ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
24 Feb 2025

တောင်အာဖရိကသမ္မတ Cyril Ramaphosa သည် ဖေဖော်ဝါရီ ၂၀ ရက်က တရုတ်နိုင်ငံခြား ရေးဝန်ကြီး Wang Yi နှင့် တွေ့ဆုံခဲ့ပြီး နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း မြှင့်တင်သွားမည်ဟု ကတိပြုခဲ့သည်။ အစည်းအဝေးကို ဂျိုဟန်နက်စ်ဘာ့ဂ်၌ ကျင်းပသည့် G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြင်ပတွင် ကျင်းပခဲ့သည်။ Wang သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည်။ တွေ့ဆုံစဉ် Ramaphosa သည် တရုတ်သမ္မတ Xi Jinping အား ရိုးသားစွာ နှုတ်ခွန်းဆက်စကား ပြောကြားရန် Wang အား တောင်းဆိုခဲ့ပြီး တောင်အာဖရိကနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုအတွက် အခိုင်အ

24 Feb 2025

အီဂျစ်နိုင်ငံသည် ၎င်း၏ မြောက်ဘက်ကမ်းရိုးတန်းမြို့ New Alamein ရှိ ရေနံဓာတုဗေဒ ဆိုင်ရာ အဆောက်အအုံတစ်ခုအတွက် ဗြိတိန်နိုင်ငံ Shard Capital နှင့် အမေရိကန်ဒေါ်လာ ၇ ဘီလီယံ တန်ဖိုးရှိ မူဘောင်သဘောတူညီချက်တစ်ရပ်ကို ဆော်ဒီအာရေဗျနိုင်ငံမှ Alkahtani အုပ်စုနှင့် ပူးပေါင်း၍ လက်မှတ်ရေးထိုးခဲ့ကြောင်း အီဂျစ်ရေနံနှင့်ဓာတ်သတ္တုအရင်းအမြစ်ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင်ပြောကြားခဲ့သည်။ အဆိုပါသဘောတူညီချက်ကို Egyptian Petro-chemicals Holding Company၊ Egypt's General Authority for Investment and Free Zones နှင့် Shard Capital တို့မှ အကြီးတန်းကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း ဝန်ကြီးဌ

24 Feb 2025

          ဗီယက်နမ်နိုင်ငံမော်တော်ကားထုတ်လုပ်၊ တပ်ဆင်၊ တင်ပို့သည့်ကုမ္ပဏီများသည် ၎င်း တို့၏ပို့ကုန်ဈေးကွက်များအား တက်ကြွစွာတိုးချဲ့လျှက်ရှိကြောင်း သိရပါသည်။ Thaco Group ၏ တာဝန်ရှိသူများအဆိုအရ ၂၀၂၅ ခုနှစ်အစောပိုင်းတွင် Thaco Auto သည် Kia Frontier K2500 အစီးရေ ၁၂၀ အားအရှေ့အလယ်ပိုင်းဒေသသို့တင်ပို့ခြင်း ပါဝင်သော များစွာသောထုတ်ကုန်များကို အောင်မြင်စွာတင်ပို့ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် Kia New Carnival ဘော်ဒီ ၄၀၀ ကို အိန္ဒိယနှင့် Peugeot Django 150cc မော်တော်ဆိုင်ကယ် ၄၅ စီးကို ကမ္ဘောဒီးယားသို့ တင်ပို့ခဲ့ကြောင်း သိရပါသည်။ ထိုထုတ်ကုန်အားလုံးကို Chu Lai ရှိ Thaco Auto စက်ရုံတွင်

24 Feb 2025

          ထိုင်းနိုင်ငံသည် ကုန်သွယ်‌ရေး၊ ခရီးသွားကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်အတွက် ပင်လယ်ကွေ့နိုင်ငံများနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်(FTA) ညှိနှိုင်း ဆွေးနွေးမှုများ ပြန်လည်စတင်မည်ဟု သိရပါသည်။ ထိုင်းနိုင်ငံကုန်သွယ်ရေးကိုယ်စားလှယ် များ၏ ဥက္ကဌဖြစ်သူ Nalinee Taveesin က ပင်လယ်ကွေ့နိုင်ငံများသည် အရှေ့အလယ်ပိုင်း ဒေသတွင် ထိုင်းနိုင်ငံ၏ အရေးကြီးဆုံးဈေးကွက်အဖြစ် ကိုယ်စားပြုကြောင်း ပြောကြားခဲ့ပါ သည်။ လွန်ခဲ့သည့်နှစ်တွင် နှစ်ဖက်အပြန်အလှန်ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံ ရှိကြောင်းသိရပါသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် Ms Nalinee သည် ပင်လယ် ‌ကွေ့ပူးပေါင်း

