ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
25 Jul 2024

      ၂၀၂၄ခုနှစ်၏ ပထမ(၆)လတွင် ကမ္ဘောဒီးယားနိုင်ငံ၌ လုပ်ငန်းအသစ်၃၁၃၀ဝင်ရောက်လာသည့်အတွက် နိုင်ငံရှိစက်ရုံအရေအတွက်မှာ ၄၄၄၁၇အထိမြင့်တက်လာခဲ့ပြီး လူဦးရေ ၁.၇၉သန်းအလုပ်လုပ်ကိုင်နေကြကြောင်း အလုပ်သမားနှင့် အသက်မွေးဝမ်းကြောင်းလေ့ကျင့်ရေးဝန်ကြီးဌာန(MLVT)ကထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရသိရပါသည်။ MLVT ၏ ပြောရေးဆိုခွင့်ရှိသူ Kata On က အသစ်ဖွင့်လှစ်လိုက်သည့်လုပ်ငန်းများသည် အလုပ်သမား ၇၇၄၃၆ဦးကိုခန့်အပ်နိုင်ခဲ့ပြီး ယင်းအနက် ၄၃၁၇၂ဦးသည် အမျိုးသမီးများဖြစ်ကြောင်းသိရပါသည်။ လုပ်ငန်းအသစ်များအနက် ၈၂ခုသည် အထည်ချုပ်ကဏ္ဍမှဖြစ်ပြီး အလုပ်သမား ၃၇၈၂၇ဦးခန့်အပ်ထားကြောင်းသိရပါသည်။ လုပ်ငန်း ၁၅၃၈ခုသည်

25 Jul 2024

    အင်ဒိုနီးရှားနိုင်ငံ၊ စီးပွားရေးရာညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့စားအုန်းဆီတင်ပို့မှုကိုလွှမ်းမိုးထားပြီး ကမ္ဘာ့စားအုန်းဆီထောက်ပံ့မှု၏ ၅၄ရာခိုင်နှုန်းရှိကြောင်းပြောကြားခဲ့ပါသည်။ ၂၀၂၃ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီတန်ချိန် ၅၆သန်းထုတ်လုပ်ခဲ့ပြီး တန်ချိန် ၂၆.၃၃သန်းတင်ပို့ခဲ့ကြောင်းသိရပါသည်။ စားအုန်းဆီသည် အင်ဒိုနီးရှားနိုင်ငံအတွက် မဟာဗျူဟာမြောက်ပို့ကုန်ပစ္စည်းဖြစ်ကြောင်းသိရပါသည်။ ဝန်ကြီးက စားအုန်းဆီလုပ်ငန်းသည် လုပ်သား ၁၆.၂သန်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပံ့ပိုးထားကြောင်းပြောကြားခဲ့ပါသည်။ စားအုန်းဆီသည် စားအုန

25 Jul 2024

       VinFast ကုမ္ပဏီသည် ၎င်းတို့၏ လျှပ်စစ်ကားထုတ်လုပ်မည့်စက်ရုံသစ်ကို အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားစီရင်စုရှိ Subang မြို့တွင် ဇူလိုင်လ ၅ရက်နေ့က စတင်ဆောက်လုပ်ခဲ့ကြောင်းသိရပါသည်။ VinFast ၏ အရှေ့တောင်အာရှ၏ အာမခံချက်အမြင့်ဆုံး လျှပ်စစ်ကားဈေးကွက်ထဲမှ တစ်ခုထဲသို့ ယခုကဲ့သို့ ဝင်ရောက်လာပေးမည်ဖြစ်ပြီး ကုမ္ပဏီ၏ ဒေသတွင်းတည်ရှိမှုကို တိုးချဲ့နိုင်မည်ဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံ၏ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာသည့် လျှပ်စစ်ကားနယ်ပယ်ကို ပံ့ပိုးနိုင်မည်ဖြစ်ကြောင်းသိရပါသည်။ အမေရိကန်ဒေါ်လာသန်း၂၀၀ခန့် ကနဦးရင်းနှီးမြှုပ်နှံမည့်စက်ရုံသည် နှစ်စဉ် မော်တော်ယာဉ်အစီးရေ၅၀၀၀၀ ထုတ်လုပ်နိုင်စွမ်း

