ပြည်ပကုန်သွယ်မှုသတင်းများ
သြဂုတ်လ ၁၂ ရက်နေ့အထိ ယူကရိန်းနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဈေးကွက်ဝင်နှစ်မှ စတင်၍ စပါးနှင့်ပဲတန်ချိန် ၄.၉ သန်းတင်ပို့ခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဥ်ပါက ၅၈.၉% တိုးလာခဲ့ကြောင်း စိုက်ပျိုးရေးမူဝါဒနှင့် စားနပ်ရိက္ခာ ဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲမှ အချက်အလက်များမှ သိရပါသည်။
ဆော်ဒီအာရေဗျနိုင်ငံသည် စီးပွားရေးကွဲပြားမှုကို ပံ့ပိုးရန်နှင့်နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရန်၊ ပွင့်လင်းမြင်သာမှုမြှင့်တင်ရန်နှင့် နိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှုများအား တင်းကြပ်မှုကိုဖြေလျှာ့ပေးနိုင်ရန် ရည်ရွယ်သည့် စီးပွားရေးဆိုင်ရာ စည်းမျဉ်းအသစ်များကို ထုတ်ပြန်ခဲ့သည်။
အိန္ဒိယနိုင်ငံမှ ထူးခြားသောစိုက်ပျိုးရေးထွက်ကုန်များတင်ပို့မှုတိုးမြင့်လာစေရန် ၎င်း၏အစပျိုးမှုတစ်စိတ်တစ်ပိုင်းအဖြစ် ပိုလန်နိုင်ငံသို့ သဖန်းသီးဖျော်ရည်ကို ပထမဆုံးတင်ပို့ရောင်းချခဲ့ ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက သြဂုတ်လ ၁၇ ရက်နေ့တွင်ပြောကြားခဲ့သည်။
စိုက်ပျိုးရေးနှင့် ပြုပြင်ပြီးစားနပ်ရိက္ခာထုတ်ကုန်များဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (APEDA) သည် GT (ပထဝီအညွှန်း) တပ်ထားသော Purandar သဖန်းသီးမှထုတ်လုပ်သော အသင့်သောက်သဖန်းသီးဖျော်ရည်များကို ပိုလန်သို့ အဆင်ပြေချောမွေ့စွာတင်ပို့နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (FTA) စေ့စပ်ညှိနှိုင်းမှုများအပြင်၊ Turkiye သည် သီးခြားကဏ္ဏများတွင် အပြန်အလှန်အားသာချက်များပေးသည့် ဦးစားပေးကုန်သွယ်မှုသဘောတူညီချက်များ (PTAs) မှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်မှုကိုအားကောင်းစေရန် ရည်မှန်းထားကြောင်း သြဂုတ်လ ၁၇ရက်နေ့၏ အစီရင်ခံစာတစ်ရပ်အရသိရသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍကြီးထွားလာပြီး ယခုနှစ် ဇွန်လတွင် စက်ရုံအရေအတွက် ၂၁၇၅ ခုထိ ရောက်ရှိလာကြောင်း သိရပါသည်။ လွန်ခဲ့သည့်နှစ် ဇွန်လက စက်ရုံအရေအတွက် ၁၉၉၇ ခုရှိရာမှ ယခုအခါ စက်ရုံအသစ် ၁၇၈ ခုတိုးလာခြင်းဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၈.၉ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်သည်ဟု ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားဘဏ်၏ တစ်နှစ်တစ်ကြိမ်ထုတ်ပြန်သည့် အစီရင်ခံစာအရသိရပါသည်။ ယခုလို မြင့်တက် လာခြင်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ အလုပ်အကိုင်ဈေးကွက်ကိုကြီးမားစွာ သက်ရောက်မှု ရှိစေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တိုင်းပြည်၏ ဆင်းရဲမွဲတေမှုလျှော့ချခြင်းတို့အတွက် အဓိက မောင်းနှင်အာ
CIMB Thai (CIMBT)ဘဏ်သည် အမေရိကန်-တရုတ် ကုန်သွယ်ရေး တင်းမာမှုများကြားတွင် ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုအခြေစိုက်နေရာများ ပြောင်းလဲလာမှုကြောင့် ထိုင်းနိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) အတွက် အခွင့်အလမ်းများ မြင့်တက်လာရန် မျှော်လင့်လျက်ရှိကြောင်း သိရပါသည်။ CIMB ဘဏ်၏ Corporate and Transactional Banking ၏ အကြီးအကဲဖြစ်သူ Wut Thanittiraporn ၏ အဆိုအရ ကုန်ထုတ်လုပ်ခြင်းတွင် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲလာမှုနှင့်အတူ အာဆီယံနှင့် ထိုင်းနိုင်ငံတို့သည် တိုက်ရိုက်နှင့် သွယ်ဝိုက်ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် အဓိက ဦးတည်ရာနေရာအဖြစ် ပေါ်ထွက်လာ ကြောင်း ပြော