24 Feb 2025

          ထိုင်းနှင့်ဘူတန်တို့သည် ဖေဖော်ဝါရီလ ၁၇ မှ ၁၉ ထိ ဘန်ကောက်မြို့တွင် ကျင်းပ ခဲ့သည့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်(FTA) အတွက် စတုတ္ထအကြိမ် မြောက် ဆွေးနွေးမှုပြီးပြတ်ခဲ့ပြီဖြစ်ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ စီးပွားကူးသန်းဝန်ကြီး Pichai Naripthaphan က နှစ်နိုင်ငံကြားဆွေးနွေးမှုသည် ကိုးလကျော်အကြာတွင် အဆုံးသတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထို FTA သည်ထိုင်းနိုင်ငံ၏ ၁၇ ခုမြောက် ကုန်သွယ်ရေးသဘောတူညီချက်ဖြစ်ခဲ့ပြီး Mr Pichai တာဝန်ယူသည့်ကာအတွင်း ဒုတိယ အကြိမ်မြောက်ဖြစ်ကြောင်း သိရပါသည်။ နှစ်နိုင်ငံစလုံးသည် ထို FTA ကို ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့ထိ ထိုင်းနိုင်ငံကအိမ

24 Feb 2025

          အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်ဈေးကွက်သို့ red snapper ပင်လယ်ငါး တင်ပို့မှု အရှိန်မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားကုန်သွယ်ရေး သံမှူး Ranitya Kusumadewi ၏ အဆိုအရ သိရပါသည်။ သံမှူးသည် အင်ဒိုနီးရှား၏ ပင်လယ်စာတင်ပို့မှုတိုးချဲ့ရန်အတွက် အခွင့်အလမ်းမျာကိုဆွေးနွေးရန် မေရီလင်းပြည်နယ် ကိုလမ် ဘီယာမြို့တွင် ပင်လယ်စာထုတ်ကုန်တင်သွင်းသည့်လုပ်ငန်းဖြစ်သည့် Charoen Pokphand Foods (CPF) နှင့် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ ထိုအစည်းအဝေးအတွင်း သံမှူးသည် အမေရိကန်ဈေးကွက်အတွင်း ပင်လယ်စာထုတ်ကုန်များအတွက် ဝယ်လိုအား ကြီးထွားလာမှုကို အသားပေးပြောကြားခဲ့ကြောင

24 Feb 2025

          ဇန်နဝါရီလတွင် ဗီယက်နမ်သည် စင်ကာပူ၏ ၉ ခုမြောက်အကြီးမားဆုံး ကုန်သွယ် ရေးမိတ်ဖက်ဖြစ်လာပြီး နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုမှာ စင်ကာပူဒေါ်လာ ၃.၃၉ ဘီလီယံရှိကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလထက် ၁၆.၈၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း နောက်ဆုံးကုန်သွယ်ရေးအချက်အလက်များအရ သိရပါသည်။ စင်ကာပူ၏ကော်ပိုရိတ်စီမံခ န့်ခွဲရေးအေဂျင်စီထံမှအချက်အလက်များအရ ဇန်နဝါရီလတွင် စင်ကာပူ၏ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးသည် စင်ကာပူဒေါ်လာ ၁၁၄.၁၅ ဘီလီယံရှိပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလထက် ၆.၇၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တင်ပို့မှုတန်ဖိုးမှာ စင်ကာပူဒေါ်လာ ၅၉.၄ ဘီလီယံဖြင့် ၂.၉၇ ရာခိုင်နှုန်းမြင့်တက်

24 Feb 2025

          အစိုးရနှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်အောက်တွင် ဘင်္ဂလား ဒေ့ရှ်သည် ဗီယက်နမ်ထံမှ ဆန်ဖြူ တန် ၁၀၀၀၀၀ တင်သွင်းမည်ဟု သိရပါသည်။ ရောင်းချမည့်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၄.၂၅ ဖြစ်ပြီး ဆန်ဖြူအတွက် ပုံမှန်နိုင်ငံတကာဈေးနှုန်းထက် မြင့်မားခြင်းက ဗီယက်နမ်ဆန်၏ အရည်အသွေးတည်ငြိမ်မှု နှင့် အားကောင်းသောတည်ရှိမှုကို ရောင်ပြန်ဟပ်နေကြောင်း သိရပါသည်။ ဗီယက်နမ်ထံမှ ဆန်ဖြူ အကြီးစားတင်သွင်းမှုသည် အစာအစာဈေးနှုန်းများတည်ငြိမ်စေရေး ဘင်္ဂလားဒေ့ရှ် ၏ မဟာ ဗျူဟာတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းနှင့် အထူးသဖြင့် ဖေဖော်ဝါရီလတွင် စတင် အကောင် အထည်ဖော်သည့် ၎င်းတို့၏ တံခါးဖွင့်ဈေးကွ

