ပြည်ပကုန်သွယ်မှုသတင်းများ
ဩစတြေးလျနိုင်ငံနှင့်နယူးဇီလန်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်စားလှယ်အဖွဲ့သည် အလားအလာရှိသော ရင်းနှီးမြှူပ်နှံမှုအခွင့်အလမ်းများကို ရှာဖွေရန် ကမ္ဘောဒီးယားနိုင်ငံသို့ မကြာသေးမီက လာရောက်လည်ပတ်ခဲ့ကြသည်။
Geely Automobile Holdings Ltd သည် ၎င်း၏ပထမဆုံး ပရီမီယံလျှပ်စစ်ကားကို ၂၀၂၆ ခုနှစ်အစောပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ၌မိတ်ဆက်ရန်စီစဉ်နေပြီး Hyundai Mortor ကုမ္ပဏီ နှင့် ဖက်စပ်ကုမ္ပဏီ Kia Corp တို့ အုပ်ချုပ်နေဆဲဖြစ်သော တရုတ်ကားထုတ်လုပ်သူများ၏ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် မျှော်လင့်ထားကြသည်။
ဂျာမနီနိုင်ငံ၏ VDA မော်တော်ကားအသင်းသည် ကြာသပတေးနေ့(ဇူလိုင်လ ၁ ရက်နေ့) မတိုင်မီ ညှိနှိုင်းမှုများအပေါ် ဩဇာလွှမ်းမိုးရန် တရုတ်လျှပ်စစ်ကားများအား အကောက်ခွန်များကို လျှော့ချပေးရန် ဥရောပကော်မရှင်အား တိုက်တွန်းထားသည်။
စင်္ကာပူနိုင်ငံမှပိုင်ဆိုင်သော Keppel ၏ ယူနစ်တစ်ခုဖြစ်သည့် Voltsingapor သည် လုပ်ငန်းသုံးကားများနှင့် ခရီးသည်တင်ကားများ ဝန်ဆောင်မှုပေးရန်အတွက် မြို့တော်ပြည်နယ် အတွင်း၌ လျှပ်စစ်ကားအမြန်အားသွင်းစင်တာတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက တနင်္လာနေ့(ဇူလိုင်လ ၈ ရက်နေ့)က ပြောကြားခဲ့သည်။
ဘတ်စ်ကားများ၊ တက္ကစီများ၊ ပုဂ္ဂလိကပိုင်ကားများနှင့် အခြားသော EV ကားများအတွက် Charging point (၈၀)အထိ ထားရှိပေးမည်ဖြစ်ပြီး အဆိုပါစင်တာအသစ်သည် အရှေ့တောင် အာရှတွင် တစ်ခုတည်းသော အမြန်အားသွင်းစင်တာဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် ၎င်း၏စားနပ်ရိက္ခာဖူလုံမှုကိုသေချာစေရန် ဗီယက်နမ်နိုင်ငံနှင့် ဆန်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုကြောင်း ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel က ဗီယက်နမ်နိုင်ငံသို့ လွန်ခဲ့သောသီတင်းပတ်က လာရောက်လည်ပတ်စဉ် ပြောကြားခဲ့သည်။
စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel သည် အရှေ့တောင်အာရှနိုင်ငံများ၏ အဓိက ဆန်စပါးထွက်ရှိရာဒေသများထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် ဗီယက်နမ်မြစ်ဝကျွန်းပေါ်ဒေသ An Giang သို့ သွားရောက်ခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကော်မတီက ဇူလိုင်လ ၈ ရက်နေ့က ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်မှအိန္ဒိယသို့ ကြက်သွန်နီတင်ပို့သည့် လုပ်ငန်းစဉ်ကို ပထမဆုံးအကြိမ် စတင်လိုက်ပြီဖြစ်ကြောင်း Kunar ပြည်နယ်မှ ကုန်သည်များက ပြောကြားခဲ့သည်။ ထို Afghani (AFN) ၉၁ သန်းခန့်တန်ဖိုးရှိသော ကြက်သွန်နီတင်ပို့မှုသည် အိန္ဒိယနိုင်ငံသို့ (၁)လမပြည့်မီ ကာလအတွင်း ရောက်ရှိမည်ဖြစ်သည်။ ရှေးဦးစွာ တန်ချိန် ၈၀၀၀ ခန့်ရှိသော ကြက်သွန်နီများ အား ပထမ ဆုံးအကြိမ်အဖြစ် ပါကစ္စတန်မှတစ်ဆင့်အိန္ဒိယသို့ တင်ပို့ခဲ့ပြီးကြောင်း TV မှတစ်ဆင့် ထုတ်လွှင့်ပြောကြားခဲ့သည်။
Honda Motar ကုမ္ပဏီသည် Ayutthaya ရှိ ၎င်းတို့၏စက်ရုံတွင် ကားထုတ်လုပ်မှုကို ၂၀၂၅ တွင် ရပ်တန့်တော့မည်ဖြစ်ပြီး Prachin Buri ရှိ စက်ရုံတွင်ပေါင်းစပ်၍ ကားထုတ်လုပ်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါကိစ္စသည် တရုတ်နိုင်ငံမှမော်တော်ကားများ ထိုင်းနိုင်ငံ ဈေးကွက်ဝေစုတိုးမြှင့်ရရှိရန် ကြိုးပမ်းလာမှုနှင့် စားသုံးသူများက လျှပ်စစ်ကား ဝယ်လိုအား ကြီးထွားလာမှုကြောင့် ဂျပန်နိုင်ငံ၏ ဒုတိယအကြီးမားဆုံး ကားကုမ္ပဏီကြီးသည် ထိုင်းနိုင်ငံတွင် ခက်ခဲသည့်အခြေအနေများနှင့် ရင်ဆိုင်လာရသောကြောင့်ဖြစ်သည်ဟု သိရပါ သည်။ Honda သည် လာမည့်နှစ်တွင် ကားထုတ်လုပ်မှုရပ်တန့်မည့် ၁၉၉၆ ၌ ဖွင့်လှစ်ခဲ့ သည့်
