ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Mar 2025

           ပြည်တွင်းဝယ်လိုအားကောင်းမှုနှင့် တည်ငြိမ်သောရောင်းအားတို့ကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဖိလစ်ပိုင်၏ မော်တော်ယာဉ်ရောင်းချရမှုမှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလထက် ၂.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဖိလစ်ပိုင်မော်တော်ကားထုတ်လုပ်သူများ အသင်း (CAMPI)နှင့် ထရပ်ကားထုတ်လုပ်သူများအသင်း၏ ပူးတွဲထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ လတွင် ‌မော်တော်ယာဉ်အစီးရေ ၃၉၁၆၄ စီး ရောင်းချခဲ့ရပြီး ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလက ရောင်းချခဲ့ရသည့် အစီးရေ ၃၈၀၇၂ စီးထက် မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဖေဖော်ဝါရီလတွင် လျှပ်စစ်မော်တော်ယာဉ် ရောင်းချရမှုမှာ အစီးရေ ၁၈၁၆ စီးသို့ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ထို

21 Mar 2025

          အင်ဒိုနီးရှားသမ္မတ Prabowo Subianto က နိုင်ငံတော်စီးပွားရေးကြီးထွားမှုတွင် သိသာထင်ရှားစွာပူးပေါင်းပါဝင်နိုင်ရန်အတွက် အဝတ်အထည်နှင့် အဝတ်အထည်ထုတ်ကုန်များတွင် ရင်းနှီးမြှုပ်နှံသူများအတွက် လိုင်စင်ထုတ်ပေးမှုလုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရန် ဝန်ကြီး များအားညွှန်ကြားခဲ့ကြောင်း သိရပါသည်။ ထိုအချက်ကို စီးပွား‌ရေးရာညှိနှိုင်းဆွေးနွေးရေး ဝန်ကြီး Airlangga Hartarto က အထက်လွှတ်တော်နှင့် အမျိုးသားစီးပွားရေးကောင်စီနှင့် ဂျာကာတာ တွင် မတ်လ ၁၉ ရက်နေ့က အစည်းအဝေးပြီးနောက် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးက အဝတ်အထည်ကဏ္ဍသို့ဝင်ရောက်ရန် အလိုရှိသည့်ရင်းနှီးမြှုပ်နှံသူများ

21 Mar 2025

           ကမ္ဘာလုံးဆိုင်ရာပထဝီနိုင်ငံရေးမသေချာမရေရာမှုများရှိနေသော်လည်း နိုင်ငံ၏အဝတ် အထည်ဈေးကွက်ကိုကာကွယ်ရန် အင်ဒိုနီးရှား-ဥရောပသမဂ္ဂ ဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက် သဘောတူညီချက်(IEU-CEPA) ကိုချက်ချင်းအကောင်အထည်ဖော်ရန်လိုအပ်ကြောင်း အင်ဒိုနီးရှားအစိုးရက အသားပေးပြောကြားခဲ့ပါသည်။ စီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto က ဥရောပသမဂ္ဂသည် အင်ဒိုနီးရှားအဝတ်အထည်ထုတ်ကုန်များအတွက် အကြီးမားဆုံးဈေးကွက်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာဝယ်လိုအား၏ ၃၀ ရာခိုင်နှုန်းရှိကာ ၎င်းတို့နောက် တွင် အမေရိကန်က ၁၅ ရာခိုင်နှုန်းဖြင့် ရပ်တည်နေကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ် သည် တူညီသောသဘော

21 Mar 2025

            MG အမှတ်တံဆိပ်အောက်ရှိကားများထုတ်လုပ်သည့် တရုတ်-ထိုင်းပူးတွဲလုပ်ငန်း SAIC Motor-CP နှင့် MG Sales (Thailand) တို့သည် နှေးကွေးနေသောထိုင်းပြည်တွင်းကားဈေးကွက် ပုံမှန်သို့ပြန်မရောက်မချင်း pickup ကားများထုတ်လုပ်မှုကို ရပ်နားထားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။ MG Sales (Thailand) က ကုမ္ပဏီသည် ဒီဇယ်စွမ်းအင်သုံး pickup ကားများအား နှစ်စဉ်မည်မျှထုတ်လုပ်သည်ဟု မကြေညာခဲ့သော်လည်း ထိုကားများသည် ၎င်းတို့ပြည်တွင်း ထုတ်လုပ်သည့်ကားများထဲတွင် ပမာဏအနည်းငယ်သာပါဝင်ကြောင်း သိရပါသည်။ MG Sales (Thailand) ၏ ဒုတိယဥက္ကဌဖြစ်သူ Pongsak Lertruedeewattanavong က pickup ကားများ သည် ၎င်းတို့၏အဓိ