24 Feb 2025

          နိုင်ငံတော်လေကြောင်းလိုင်း Air Cambodia သည် Air Bus 320 321 လေယာဉ်ကို အသုံးပြု၍ ပထမဆုံးအသွားအပြန်ခရီးသည် ၃၀၀ ကျော်ကို ၁၇-၂-၂၀၂၅ ရက်နေ့တွင်စတင် ပျံသန်းခဲ့ပြီး ထိုင်းနိုင်ငံသို့ နေ့စဉ်ပျံသန်းမှုဝန်ဆောင်မှုအသစ်ကို စတင်ဖွင့်လှစ်ခဲ့သည်။ Air Cambodia ၏ ဒုတိယဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ် Zhan David မှ Air Cambodia သည် လေယာဉ်အသုံးပြုမှု သိသိသာသာတိုးတက်ကောင်းမွန်လာပြီး ၎င်းတို့၏လုပ်ငန်း လမ်းကြောင်းကွန်ရက်ကို တိုးချဲ့ခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ ကုမ္ပဏီသည် လုံခြုံမှု ရှိပြီး သက်တောင့်သက်သာရှိသော လေကြောင်းခရီးသွားလာရေးဝန်ဆောင်မှုများကို အမြဲတမ်း ဆောင်ရွက်ပေးခဲ့က

24 Feb 2025

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Cham Nimul က ၎င်း၏ ဩစတြေးလျသို့ တရားဝင်ခရီးစဉ်အတွင်း ကမ္ဘောဒီးယားအထူးစီးပွားရေးဇုန်များတွင် ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းများရှာဖွေကြရန် ဩစတြေးလျလုပ်ငန်းရှင်များကို တိုက်တွန်းခဲ့သည်။ Cham Nimul က ဩစတြေးလျနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဝန်ကြီး ဌာနရှိ အရှေ့တောင် အာရှဒေသနှင့် ပြည်မကြီး၏ လက်ထောက်အတွင်းဝန် Robyn Mudie နှင့် တွေ့ဆုံစဉ် နှစ်ဖက်ကုန်သွယ်မှု၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ လူစွမ်းအားအရင်းအမြစ်တည်ဆောက် ရေး၊ အင်ဒို-ပစိဖစ်ဒေသ၏ အနာဂါတ်နှင့် ကျား/မ တန်းတူညီမျှရေးအပါအဝင် အဓိက အကြောင်းအရာများကို ဆွ

24 Feb 2025

          ထိုင်းနိုင်ငံအနေဖြင့် တောင်အာဖရိကနိုင်ငံသို့ တန်ဖိုးအားဖြင့် ဘတ်ငွေ ၅.၂၅ ဘီလီယံ (ဒေါ်လာ ၁၅၆ သန်း) ရှိသော ဆန်တန်ချိန် ၃၀၀၀၀၀ ကို တင်ပို့ရန်အတွက် ရှေ့လာမည့်လအတွင်း စာချုပ်ချုပ်ဆိုသွားမည်ဖြစ်သည်ဟု ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan က ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ပြောဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

24 Feb 2025

          အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဇီဝဒီဇယ်ဆီတွင် စားအုန်းဆီ ၅၀ ရာခိုင်နှုန်းအထိ ပါဝင်ရောစပ် ၍ အသုံးပြုရေးကို အကောင်အထည်ဖော်ဆောင်နိုင်မည့် အခြေအနေနှင့် လေယာဉ်ဆီ၌ စားအုန်း ဆီ ၃ ရာခိုင်နှုန်း ရောစပ်သုံးစွဲနိုင်မည့် အလားအလာတို့ကို လေ့လာဆန်းစစ်လျက်ရှိသည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ Eniya Listiani Dewi က ဖေဖော်ဝါရီ ၁ ရက်နေ့၌ လွှတ်တော်အမတ်များသို့ ရှင်းလင်းပြောဆိုခဲ့သည်။

Pages