ်တွင် တန်ချိန် ၇၅.၂၆သန်း(MT) ရှိခဲ့ပြီး ယခင်ဘဏ္ဏာနှစ်၏ အလားတူကာလတွင် တင်သွင်းခဲ့သော ကျောက်မီးသွေး ၇၁.၁၆(MT)နှင့် နှိုင်းယှဥ်ပါက ၅.၇ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ပါသည်။