21 Mar 2025

             တိုယိုတာမော်တာဗီယက်နမ်သည် မတ်လ ၁၉ ရက်နေ့က အစီးရေ ၇၀၀၀၀၀ မြောက် ကားကို ထုတ်လုပ်ခဲ့ပြီး ဗီယက်နမ်တွင် ထိုကိန်းဂဏန်းကိုရောက်ရှိခဲ့သည့် ပထမဆုံးကား ထုတ်လုပ်သူဖြစ်လာကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလသည် တိုယိုတာ၏ ဗီယက်နမ်တွင် လုပ်ငန်းစတင်လည်ပတ်သည့် နှစ် ၃၀ မြောက်ဖြစ်ပြီး ပြည်တွင်းမော်တော်ကား လုပ်ငန်းအဆင့်မြှင့်တင်ရန် ကုမ္ပဏီ၏အာမခံမှုကို သက်သေပြနေကြောင်း သိရပါသည်။ တိုယိုတာမော်တာဗီယက်နမ်၏စက်ရုံကို ဗီယက်နမ်တောင်ပိုင်းရှိ Vinh Phuc ပြည်နယ်တွင် ၁၉၉၅ ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး တစ်နှစ်အကြာတွင် တရားဝင်လုပ်ငန်းစတင်လည်ပတ်ခဲ့ ကြောင်း သိရပါသည်။ ကနဦးထုတ်လုပ်မှုနှုန်း တစ်ရက်

21 Mar 2025

           ၂၀၂၅ ခုနှစ်၏ ပထမနှစ်လတွင် ဗီယက်နမ်၏ပုဇွန်တင်ပို့မှုသည် အထင်ကြီးဖွယ် ကြံ့ကြံ့ခံ နိုင်စွမ်းပြသနေပြီး ပင်လယ်စာလုပ်ငန်းနယ်၏ အဓိကပို့ကုန်အဖြစ် ၎င်းတို့၏ တည်ရှိမှုကို အခိုင် အမာပြသနေကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမနှစ်လတွင် ဗီယက်နမ်သည် ပင်လယ်စာ တင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ရရှိခဲ့ပြီး ထိုတန်ဖိုးထဲမှ အမေရိကန် ဒေါ်လာ ၅၄၂ သန်းသည် ပုဇွန်တင်ပို့မှုမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ပင်လယ်စာ တင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) ၏အဆိုအရ သိရပါသည်။ ထို့သို့ ကြီးထွားမှုဆက်လက်အားကောင်းခြင်းသည် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်

21 Mar 2025

          ဗီယက်နမ်သည် ၂၀၃၀ ပြည့်နှစ်တွင် ကုန်သွယ်မှုပမာဏတွင်သာမက ကုန်သွယ်ရေး ကြီးထွားမှုအမြန်နှုန်းတွင်ပါ ကမ္ဘာ့စီးပွားရေးကြီးထွားမှု အမြန်ဆုံး ၃၀ စာရင်းတွင်ရပ်တည်နိုင် ကြောင်း ဂျာမနီထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း DHL က ခန့်မှန်းပြောကြားခဲ့ပါသည်။ အရှေ့တောင်အာရှနိုင်ငံများသည် ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ စီးပွားရေးကြီးထွားမှု ပမာဏနှင့် အမြန်နှုန်းမြင့်တက်လာနိုင်ခြင်းနှင့်အတူ လာမည့်ငါးနှစ်အတွင်း ကုန်သွယ်ရေး ကြီးထွားမှု အရှိန်မြင့်တက်လာနိုင်ကြောင်း သိရပါသည်။ ဗီယက်နမ်၏ကုန်သွယ်မှုပမာဏသည် ၂၀၁၉-၂၀၂၄ ကာလတွင်နှစ်စဉ်ကြီးထွားနှုန်း ၆.၂ ရာခိုင်နှုန်းမှ ၂၀၂၄-၂၀၂၉ ကာလတွင်

21 Mar 2025

          ဗီယက်နမ်၏လျှပ်စစ်ကားဈေးကွက်သည် ရောင်းချရမှုမြင့်တက်ခြင်းနှင့် နိုင်ငံတကာ အမှတ်တံဆိပ်များတည်ရှိခြင်းနှင့်အတူ လျှင်မြန်စွာကြီးထွားနေကြောင်းသိရပါသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏အဆိုအရ လျှပ်စစ်ကားရောင်းချရမှုသည် ၂၀၂၂ ခုနှစ်တွင် ၈၀၀၀ စီးမှ ၂၀၂၃ ခုနှစ်တွင် ၃၇၈၀၀ စီးသို့ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် အစီးရေ ၉၀၀၀၀ နီးပါးထိရောင်းချခဲ့ရပြီး ၂၀၂၃ ခုနှစ်ကထက် ၂.၅ ဆ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ VinFast သည် ပြည်တွင်းဈေးကွက်ကိုဦးဆောင်ထားပြီး ၃ နှစ်အတွင်း အစီးရေ ၈၇၀၀၀ ‌ရောင်းချ ခဲ့ရကာ ယခုနှစ်ဖေဖော်ဝါရီလတစ်လတည်းတွင် အစီးရေ ၁၂၅၀၀ စီး ရောင်းချခဲ့ ရကြောင်း သိရပါသည်။ BYD န

