ပြည်ပကုန်သွယ်မှုသတင်းများ
၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်တာကာလတွင် ကုန်သွယ်ရေးအားကောင်းစွာ တိုးတက်လာမှုကြောင့် ယခုနှစ်တွင် ဗီယက်နမ်နှင့်တရုတ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံရောက်ရှိရန် ခန့်မှန်းရကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန(MOIT)၏ ထုတ်ပြန်ချက်အရ နှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုသည် ၂၀၂၄ ၏ ပထမနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၉၅ ဘီလီယံနီးပါးဖြင့် အားကောင်းစွာ ပြန်လည်နာလန်ထူလာကြောင်း သိရပါသည်။ အဆိုပါကာလအတွင်း ဈေးကွက် ကြီးများမှ မှာယူမှုများမှာ သိသာစွာမြင့်တက်ခဲ့ပြီး တင်ပို့မှုလုပ်ရန်အတွက် ထုတ်လုပ်ခြင်း ဆောင်ရွက်ပေးမည့် စက်ယန္တရားနှင့်
ထိုင်းနိုင်ငံစီးပွားရေးဝန်ကြီးဌာနသည် ဆန်တင်ပို့သူများအသင်းကိုဦးဆောင်၍ ဖိလစ်ပိုင် နိုင်ငံသို့သွားရောက်ခဲ့ပြီး ဘတ် ၂.၈ ဘီလီယံ တန်ဖိုးရှိသည့် ဆန်ကုန်သွယ်မှုနားလည်မှုသဝဏ်လွှာ (MOUs)ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ ပြည်ပကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipat သည် ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်း၊ ဥက္ကဌ Charoen Laothamatas ပါဝင်သော ဆန်ကုန်သည်များကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ ဖိလစ်ပိုင်နိုင်ငံသို့ ဇူလိုင်လ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ သွားရောက်ခဲ့ကြောင်း သိရပါသည်။ ထိုင်းတင်ပို့သူများနှင့် ဖိလစ်ပိုင်နိုင်ငံ ဆန်တင်သွင်းသူများအကြား ဘတ်
ဖိလစ်ပိုင်နိုင်ငံသည် အစားအသောက်ဖူလုံမှုရှိစေရေးအတွက် ဗီယက်နမ်နှင့် ဆန်တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အလိုရှိကြောင်း ဖိလစ်ပိုင်နိုင်ငံစိုက်ပျိုးမွေးမြူရေး အတွင်းရေးမှူး Francisco Tiu Laurel က ဗီယက်နမ်နိုင်ငံသို့လည်ပတ်ခဲ့သည့်ခရီးစဉ်တွင် ပြောကြားခဲ့ပါသည်။ Laurel သည် ဗီယက်နမ်၏အဓိက ဆန်ထုတ်လုပ်သည့်ဧရိယာများထဲမှတစ်ခုဖြစ်သည့် AnGiang ၏ မဲခေါင်ဒယ်တာစီရင်စုသို့ လည်ပတ်ခဲ့ကြောင်း စီရင်စု၏ပြည်သူ့ကော်မတီက ၈-၇-၂၀၂၄ က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့တတိယအကြီးဆုံး ဆန်တင်ပို့သူဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသည် လတ်တလောနှစ်များအတွင်း ၎င်းတို့၏
လူစားသုံးရန်နှင့်တိရစ္ဆာန်အစာအတွက် အင်းဆက်နှင့်အင်းဆက်ထုတ်ကုန်များ တင်သွင်းခွင့်ကို စင်္ကာပူအစိုးရကခွင့်ပြုခဲ့ကြောင်း သိရပါသည်။ စင်္ကာပူအစားအစာအေဂျင်စီက အစားအစာ အဖြစ်ခွင့်ပြုထားသည့် အင်းဆက်အမျိုးအစား(၁၆)မျိုး တင်သွင်းရာတွင် လမ်းညွှန်ချက်ပေးမည့် အင်းဆက်ထိန်းသိမ်းကန့်သတ်မှုအဖွဲ့ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အင်းဆက် များနှင့်အင်းဆက် ထုတ်ကုန်များကို လူစားသုံးရန်နှင့်အစားအစာထုတ်လုပ်ပေးသည့် တိရစ္ဆာန်များအတွက် တိရစ္ဆာန်အစာအဖြစ် အသုံးပြုသွားမည်ဟု သိရပါသည်။ လူနှင့်တိရစ္ဆာန် အစားအစာထဲတွင် အင်းဆက်များ ကို ထည့်သွင်းသည်စင်္ကာပူ၏ အစားအစာတင်သွင်းမှုကို မှီခိုနေမှုအားလျှော့ချရန်နှင့်
ပြည်တွင်း ဆီအုန်းသီးခိုင်ဈေးနှုန်း တည်ငြိမ်စေရန် ရည်ရွယ်လျက် ယခုနှစ်တွင် စားအုန်း ဆီကြမ်း တန်ချိန် ၈ သိန်းတင်ပို့ရန် ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းကုန်သွယ်ရေးဌာနကမျှော်မှန်းထားကြောင်း Bangkok Post သတင်းဌာနက ၈-၇-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။
ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel သည် ဇူလိုင်လ ပထမသီတင်းပတ်ကုန်ရက်များတွင် ဗီယက်နမ်နိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ဖိလစ်ပိုင်၏ စားနပ်ရိက္ခာဖူလုံရေးအတွက် ဗီယက်နမ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုကြောင်း ပြောကြားခဲ့ပြီး ဗီယက်နမ်၏ အဓိက ဆန်စပါးထွက်ရှိရာ ဒေသများထဲမှ တစ်ခုဖြစ်သည့် မဲခေါင်မြစ်ဝ ကျွန်းပေါ်ဒေသရှိ An Giang ပြည်နယ်သို့ သွားရောက်ခဲ့ကြောင်း အဆိုပါပြည်နယ် ပြည်သူ့ ကော်မတီက ၈-၇-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူ အိန္ဒိယသည် အောက်တိုဘာလတွင် ကောက်ပဲသီးနှံသစ်များ ဈေးကွက်သို့မရောက်မီ နိုင်ငံတွင်း ဆန်ပိုလျှံမှုလွန်ကဲခြင်းမရှိစေရေးအတွက် အချို့သော ဆန် မျိုးကွဲများ တင်ပို့မှုအပေါ် ကန့်သတ်ချက်များကို ဖြေလျှော့သွားဖွယ်ရှိသည်ဟု အဆိုပါကိစ္စနှင့် နီးစပ်သူများထံမှ သိရသည်။
ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံး သကြားထုတ်လုပ်သည့် Khon Kaen Sugar Industry Plc (KSL)ကုမ္ပဏီသည် လုပ်သာကိုင်သာမရှိသော စီးပွားရေးအခြေအနေများကြောင့် ၎င်း၏ရင်းနှီး မြှုပ်နှံမှုများကို ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့သောကြောင့် ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ သကြားလုပ်ငန်းတိုးချဲ့ရာတွင် အဟန့်အတားဖြစ်စေကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံ ပြည်ပကုန်သွယ်ရေးဦးစီးဌာနက ဦးဆောင်လျက် ထိုင်းဆန်တင်ပို့သူများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်သော ခရီးစဉ်အတွင်း တန်ဖိုးအားဖြင့် ဘတ်ငွေ ၂.၈ ဘီလီယံရှိမည့် ဆန်တန်ချိန် စုစုပေါင်း ၁၃၀၀၀၀ ကို တင်ပို့ရန်အတွက် နားလည်မှုစာချွန်လွှာ ၉ စောင်ကို ဖိလစ်ပိုင်ရှိ ဆန်တင် သွင်းသူ လုပ်ငန်းရှင်များနှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရှိရသည်။
အာဖရိကဒေသအတွင်း လူဦးရေအများဆုံးနိုင်ငံဖြစ်သော နိုင်ဂျီးရီယားနိုင်ငံ၌ ကုန်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းချုပ်နိုင်ရေးနှင့် သင့်တင့်သောလက်လီဈေးနှုန်း ဖြစ်ပေါ်စေရေးအတွက် ဂျုံနှင့်ပြောင်း တင်သွင်းမှုအပေါ် အခွန်စည်းကြပ်ခြင်းကို ရက်ပေါင်း ၁၅၀ ကြာအထိ ဆိုင်းငံ့မည်ဟု လယ်ယာစိုက်ပျိုးရေးဝန်ကြီး Abubakar Kyari က ၈-၇-၂၀၂၄ နေ့တွင် ပြောကြားခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သော ၂ နှစ် ဆက်တိုက်ကာလ၌ ပြည်ပမှ ဆန်များတင်သွင်းခဲ့ရခြင်း မရှိသကဲ့သို့ ယခုနှစ်တွင်လည်း ဆန်တင်သွင်းရန် လိုအပ်ချက်မရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ် အနေဖြင့် အနာဂတ်ကာလ၌ ဆန်တင်သွင်းမှုအစား ဆန်တင်ပို့ခြင်းကို လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်းဖြင့် ၇-၇-၂၀၂၄ နေ့၊ Naogaon ခရိုင်တွင် ကျင်းပသော စိုက်ပျိုးရေးနည်းပညာပြပွဲ-၂၀၂၄ ၏ ဖွင့်ပွဲအခမ်းအနား၌ ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာရေးရာဝန်ကြီး Sadhan Chandra Majumder က ပြောကြားခဲ့သည်။
ဩစတြေးလျနိုင်ငံနှင့်နယူးဇီလန်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်စားလှယ်အဖွဲ့သည် အလားအလာရှိသော ရင်းနှီးမြှူပ်နှံမှုအခွင့်အလမ်းများကို ရှာဖွေရန် ကမ္ဘောဒီးယားနိုင်ငံသို့ မကြာသေးမီက လာရောက်လည်ပတ်ခဲ့ကြသည်။