25 Jul 2024

      GAC Group ၏ လက်အောက်ခံကုမ္ပဏီဖြစ်သော တရုတ်လျှပ်စစ်ကားထုတ်လုပ်သည့် GAC Aion သည် ထိုင်းနိုင်ငံတွင် ပထမဆုံးစက်ရုံကိုဖွင့်လှစ်ခဲ့ပြီး လျင်မြန်စွာကြီးထွားလာသည့် လျှပ်စစ်ကားဈေးကွက်အတွက် ဒေသအတွင်း အဓိကတင်ပို့ရာနှင့်တပ်ဆင်ရာ အချက်အခြာနေရာအဖြစ် အသုံးပြုသွားမည်ဟုသိရပါသည်။ GAC Group ၏ဥက္ကဋ္ဌ Zeng Qinghong က ၎င်းတို့သည် ထိုင်းနိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်မှုကိုပံ့ပိုးပေးသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံကို အရှေ့တောင်အာရှ၏ လျှပ်စစ်ကားစက်မှုလုပ်ငန်းဗဟိုချက်အဖြစ် မြှင့်တင်သွားမည်ဟုပြောကြားခဲ့ပါသည်။ စက်ရုံကို ဘန်ကောက်မြို့အရှေ့ဘက် ၁၁၂မိုင်အကွာရှိ Rayong စီရင်စုရှိ စက်မှုဇုန်တွင် တည်ဆောက

22 Jul 2024

    ဖိလစ်ပိုင်နိုင်ငံတွင် ဆန်စပါးထုတ်လုပ်မှုနှင့် ဆန်သိုလှောင်မှုလက်ကျန်ပမာဏ များပြားသော်လည်း နိုင်ငံတွင်း ဆန်စျေးနှုန်းကြီးမြင့်မှုနှင့် မကြာသေးမီက ထုတ်ပြန်လိုက်သည့် အစိုးရ၏ မူဝါဒဖြစ်သော သွင်းကုန်အခွန်ကို ၃၅ ရာခိုင်နှုန်းမှ  ၁၅ ရာခိုင်နှုန်းအထိ  လျှော့ချခဲ့ခြင်းတို့ကြောင့် ၂၀၂၄-၂၀၂၅ စျေးကွက်ဝင်နှစ်တွင် ဆန်တန်ချိန် ၄.၇ သန်းအထိ  စံချိန်တင် တင်သွင်းနိုင်ဖွယ်ရှိ ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာနရှိ နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှု (FAS) ၏ အစီရင်ခံစာအရ သိရသည်။

22 Jul 2024

    ဗီယက်နမ်နိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်များတင်ပို့ရာတွင် ဈေးကွက်ပေါက်ဈေးထက် ဈေးနှုန်းမြင့်မားစွာ ရောင်းချခဲ့သည်ဟု အင်ဒိုနီးရှားအရပ်ဘက်အဖွဲ့အစည်းတစ်ခု၏ စွပ်စွဲချက်အား ဗီယက်နမ် ဆန်တင်ပို့ရောင်းချသူ Tan Long Group က ငြင်းဆိုခဲ့သည်။

22 Jul 2024

   ဗီယက်နမ်ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း (VPSA) မှ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ဗီယက်နမ်နိုင်ငံမှ ငရုတ်ကောင်း ၁၄၂၅၈၆ တန် တင်ပို့ခဲ့ပြီး ပမာဏအားဖြင့် ၆.၈% ကျဆင်းခဲ့သော်လည်း တန်ဖိုးအားဖြင့် ၃၀.၅% မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