21 Mar 2025

               ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်း(CCC) မှ ဗီယက်နမ်-ကမ္ဘောဒီးယား ချစ်ကြည်ရေး အသင်း (VCFA) နှင့် ဗီယက်နမ် ရင်းနှီးမြှုပ်နှံသူများကို ဆန်၊ ပီလောပီနံ၊ ရာဘာ၊ သီဟိုဠ်စေ့နှင့် အသားများအပါအဝင် ကမ္ဘောဒီးယားလယ်ယာထွက်ကုန်များ ပိုမိုဝယ်ယူအားပေးရန် တောင်းဆိုထားသည်။ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သော ‘2025 Trade Visit’ ပွဲတွင် ကမ္ဘောဒီးယားကုန်သည်ကြီးများ အသင်း (CCC) ဒုတိယ ဥက္ကဋ္ဌ Chim Sok နှင့် Prey Veng ပြည်နယ် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ တို့ က ကမ္ဘောဒီးယားနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်မရှိသေးသော ဈေးကွက်မ

21 Mar 2025

            ဆန်၊ ပြောင်းနှင့် ပီလောပီနံအပါအဝင် ကမ္ဘောဒီးယားနိုင်ငံ၏ လယ်ယာထွက်ကုန် ကုန်ကြမ်းတန်ချိန် ၃၈၀,၀၀၀ ခန့်ဝယ်ယူရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန(MoC)နှင့် တိရစ္ဆာန်အစာဆိုင်ရာ ကုမ္ပဏီ (၆) ခုတို့ ၁၉-၃-၂၀၂၅ ရက်နေ့က နားလည်မှုစာချွန်လွှာ(MoUs) လက်မှတ်ရေးထိုးခဲ့ကြသည်။ လယ်ယာ ကုန်ကြမ်း ပစ္စည်းဝယ်ယူရေးမြင့်တင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး စီးပွား/ကူးသန်းဝန်ကြီး Cham Nimul က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပခဲ့သည်။ အဆိုပါနားလည်မှုစာချွန်လွှာအရ ပြောင်းတန်ချိန် ၁၈၉,၀၀၀ တန

21 Mar 2025

            ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MoC) မှ ပြည်နယ် အတွင်းရေးမှူး Samheng Bora နှင့် နိုင်ငံခြားပို့ကုန်မြှင့်တင်ရေးလုပ်ငန်းအဖွဲ့(EPTF)၊ ဥက္ကဋ္ဌ တို့သည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ AEON Mall နှင့် 7-Eleven stores ဆိုင်များသို့ ၁၇-၃-၂၀၂၅ ရက်နေ့က သွားရောက်လေ့မှုများပြုလုပ်ခဲ့ကြသည်။ အဆိုပါခရီးစဉ်သည် ဈေးကွက်လမ်းကြောင်းများကို ထိုးထွင်းသိမြင်ရန်နှင့် ဂျပန်နိုင်ငံ၏ ဈေးကွက်များအတွင်း ကမ္ဘောဒီးယားသီဟိုဠ်စေ့များ၏ အနေအထားကိုအကဲဖြတ်ရန် ရည်ရွယ် ထားသည်။ Samheng Bora သည် EPTF အနေဖြင့် နိုင်ငံတကာစံချိန်စံညွှ

21 Mar 2025

          ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul သည်  ဝန်ကြီးဌာနနှင့် တိရစ္ဆာန်အစာထုတ်လုပ်သည့် ကုမ္ပဏီ (၆) ခုတို့အကြား ပြောင်း၊ ပီလောပီနံနှင့် အခြားကုန်ကြမ်းများ ဝယ်ယူမှုမြှင့်တင်နိုင်ရေးပူးပေါင်းဆောင်ခြင်း နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ လက်မှတ်ရေးထိုးပွဲအခမ်အနားသို့ တက်ရောက်လာသော ကုမ္ပဏီ (၆) ခုတွင် M’s Pig ACMC (Cambodia), Betagro (Cambodia) Company Limited, Agri-Master Co Ltd, De Heus TMH Co Ltd, ANT FEED Co Ltd နှင့် CJ CheilJedang Feed (Cambodia) Co Ltd ပါဝင်ကြသည်။ အဆိုပါနားလည်မှု  စာချွန်လွ

Pages