ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
04 Dec 2024

     ဗီယက်နမ်နိုင်ငံ Can Tho မြို့တော်ရှိစက်မှုနှင့်ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ Hyunh Thanh Su သည် China Energy Engineering Group Co..,Ltd (CEEC) ၏အဖွဲ့ဝင်ဖြစ်သည့် China Gezhouba Group Corporation(CGGC) မှ တာဝန်ရှိသူများနှင့် မဲခေါင်ဒေသခံများအတွက် စွန့်ပစ်ပစ္စည်းမှစွမ်းအင်ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးကမ်းလှမ်းချက်အတွက် ဆွေးနွေးမှုကို နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ CGGC ၏ညွှန်ကြားရေးမှူးဖြစ်သူ Ta Ba Tung က ကော်ပိုရေးရှင်းသည် ၁၂၀၀ မဂ္ဂါဝပ်ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံကို Hai Duong ပြည်နယ်

04 Dec 2024

      ဗီယက်နမ်နိုင်ငံ Nghe An ပြည်နယ်သည်  Tho Loc စက်မှုဇုန်တွင် Mega Textile Singapore Limited ၏အမေရိကန်ဒေါ်လာ သန်း ၅၉၀ ရင်းနှီးမြှုပ်နှံမည့်စီမံကိန်းကို အခြေခံ သဘောတူချက်အားဖြင့် ခွင့်ပြုပေးလိုက်ပြီဟု သိရပါသည်။ ထိုစင်ကာပူလုပ်ငန်းသည် မြေ ၅၁ ဟတ်တာပေါ်တွင် အကောင်အထည်ဖော်မည့်စီမံကိန်းအတွက် Mega Textile Vietnam Co.Ltd ကိုတည်ထောင်မည်ဟု သိရပါသည်။ ထိုစီမံကိန်း၏ရည်ရွယ်ချက်သည် ရက်ထည်၊ ဇာထိုးထည် များ၊ အရောင်ဆိုးချည်ထည်များ၊ အဝတ်အထည်များနှင့် ခါးပတ်များပါဝင်သည့် ကျယ်ပြန့်သော အထည်အလိပ်များ ထုတ်လုပ်ရန်ဖြစ်ကြောင်း သိရပါသည်။ နှစ်စဉ်ထုတ်လုပ်နိုင်စွမ်းသည် မှန်းချေအားဖြင့် ရက်ထည် ၆၇၂၀၀ တန

04 Dec 2024

        Volkswagen Group နှင့် SAIC Motor တို့သည် ရှန်ဟိုင်းတွင် ၎င်းတို့၏ ဖက်စပ်စာချုပ် ကို ၂၀၄၀ ခုနှစ်အထိ သက်တမ်းတိုးချုပ်ဆိုရန် ၂၇.၁၁.၂၀၂၄ ရက်နေ့(ဗုဒ္ဓဟူးနေ့) ကကြေညာခဲ့ပြီး ၎င်းတို့၏ ရေရှည်လက်တွဲမှုကို ပိုမိုခိုင်မာစေခဲ့ကြောင်း သိရသည်။ SAIC Volkswagen သည် ခရီးသည်တင်ကားများအတွက် တရုတ်နိုင်ငံ၏ ပထမဆုံးဖက်စပ်လုပ်ငန်းဖြစ်သည်။ ဖက်စပ်လုပ်ငန်းသက်တမ်းအား ၅၅ နှစ်အထိ တိုးမြင့်ထားသည့်စာချုပ်ကို ဒုတိယအကြိမ် သက်တမ်းထပ်မံတိုးမြှင့်ခြင်းဖြစ်သည်။ Volkswagen AG ၏ စီမံခန့်ခွဲမှု ဘုတ်အဖွဲ့၏ အဖွဲ့ဝင် Ralf Brandstatter မှ တရုတ်နိုင်ငံတွင် ၎င်းတို့၏ အောင်မြင်မှု၏ အခြေခံအုတ်မြစ်သည် ယုံကြည်စိတ

04 Dec 2024

    တရုတ်နိုင်ငံ၏ မိုဘိုင်းလ်ဖုန်းတင်ပို့ရောင်းချမှုသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် တစ်နှစ်ထက်တစ်နှစ် ၁.၈% မြင့်တက်ခဲ့ပြီး အလုံးရေ ၂၉.၆၇ သန်းကျော် ရှိကြောင်း တရုတ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအကယ်ဒမီ (CAICT) ထုတ်ပြန်ချက်အရ သိရသည်။ 5G မိုဘိုင်းလ်ဖုန်းများသည် အောက်တိုဘာလ တင်ပို့မှု၏ ၉၀.၁% စုစုပေါင်းအလုံးရေ ၂၆.၇၂ သန်းဖြင့် တစ်နှစ်ထက် တစ်နှစ် ၁.၁% တိုးလာကြောင်း စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ သုတေသနဌာန (CAICT) မှ ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း စုစုပေါင်း ဆဲလ်ဖုန်းတင်ပို့ရောင်းချမှုသည် တစ်နှစ်ထက် တစ်နှစ် ၈.၉% တိုးတက်ခဲ့ပြီး အလုံးရေ