22 Jul 2024

    ထိပ်တန်းဆန်တင်ပို့သည့် အိန္ဒိယနိုင်ငံမှ ကန့်သတ်ချက်များ ဖြေလျှော့မည့်အလားအလာကို ဈေးကွက်များမှ စောင့်ဆိုင်းနေသောကြောင့် ဗီယက်နမ်မှတင်ပို့သည့် ဆန်ဈေးနှုန်းများသည် တစ်နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ပြီး ဝယ်လိုအားနည်းပါးချိန်ဖြစ်သည့် ယခု အပတ်အတွင်း ထိုင်းဆန်ဈေးနှုန်းများလည်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။

22 Jul 2024

    အိန္ဒိယနိုင်ငံ၌ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် စားအုန်းဆီကြမ်းနှင့် နေကြာဆီကြမ်း တင်သွင်းမှု ပိုများလာခြင်းကြောင့် စားသုံးနိုင်သောဆီနှင့် စားသုံးခြင်းမပြုနိုင်သောဆီများ ပါဝင်သည့် စုစုပေါင်း ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုသည် ၁၈% ခန့် မြင့်တက်ခဲ့ပြီး တန်ချိန်အားဖြင့် ၁၅.၅ သိန်းခန့်ရှိကြောင်း၊ အိန္ဒိယဆီကြိတ်ခွဲထုတ်လုပ်သူများအသင်း (Solvent Extractors' Association of India-SEA) ၏ အချက်အလက်များအရ ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုသည် ယခင်နှစ် ဇွန်လတင်သွင်းမှု တန်ချိန် ၁၃၁၄၄၇၆ နှင့် နှိုင်းယှဉ်ပါက ယခုနှစ်၊ ဇွန်လအတွင်း တန်ချိန် ၁၅၅၀၆၅၉ ရှိ ကြောင်း Economic Times သတင်းဌာနက ၁၁-၇-၂၀၂၄ ရက်နေ့တ

22 Jul 2024

    အိန္ဒိယနိုင်ငံတွင် Kabuli Chana ခေါ် ကုလားပဲအဖြူမျိုး အပါအဝင် ပဲစင်းငုံနှင့်ကုလားပဲတို့ အား ကုန်သည်လုပ်ငန်းရှင်များ၏ လက်ဝယ်၌ အများဆုံးသိုလှောင်ထားနိုင်မည့် ပမာဏ ကန့်သတ် ချက်များ ချမှတ်ထားရာမှ ၁၁-၇-၂၀၂၄ နေ့တွင် အစိုးရက ပြန်တမ်းထုတ်ပြန်လျက်  Kabuli Chana ကုလားပဲအဖြူကို အဆိုပါ ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

22 Jul 2024

    ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးများသည် ဆန်စပါး လုပ်ငန်းနယ်ပယ်၌ မိတ်ဖွဲ့ရင်းနှီးမြှုပ်နှံမှုဖြင့် ကုန်သွယ်ရေးဆက်ဆံမှုကိုမြှင့်တင်ရန်နှင့် နှစ်နိုင်ငံ အကြား ဆန်စပါးလုပ်ငန်း မဟာမိတ်အဖွဲ့တစ်ရပ်ကို ထူထောင်ရန်အတွက် သဘောတူညီခဲ့ကြကြောင်း ANN သတင်းအရင်းအမြစ်ကို ကိုးကားလျက် မလေးရှား The Star Online သတင်းဝက်ဆိုက်က ဖော်ပြပါသည်။

22 Jul 2024

     ဖိလစ်ပိုင်နိုင်ငံတွင် ဆန်တင်သွင်းမှု အကောက်ခွန်နှုန်းထားများ လျှော့ချပေးခြင်းမှ ဆန်ရောင်းလိုအားကွင်းဆက်အပေါ် သက်ရောက်မှုများကို လေ့လာဆန်းစစ်ရန်အတွက် နိုင်ငံတစ်ဝန်း ၌ ဆန်ဈေးနှုန်းများအား ကုန်သွယ်ရေးနှင့်စက်မှုဌာန (DTI) နှင့် စိုက်ပျိုးရေးဌာန (DA) တို့ ပူးပေါင်း၍ စောင့်ကြည့်ကြပ်မတ်မှု လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

Pages