ပြည်ပကုန်သွယ်မှုသတင်းများ
တရုတ်နိုင်ငံ Yunnan ပြည်နယ် Hekou ကောင်တီမှ ကိုယ်စားလှယ်အဖွဲ့သည် လွတ်လပ်သောကုန်သွယ်ရေးဇုန်များတည်ထောင်ရာတွင် အတွေ့အကြုံများဝေမျှပေးရန် ဗီယက်နမ်နိုင်ငံ Hai Phong စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့နှင့် Nam Cau Kien စက်မှုဇုန်သို့ မတ်လ ၁၉ မှ ၂၀ ရက်နေ့ ထိ လည်ပတ်ခဲ့ကြောင်း သိရပါသည်။ Hai Phong စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့၏ အကြီးအကဲ ဖြစ်သူ Le Trung Kien က Hai Phong ဆိပ်ကမ်းမြို့၏ များစွာသောကဏ္ဍများတွင် မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ်တည်ရှိနေသည့် တရုတ်၏အခန်းကဏ္ဍကို အသားပေး ပြောကြားခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၆.၂ ဘီလီယံ တန်ကြေး ရှိသည့် စီမံကိန်း ၂၄၅ ခုနှ

ဂျပန်-ဗီယက်နမ်-ထိုင်း ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍချိတ်ဆက်မှုဖိုရမ်ကို မတ်လ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ Udon Thani ပြည်နယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင် များ၊ မူဝါဒချမှတ်သူများက စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများ ရှာဖွေရန် တက်ရောက်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားကို ဂျပန်နိုင်ငံ Fukuoka နှင့် ထိုင်းနိုင်ငံ Khon Kaen ၏ ကောင်စစ်ဝန်ချုပ်များက စီးပွားရေးအသင်းများ၊ ဗီယက်နမ်လူမှု အသိုင်းအဝိုင်း အဖွဲ့အစည်းများနှင့် နှစ်နိုင်ငံစလုံးမှဗီယက်နမ်စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်း၍ ကျင်းပ ခဲ့ကြောင်းသိရပါသည်။ ထိုဖိုရမ်သည် နိုင်ငံသုံးနိုင်ငံအကြ

Techo အပြည်ပြည်ဆိုင်ရာလေဆိပ် (TIA) ကို ယခုဇူလိုင်လတွင် တရားဝင်စတင် ဖွင့်လှစ်ခြင်းသည် ကမ္ဘောဒီးယားနိုင်ငံအား ဒေသတွင်းနှင့် ကမ္ဘာလှည့်ခရီးသည်များ ပိုမို ချိတ်ဆက်နိုင်စေရုံသာမက ၂၀၂၅ ခုနှစ်တွင် နိုင်ငံတကာခရီးသွားဧည့်သည် ၇.၅ သန်းလာရောက် နိုင်စေရန် ကူညီပေးမည်ဖြစ်ကြောင်း ခရီးသွားလာရေးဝန်ကြီး Huot Hak က ၂၀-၃-၂၀၂၅ ရက် နေ့တွင် ပြောကြားခဲ့သည်။ TIA ၏ လက်ရှိတည်ဆောက်နေသည့်နေရာသို့ သွားရောက် လည်ပတ်စဉ်တွင် Hak သည် လေဆိပ်အဆောက်အအုံသည် လေကြောင်းခရီးသည်များ အထူးသဖြင့် နိုင်ငံတကာခရီးသွားများအတွက် အဆင်ပြေစေရေးအတွက် အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့သည်။ တည်ဆောက်ဆဲလေဆိပ်သို့ ခရီးသ

စီးပွားကူးသန်းဝန်ကြီးဌာန (MoC) သည် ၎င်းတို့၏ ထုတ်ကုန်များကို အရည်အသွေးနှင့် ဘေးကင်းမှုစံနှုန်းများဖြစ်ကြောင်း သေချာစေရန်နှင့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို ပံ့ပိုး ကူညီရန် ကမ္ဘောဒီးယားစားသုံးသူများအား တိုက်တွန်းထားသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့က Tboung Khmum ပြည်နယ်၌ ကျင်းပသည့် 'ကမ္ဘောဒီးယားနိုင်ငံ၏ အလားအလာ ရှိသော ထုတ်ကုန်များ ဖော်ထုတ်ခြင်းနှင့် မြှင့်တင်ရေး' နှီးနှောဖလှယ်ပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းရေးမှူး Kosal နှင့် Tboung Khmum ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Keng Bunna တို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို

ပါရီ-ကမ္ဘာလုံးဆိုင်ရာ GDP တိုးတက်မှုသည် ၂၀၂၄ ခုနှစ်တွင် ၃.၂ ရာခိုင်နှုန်းမှ ၂၀၂၅ ခုနှစ် တွင် ၃.၁ ရာခိုင်နှုန်းနှင့် ၂၀၂၆ ခုနှစ်တွင် ၃ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထား ကြောင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (OECD) က ၎င်း၏ နောက်ဆုံးထွက်စီးပွားရေးမျှော်မှန်းချက်တွင် ပြောကြားခဲ့သည်။ ၎င်း၏ ယခင်ကြိုတင်ခန့်မှန်း ချက်မှ ပြန်လည်ပြင်ဆင်မှုသည် G20 နိုင်ငံအများအပြားတွင် ပိုမိုမြင့်မားသော ကုန်သွယ်မှု အတားအဆီးများ၊ ရင်းနှီးမြှုပ်နှံမှုနှင့်အိမ်ထောင်စုအသုံးစရိတ်အပေါ် ချိန်တွယ်နေသော ပထဝီဝင်နိုင်ငံရေးနှင့် မူဝါဒဆိုင်ရာမရေရာမှုတိ