ပန်ဂျပ်ပြည်နယ်အစိုးရ၏ ကောက်ပဲသီးနှံ အရှိန်အဟုန်မြင့်တင်မောင်းနှင်မှုဖြင့် ယခု Kharif ရာသီအတွင်း ပန်ဂျပ်ပြည်နယ်သည် ဘာစမာတီစိုက်ပျိုးဧရိယာ ၁၂.၅၈ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားလူမှုဖူလုံရေးဝန်ကြီး Gurmeet Singh Khudian က သြဂုတ်လ ၁၈ရက်နေ့ကပြောကြားခဲ့သည်။
စပါးရှည်စိုက်ပျိုးမှုမှာ လက်ရှိတွင် ဟတ်တာ ၆.၇၁သိန်းအထိတိုးချဲ့စိုက်ပျိုးထားပြီး ယခင် Kharif ရာသီတွင် ဟတ်တာ ၅.၉၆သိန်းမှ သိသိသာသာတိုးတက်လာကြောင်း ဝန်ကြီးက ပြောကြားသည်။
ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Pham Minh Chinh သည် ၎င်း၏ အိန္ဒိယနိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် နယူးဒေလီမြို့တွင် ဇူလိုင်လ ၃၁ ရက်နေ့က ကျင်းပခဲ့သည့် ဗီယက်နမ်-အိန္ဒိယစီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့ပြီး နှစ်ဖက်စလုံးအနေနှင့် နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအထိ ရောက်ရှိရန် အတူတကွကြိုးစားသင့်ကြောင်း ကမ်းလှမ်းပြောကြားခဲ့သည်ဟု သိရပါသည်။
မြန်မာနိုင်ငံသည် ပြောင်းလဲတိုးတက်နေသောစီးပွားရေးကို လမ်းကြောင်းပြနေချိန်တွင် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူကာကွယ်ရေးသည် ၎င်း၏ စီးပွားရေးမူဝါဒ၏ အဓိက မဏ္ဍိုင်ဖြစ်လာသည်။ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကွန်ရက်သို့ ပြန်လည်ပေါင်းစည်းရန် အာရုံစိုက်လျက်ရှိသည်။ တစ်ချိန်တည်းမှာပင် ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုကိုအာမခံရန်အတွက် စားသုံးသူများ၏အကျိုးစီးပွားကိုကာကွယ်ရန် အရေးကြီးပါသည်။
မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေး
အိန္ဒိယနိုင်ငံသည် ကီဝီသီးအပေါ်တင်သွင်းခွန်ကို ၃၀% လျှော့ချရန် နယူးဇီလန်၏တောင်းဆိုမှုကို သဘောတူညီခဲ့သည်။ နယူးဇီလန်သည် အိန္ဒိယမှ သရက်သီးများ၊ ငှက်ပျောသီးများနှင့် လတ်ဆတ်သော သလဲသီးများအတွက်လည်း ၎င်းတို့၏ဈေးကွက်ကို ဖွင့်လှစ်ပေးခဲ့သည်။
နယူးဇီလန်သည် ပန်းသီးကဲ့သို့သော သစ်သီးဝလံများကို တိုးမြှင့်ထုတ်လုပ်ရန်နည်းပညာများဖလှယ်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယ၏အဆိုပြုချက်ကို အပြုသဘောဖြင့် တုံ့ပြန်ခဲ့သည်။ နယူးဇီလန်ဝန်ကြီးချုပ် အိန္ဒိယသို့ အောက်တိုဘာလတွင် လာရောက်သည့်အခါ သဘောတူညီချက်တစ်ရပ်လက်မှတ်ရေးထိုးနိုင်မည်ဟုမျှော်လင့်ထားကြသည်။
လစ်ဗျားနိုင်ငံအရှေ့ပိုင်းရှိ Es Sider ရေနံတင်ပို့သည့်ဂိတ်သည် Sirte မြစ်ဝှမ်းရှိရေနံတွင်းများမှ ပိုက်လိုင်းတစ်လျှောက် မီးလောင်ကျွမ်းမှုကြောင့် ရေနံစိမ်းများစီးဆင်းမှု ရပ်တန့်သွားကြောင်း Argus က ဩဂုတ်လ ၁၃ရက်နေ့တွင် အစီရင်ခံတင်ပြခဲ့သည်။
လစ်ဗျာနိုင်ငံရှိ အကြီးဆုံးရေနံမြေကြီး Sharara တွင် ဆန္ဒပြမှုများကြောင့် ထုတ်လုပ်မှုရပ်ဆိုင်းပြီးနောက် တစ်ပတ်အကြာတွင် ထိုသို့သော အနှောင့်အယှက်များ ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။
ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ခုနှစ် လက်ကျန်လများကို ဇန်နဝါရီလမှ ဇူလိုင်လအတွင်း တင်ပို့မှုကြီးထွားနှုန်းကိုထိန်းထားနိုင်ပါက ၂၀၂၄ခုနှစ်တွင် ၉နှစ်ဆက် ကုန်သွယ်ရေးပိုငွေရရှိနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းပြောကြားခဲ့ကြပါသည်။ အဆိုပါ ၇လတာကာလတွင် နိုင်ငံ၏တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂၂၆.၉၈ဘီလီယံရှိခဲ့ပြီး ၁၅.၇% မြင့်တက်လာကာ ကုန်သွယ်ရေးပိုငွေ ၁၄.၀၈ဘီလီယံရရှိခဲ့ကြောင်း အထွေထွေစာရင်းအင်းရုံး၏ အဆိုအရသိရပါသည်။ ကျွမ်းကျင်သူများက ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၁၀ဘီလီယံတန်ဖိုးရှိသည့် ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ပြီး ၂၀၂၄ခုနှစ် တစ်နှစ်စာလုံးအတွက် ကုန်သွယ်ရေးပို့ငွေအ