ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Dec 2024

     ဖိလစ်ပိုင်နိုင်ငံ၌ အချို့သော လုပ်ငန်းရှင်များ၏ ဆန်ဈေးနှုန်းအပေါ် ကြိုးကိုင်ချယ်လှယ်မှု ကို တားဆီးနိုင်ရန်အတွက် ပြည်ပမှ တင်သွင်းလာသည့်ဆန်များအား ရောင်းချရာတွင် ကုန်အမှတ် တံဆိပ်များကို ဖယ်ရှားရမည်ဖြစ်သည်ဟု ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနက ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ပြောဆိုခဲ့သည်။

28 Dec 2024

     အင်ဒိုနီးရှားနိုင်ငံတွင် အရန်ရိက္ခာအဖြစ် သိုလှောင်ထားရှိမည့် ဆန်ပမာဏကို တန်ချိန် ၂ သန်း သတ်မှတ်ထားရာမှ ရှေ့လာမည့်နှစ်မှ စတင်၍ တန်ချိန် ၂.၅ သန်း အထိ တိုးမြှင့် သိုလှောင်ရန် အစိုးရက စီစဉ်လျက်ရှိကြောင်း စားနပ်ရိက္ခာရေးရာဝန်ကြီး Zulkifli Hasan က ပြောကြားခဲ့သည်။

28 Dec 2024

     သီရိလင်္ကာအစိုးရဝန်ကြီးများအဖွဲ့သည် ပုဂ္ဂလိကကဏ္ဍမှ ဆန်တင်သွင်းခွင့်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၀ ရက်အထိ သက်တမ်းတိုးခွင့်ပြုခဲ့သည်ဟု ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ကျင်းပသည့် အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး Dr. Nalinda Jayatissa က ပြောကြားခဲ့ပါသည်။

     သို့သော် ပြည်တွင်းဈေးကွက်များတွင် ဆန်ပြတ်လပ်မှုသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန် တိုင်အောင် ဆက်လက်ဖြစ်ပေါ်ဖွယ်ရှိသည်ကို လေ့လာတွေ့ရှိရသည်ဟု ဝန်ကြီးက မှတ်ချက်ပြုခဲ့ ကြောင်း သိရသည်။

28 Dec 2024

    ကမ္ဘောဒီးယားနိုင်ငံ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပထဝီဒေသ ဆိုင်ရာအညွှန်း (GI) အသိအမှတ်ပြု ထုတ်ကုန်များအဖြစ် သတ်မှတ်ရန်အလားအလာရှိသော ကုန် ပစ္စည်းများစာရင်းကို ဒီဇင်ဘာလ တတိယရက်သတ္တပတ်တွင် ထုတ်ပြန်ခဲ့ရာ ဆန်၊ သီဟိုဠ်စေ့၊ သရက်သီးနှင့် ဒူးရင်းသီးတို့ပါဝင်ကြောင်း သိရှိရသည်။

    GI အသိအမှတ်ပြု လက်မှတ်သည် ဂုဏ်သိက္ခာရှိသော အဆင့်အတန်းတစ်ရပ်အနေဖြင့် အဆိုပါထုတ်ကုန်များ၏ ထူးခြားသော အရည်အသွေးနှင့် မူလပင်ရင်းကို အသိအမှတ်ပြုသွားမည် ဖြစ်ပြီး တုပခြင်းများမှ ကာကွယ်ပေးလျက် ၎င်းတို့၏ စျေးကွက်တန်ဖိုးကို မြှင့်တင်ပေးသွားမည် ဖြစ်သည်။

28 Dec 2024

      ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ကော်ဖီထွက်ရှိမှု ပြန်လည်‌ကောင်းမွန်လာခြင်း ကြောင့် ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုသည် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် သိသာစွာ တိုးတက်လာ မည်ဖြစ်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ တစ်နှစ် နှစ်ကြိမ်ထုတ်ဝေသည့် နောက် ဆုံးထုတ် အစီရင်ခံစာ၌ ဖော်ပြပါရှိပါသည်။

28 Dec 2024

        အိန္ဒိယနိုင်ငံတွင် ကုလားပဲ၏နေရာ၌ အဓိက အစားထိုးသုံးစွဲနိုင်သော စားတော်ပဲအား အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုသည့် ကာလကို ဒီဇင်ဘာ ၂၄ ရက်နေ့တွင် နောက် ထပ် သက်တမ်း ၂ လ တိုးမြှင့်လျက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ အစိုးရက ခွင့်ပြုပေးခဲ့ ကြောင်း Financial Express သတင်းဌာနက ဖော်ပြပါသည်။

26 Dec 2024

             တရုတ်နှင့်ပင်လယ်ကွေ့အာရပ်ဒေသအကြား စီးပွားရေးဆက်ဆံမှုများ အားကောင်းလာသောကြောင့် အထူးသဖြင့်တရုတ်နိုင်ငံရှိ ဇီဝနည်းပညာနှင့်ကျန်မာရေးစောင့်ရှောက်မှုကဏ္ဏတို့တွင် ကြီးမားသောရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းကောင်းများကိုတွေ့ရှိခဲ့ရကြောင်း ဆော်ဒီအကျိုးတူအရင်းအနှီး ကုမ္ပဏီ KBW မှဆိုသည်။ ကဏ္ဏများစွာတွင်ပူးပေါင်းဆောင်ရွက် သွားရန် အခွင့်အလမ်းများစွာရှိကြောင်း KBW Venture ၏ ရင်းနှီးမြုပ်နှံမှုအရာရှိချုပ် Ekta Tolani မှ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ Abu Dhabi Finance Week တွင် မေးမြန်းခဲ့သော Xinhua သတင်းဌာန၏အင်တာဗျူးအရသိရသည်။ အထူးသဖြင့် ကျန်းမားရေးစောက်ရှောက်မှုနယ်ပယ်တွင်