ဗီယက်နမ်နိုင်ငံ၏ ကွန်ပျူတာများ၊ ကွန်ပျူတာအစိတ်အပိုင်းများ၊ အီလက်ထရောနစ်၊ စက်ယန္တရားများ၊ ပစ္စည်းကိရိယာများ၊ အဝတ်အထည်နှင့် ခြေအိတ်များအား အမေရိကန်သို့ တင်ပို့မှု သည် ကြီးထွားရန်ရှိနေသေးကြောင်း ကုန်သွယ်ရေးကျွမ်းကျင်ပညာရှင်များအဆိုအရ သိရပါသည်။ ယခုနှစ်၏ ပထမနှစ်ဝက်ကာလတွင် ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံ တန်ဖိုးရှိသည့် ကုန်ပစ္စည်းများကို အမေရိကန်နိုင်ငံသို့တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၂၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ အခြားဈေးကွက်များဖြစ်သည့် ဥရောပ သမဂ္ဂ၊ အာဆီယံနှင့် တောင်ကိုရီးယားတို့ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရပါသည်။ အဆိုပါကာလတွင် ကုန်ပစ္စည်
ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Pham Minh Chinh က မလေးရှားနိုင်ငံသည် ဗီယက်နမ်နိုင်ငံ ၏ အဓိကကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်နိုင်ငံဖြစ်ကြောင်း မလေးရှားနိုင်ငံ ရင်းနှီး မြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန Zafrul Abdul Aziz နှင့် ဟနွိုင်းမြို့တွင် ဇူလိုင်လ (၈)ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံရှိ ဥရောပကုန်သည်ကြီးများအသင်း(EuroCham)က ဗီယက်နမ်၏ တည်ငြိမ်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ယုံကြည်ချက်ရှိကြောင်း ဘယ်လ်ဂျီယံနိုင်ငံရှိ ဗီယက်နမ်သံရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၌ ပြောကြားခဲ့ပါသည်။ ဇူလိုင်လ ၂ ရက်နေ့က ကျင်းပခဲ့သည့်အခမ်းအနားတွင် ဘယ်လ်ဂျီယံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Nguyen Van Thao က ဗီယက်နမ်နှင့် ဥရောပသမဂ္ဂအကြား အစိမ်းရောင်နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိန်းထားခြင်း၊ ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်နယ်ပယ်နှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။<
အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှု၏ သက်ရောက်မှုများကို လျော့ပါးစေရန်အတွက် အင်ဒိုနီးရှားနိုင်ငံသည် တရုတ်ကုန်ပစ္စည်းများတင်သွင်းခွန်ကို ၂၀၀ ရာခိုင်နှုန်းထိ ကောက်ခံသွားမည်ဟု ကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan ၏ အဆိုအရ သိရပါသည်။ မူဝါဒသည် သက်ဆိုင်ရာစည်းမျဉ်းများထုတ်ပြန်ပြီးက သက်ရောက်မည်ဖြစ်ပြီး ထိုကုန်သွယ်ရေးတင်းမာမှုသည် တရုတ်နိုင်ငံတွင် ရောင်းလိုအားအလွန်များပြားလာမှုကို ဖြစ်ပေါ်စေပြီး အင်ဒိုနီးရှားကဲ့သို့သော အခြားဈေးကွက်များသို့ ဦးတည်ရာပြောင်းလဲ၍ တင်ပို့လာနိုင် ကြောင်း သိရပါသည်။ တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများအပေါ် အကောက်ခွန် ၁၀၀ ရာခိုင်နှုန်းမှ
တရုတ်နိုင်ငံ၏ BYD ကားကုမ္ပဏီသည် ၎င်းတို့၏ အရှေ့တောင်အာရှတွင် ပထမဆုံး လျှပ်စစ်ကားစက်ရုံကို ထိုင်းနိုင်ငံတွင် ၄-၇-၂၀၂၄ နေ့က ဖွင့်လှစ်ခဲ့ပါသည်။ BYD ၏ CEO နှင့်ဥက္ကဌ ဖြစ်သူ Wang Chuanfu က ထိုင်းနိုင်ငံသည် လျှပ်စစ်ကားနှင့်ပတ်သက်၍ မြင်သာသည့် ရှုမြင်မှုရှိပြီး ကားထုတ်လုပ်မှုခေတ်သစ်တစ်ခုကို ဝင်ရောက်လာကြောင်းနှင့် BYD က နည်းပညာ ကို တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ သယ်ဆောင်လာမည်ဟု ပြောကြားခဲ့ပါသည်။ BYD စက်ရုံသည် အစိုးရ၏ ထောက်ပံ့ငွေနှင့် အခွန်မက်လုံးများအကူအညီဖြင့် ထိုင်းနိုင်ငံတွင် စက်ရုံများ တည်ဆောက်မည့် တရုတ်လျှပ်စစ်ကားထုတ်လုပ်သူများထံမှ အမေရိကန်ဒေါ်လာ ၁.၄၄ ဘီလီယံကျော်တန်ဖိ