04 Dec 2024

 တူရကီနိုင်ငံသည် အိုမန်နှင့် ၎င်း၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း တူရကီသမ္မတ Recep Tayyip Erdogan က ၂၈.၁၁.၂၀၂၄ ရက်နေ့(ကြာသပတေးနေ့) က ပြောကြားခဲ့သည်။ Ankara ၌ Omani Sultan Haithan Bin Tariq AI Said အလည်အပတ်ရောက်ရှိစဉ် ကျင်းပသော ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် Erdogan က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ တူရကီသမ္မတ မှ အိုမန်နိုင်ငံနှင့် စွမ်းအင် ပူးပေါင်း ဆောင်ရွက်မှုကို အားကောင်းစေရန် အဆင်သင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ၂၀၂၅ ခုနှစ်မှစတင်၍ အိုမန်နိုင်ငံမှ ဓါတ်ငွေ့ရည်များ ထောက်ပံ့မှုစတင်ခြင်းဖြင့် နှစ်နိုင်ငံစွမ်းအင်ပူး

04 Dec 2024

             ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဖြစ်သူ Pichai Naripthaphan သည်ထိုင်းနိုင်ငံက အမေရိကန်ကိုကုန်သွယ်ရေးပိုငွေပြမှုနှင့်ပတ်သတ်၍ စိုးရိမ်မှုများကိုဖြေရှင်းရန် အမေရိကန်နိုင်ငံသို့ ဖေဖော်ဝါရီလတွင်သွားရောက်လည်ပတ်ရန် စီစဉ်ထားကြောင်းသိရပါသည်။၂၅.၁၁.၂၀၂၄ ရက် နေ့က Amazon၊ Apple၊ Boeing၊ Citi၊ Google၊ Mastercard၊ Seagate အစရှိသည့်လူသိများသည့်လုပ်ငန်းများပါဝင်သည့် အမေရိကန်-အာဆီယံစီးပွားရေးကောင်စီမှ အဖွဲ့ဝင် ၅၀ မှကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာနတွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် Mr Pichai က အမေရိကန်ရင်းနှီးမြှုပ်နှံသူများသည် ထိုင်းနိုင်ငံတွင် ၎င်းတိ

04 Dec 2024

             အင်ဒိုနီးရှားနိုင်ငံခရီးသွားလာရေးဝန်ကြီးဖြစ်သူ Widiyanti Putri Wardhana ကနိုင်ငံ၏ခရီသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် ယူအေအီးတွင်ရင်းနှီးမြှုပ်နှံသူများအားဖိတ်ခေါ်ခဲ့ကြောင်းသိရပါသည်။ယူအေအီးနိုင်ငံစီးပွားရေးဝန်ကြီးဖြစ်သူAbdulla Bin Touq Al Marri နှင့်အဘူဒါဘီမြို့တွင်တွေ့ဆုံစဉ် Wardhana က အင်ဒိုနီးရှားနိုင်ငံသို့ ယူအေအီးခရီးသွား များ လာရောက်လည်ပတ်ရန် ကြီးမားသည့်အလားအလာကိုမြင်တွေ့ခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှား၏ခရီးသွားကဏ္ဍ၌ ယူအေအီး၏ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာပီး ၂၀၂၂ ကထက် ၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်းပြောကြားခဲ့ပါသည်။ ထိပ်တန်းရင

04 Dec 2024

              အမေရိကန်သမ္မတသစ်ဒေါ်နယ်ထရမ့်၏ တရုတ်ပို့ကုန်များအပေါ်မြင့်မားသော အကောက်ခွန်များချမှတ်နိုင်ချေရှိမှုအပေါ် ပူပန်မှုများမြင့်တက်လာကြသောကြောင့် တရုတ် လုပ်ငန်းများသည် ထိုင်းနိုင်ငံတွင် ဘတ် ၉၀ ဘီလီယံ တန်ကြေးရှိသော ရင်းနှီးမြှုပ်နှံမှုသစ်များပြုလုပ်နိုင်ကြောင်း ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) ကပြောကြားခဲ့ပါသည်။ ၎င်းတို့သည် လျှပ်စစ်မော်တော်ယာဉ်များအတွက် ဘတ်ထရီထုတ်လုပ်ခြင်း၊ အချက်အလက်စင်တာများအတွက် ပစ္စည်းများထုတ်လုပ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်မထိခိုက်စေသော ထုတ်ပိုးပစ္စည်းများထုတ်လုပ်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားနေကြောင်းသိရပါသည်။ BOI ၏