ကမ္ဘောဒီးယား တော်ဝင်အစိုးရ (RGC) နှင့် အမေရိကန် အောက်လွှတ်တော်ကိုယ်စားလှယ် အဖွဲ့တို့သည် နိုင်ငံတော်၏ အလားအလာရှိသော ကဏ္ဍများတွင် အမေရိကန်ရင်းနှီးမြှုပ်နှံသူများ ကို ဆွဲဆောင်ရန် မဟာဗျူဟာများကို ဆွေးနွေးခဲ့ကြသည်။ အမေရိကန် အောက်လွှတ်တော်၏ ဦးစီးအရာရှိချုပ် Brett Horton သည် ကိုယ်စားလှယ်အဖွဲ့အား ကမ္ဘောဒီးယားနိုင်ငံ၊ ဖွံ့ဖြိုး တိုးတက်ရေးကောင်စီ (CDC) ၏ ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (CIB) ၏ အထွေထွေ အတွင်းရေးမှူးချုပ် Chea Vuthy နှင့် မတ်လ ၁၇ ရက်က ဖနွမ်းပင်မြို့၌ တွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် CIB အထွေထွေအတွင်းရေးမှူးချုပ်သည် ကမ္ဘောဒီးယားနိုင်ငံ ရင်းနှီးမြှုပ်န

အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီကြမ်းနှင့် သန့်စင်ထားသော စားအုန်းဆီချော တင်ပို့မှုသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီတွင် ၆၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လျက် ၄ လကြာအမြင့်ဆုံးသို့ ရောက် ရှိခဲ့ကြောင်းနှင့် စားအုန်းဆီတင်ပို့မှုအပေါ် စည်းကြပ်သည့်အခွန် နိမ့်ကျခြင်းက မလေးရှားနိုင်ငံ၏ စားအုန်းဆီကို ဝယ်ယူသည့်သူများကိုပင် ဆွဲဆောင်နိုင်ခဲ့သဖြင့် တင်ပို့မှုမြင့်တက်လာရခြင်း ဖြစ် ကြောင်း အင်ဒိုနီးရှား စာရင်းအင်းဗျူရိုက မတ်လ ၁၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံတွင် လက်ရှိကာလ၌ စားအုန်းဆီတင်ပို့မှုအပေါ် ပို့ကုန်အခွန်နှုန်းထားကို စားအုန်းဆီကြမ်း ရည်ညွှန်းစျေးနှုန်း၏ ၃ ရာခိုင်နှုန်းမှ ၇.၅ ရာခိုင်နှုန်းအတွင်း စည်းကြပ်လျက် ရှိရာမှ ၄.၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအတွင်းသို့ တိုးမြှင့်ကောက်ခံရန် စီစဉ်လျက်ရှိကြောင်းနှင့် ဇီဝဒီဇယ်ဆီ ထုတ်လုပ်ရာတွင် အသုံးပြုသည့် စားအုန်းဆီပမာဏကို တိုးမြှင့်နိုင်ရေးအတွက် ဘဏ္ဍာငွေထောက်ပံ့ရန် စီစဉ်နေကြောင်း Reuters သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။

ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် ၂၀၂၅ ခုနှစ် ပထမ ၂ လအတွင်း ဆန်နှင့်စပါးတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၂၀ ခန့် ရရှိခဲ့သည်ဟု ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) က မတ် ၁၂ ရက်နေ့တွင် အစီရင်ခံဖော်ပြခဲ့ပါသည်။

ထိုင်းနိုင်ငံတွင် ကော်ဖီစေ့ဈေးနှုန်းများ မြင့်တက်လျက်ရှိမှုနှင့်အတူ စိုက်ပျိုးထုတ်လုပ်မှု ဧရိယာကို တိုးချဲ့လျက်ရှိသော်လည်း အထွက်ပမာဏ သိသာစွာကျဆင်းလျက် ကော်ဖီစေ့ပြတ် လပ်မှုနှင့် ကြုံတွေ့နေရသဖြင့် ၂၀၂၅ ခုနှစ်တွင် ကော်ဖီစေ့၊ အသင့်သောက်သုံးနိုင်သောကော်ဖီနှင့် အခြားသော ကော်ဖီထုတ်ကုန်များ အပါအဝင် ကော်ဖီတန်ချိန် ၈၀၀၀၀ ခန့်အထိ တင်သွင်းရဖွယ်ရှိ သည်ဟု အစိုးရ အဆင့်မြင့်အရာရှိတစ်ဦးက မတ်လ ၁၈ ရက်နေ့၌ ပြောဆိုကြောင်း The Nation Thailand သတင်းဌာနက ဖော်ပြပါသည်။

ဂျပန်ပြည်တွင်းဈေးကွက်တွင် ဆန်ပြတ်လပ်မှုဖြစ်ပေါ်နေသည့်အတွက် ပုဂ္ဂလိကကဏ္ဍမှ ဆန်တင်သွင်းမှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လျက်ရှိပြီး ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ယခုနှစ် ဇန်နဝါရီလကုန်အထိ အစိုးရထံသို့ ဆန်တင်သွင်းခွင့်လျှောက်ထားမှုမှာ ၉၉၁ တန်အထိ စံချိန်တင် ရောက်ရှိလာကြောင်းသိရှိရပါသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည့် ဈေးကွက် ရာသီနှစ်အတွင်း သကြားတန်ချိန် ၁ သန်းတင်ပို့ရန် လျာထားသော်လည်း မတ်လ ၁၁ ရက်နေ့အထိ တန်ချိန် ၀.၁၅ သန်းသာ တင်ပို့ထားနိုင်ကြောင်း သိရှိရသည်။