26 Dec 2024

                အီရန်နိုင်ငံနှင့် တူရကီနိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်မှုအား ငါးနှစ်အတွင်း အမေရိကန် ဒေါ်လာ ၃၀ ဘီလီယံအထိ မြှင့်တင်နိုင်ရန် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြကြောင်း အီရန်နိုင်ငံပိုင် သီတင်းအေဂျင်စီ IRNA ၏ ၁၁.၁၂.၂၀၂၄ ရက်နေ့ကဖော်ပြချက်အရသိရသည်။ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများတိုးမြှင့်ရေးကိုဦးတည်သည့် အဆိုပါ သဘောတူညီချက်ကို အီရန်လမ်းများနှင့်မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး Farzaneh Sadegh နှင့် တူရကီကုန်သွယ်ရေးဝန်ကြီး Omer Bolat တို့မှ Tehran တွင်လက်မှတ်ရေးထိုးခဲ့ကြသည်။ ကုန်သွယ်မှု၊ဘဏ်လုပ်ငန်းနှင့်ရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုမြှင့်တင

26 Dec 2024

               အမေရိကန်နိုင်ငံ၏ ‌ရေနံစိမ်းတင်ပို့မှုနှင့် တင်သွင်းမှုနှစ်မျိုးစလုံးသည် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကုန်ဆုံးခဲ့သောသီတင်းပတ်အတွင်း ကျဆင်းသွားခဲ့ကြောင်း အမေရိကန်စွမ်းအင်သီတင်းအချက်အလက် စီမံခန့်ခွဲရေးအဖွဲ့ (EIA) ၏ ၁၁.၁၂.၂၀၂၄ ရက်နေ့(ဗုဒ္ဓဟူးနေ့)တွင် ထုတ်ပြန်သောအစီအရင်ခံစာအရသိရသည်။ အမေရိကန်နိုင်ငံ၏ ရေနံစိမ်းတင်သွင်းမှုသည် ဒီဇင်ဘာ ၆ ရက်နေ့ကကုန်ဆုံးခဲ့သော သီတင်းပတ်တွင် တစ်နေ့လျင်စည်းပေါင်း ၅.၉၈၄ သန်းတင်သွင်းခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်နေ့ကကုန်ဆုံးခဲ့သော သီတင်းပတ်ကထက် ၁.၃၀၆ သန်း တင်သွင်းမှုကျဆင်းခဲ့သည်။ အလားတူပင် ရေနံစိမ်းတင်ပို့မှုမှာလည်း ဒီဇင်ဘာ ၆ ရက်နေ့က ကုန်ဆုံးခဲ့သောသီတင

26 Dec 2024

    ကမ္ဘာ့အကြီးဆုံးဆန် တင်ပို့သူဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ဆန်သိုလှောင်မှုလက်ကျန်သည် ဒီဇင်ဘာလဆန်းပိုင်း၌ အစိုးရ၏ လျာထားချက်ပမာဏထက် ၅ ဆကျော်မြင့်တက်လျက် အမြင့် ဆုံးသို့ စံချိန်တင်ရောက်ရှိခဲ့ရာ ပြည်ပသို့ ဆန်တင်ပို့မှု ပိုမိုအားကောင်းလာမည့် အခြေအနေရှိပါသည်။

26 Dec 2024

              ရုရှားနိုင်ငံ၏စီးပွားရေးသည် ၂၀၂၄ ခုနှစ်တွင် ၃.၉ ရာခိုင်နှုန်းတိုးတက်လာမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ၏ လက်ထောက်ဝန်ကြီးချုပ် Alexander Novak မှ ၁၁.၁၂.၂၀၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ မကြာသေးမီနှစ်များအတွင်း ပြည်ပစိန်ခေါ်မှုများကြားမှ ရုရှားနိုင်ငံ၏ စီးပွားရေးသည် တည်ငြိမ်သောတိုးတက်မှုကို ပြသလျက်ရှိကြောင်း  Novak မှ မှတ်ချက်ပြုခဲ့သည်။ ၂၀၂၀ မှ ၂၀၂၄ ခုနှစ်အထိ ရုရှားနိုင်ငံ၏စီးပွားရေးသည် ခန့်မှန်းခြေအားဖြင့် ၁၂.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်က ၃.၆ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်တွင် ၃.၉ ရာခိုင်နှုန်း တိုးတက်မှုတို့ကိုလည်း ထည်သွင်းပြောကြားခဲ့သည်။ ခန့်မှ

26 Dec 2024

    ကမ္ဘောဒီးယားနှင့် ဆော်ဒီအာရေဗျတို့သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်နှင့် ကုန်သွယ်မှုလမ်းကြောင်းသစ်များ ရှာဖွေရန် ကြိုးပမ်းနေချိန်တွင် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းလာစေမည့် အခွင့်အလမ်းများကို ဖော်ထုတ်ခဲ့နိုင်ပြီး အထူးသဖြင့် စိုက်ပျိုး ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် ဒီဇင်ဘာ ၉ ရက်နေ့၌ ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

Pages