04 Dec 2024

      အိန္ဒိယနိုင်ငံသည် တရုတ်၊ ဂျပန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် တူရကီတို့ နိုင်ငံများမှ ပန်းသီး၊ အခွံမာသီး၊ အရက်ယာမကာနှင့် ဆူရှီကဲ့သို့သော ကုန်ပစ္စည်းများ တင်သွင်းမှုကို ပယ်ချခဲ့ပြီး စံချိန်မမှီသော စားသောက်ကုန်တင်သွင်းမှုများကို တင်းကျပ်စွာ အရေးယူခဲ့သည်။ ထိုထုတ်ကုန်များမှာ India Food Safety and Standard Authority of India (FSSAI) မှ သတ်မှတ်ထားသော အရည်အသွေးနှင့် ဘေးကင်းရေးစံနှုန်းများနှင့် မကိုက်ညီကြောင်း သိရသည်။ FSSAI သည် အိန္ဒိယ၏ ထိပ်တန်းအစားအစာထိန်းညှိသူဖြစ်ပြီး ၎င်း၏ မကြာသေးမီက ထုတ်ပြန်ခဲ့သော အားအသောက် တင်သွင်းမှုငြင်းပယ်ခြင်းသတိ (FIRA) ပေါ်တယ်မှ အသေးစိတ်အချက်အလက

04 Dec 2024

            ဘူဂေးရီးယားသမ္မတ Rumen Radev ၏ ဗီယက်နမ်နိုင်ငံအလည်အပတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် လမ်းကြောင်းများ ရှာဖွေသွားမည်ဟုသိရပါသည်။ ဗီယက်နမ်နိုင်ငံစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဖြစ်သူ Nguyen Hong Dien က ၁၉၅၀ ခုနှစ်တွင် ဘူဂေးရီးယားသည် ကမ္ဘာပေါ်တွင်ဗီယက်နမ်နိုင်ငံကို အသိအမှတ်ပြုသည့် ပထမဆုံးဆယ်နိုင်ငံထဲတွင်ပါဝင်ပြီး သံတမန်ဆက်ဆံရေးထူထောင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ယခုအခါဗီယက်နမ်နိုင်ငံသည် နှစ်စဉ်အပြန်အလှန်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇၀၀ ဘီလီယံကျော်ဖြင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံလေးဆယ်ထဲတွ

04 Dec 2024

                စွမ်းအင်လုပ်ငန်းစု Bangchok Corporation Plc ၏ ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ် ဓါတ်အားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် BCPG Plc သည် ဗီယက်နမ်နိုင်ငံရှိ လေအား လျှပ်စစ်ထုတ်လုပ်သည့် လေရဟတ်ခြံနှစ်ခုတွင် ဘတ်ငွေ ၄.၅ ဘီလီယံ တန်ဖိုးရှယ်ယာများကို ဝယ်ယူခြင်းဖြင့် အရှေ့တောင်အာရှတွင် ၎င်း၏လုပ်ငန်းကို တိုးချဲ့လျက်ရှိသည်။ ဗီယက်နမ် အလယ်ပိုင်း Gai Lai ခရိုင်တွင်ရှိသော လေအားလျှပ်စစ်စီမံကိန်းနှစ်ခုစလုံးသည် လာအိုနိုင်ငံရှိ လေအားလျှပ်စစ်စက်ရုံတစ်ခုတွင် ရင်းနှီးမြှုပ်နှံပြီးနောက် ကုမ္ပဏီမှဝယ်ယူထားသော ဒုတိယမြောက်ပိုင်ဆိုင်မှုကိုကိုယ်စားပြုသည်။ ကုမ္မဏီသည် မကြာသေးမီက အစုရှယ်ယာဝယ်ယူမှု သဘော

04 Dec 2024

            ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) သည် တရုတ်လျှပ်စစ်ကားကုမ္ပဏီကြီး BYD ကုမ္ပဏီလီမိတက်နှင့် ညှိနှိုင်းမှု၏ နောက်ဆုံးအဆင့်တွင်ရှိနေပြီး နိုင်ငံတော်၌ လျှပ်စစ်ကား (EV) ထုတ်လုပ်ရေးစက်ရုံတည်ထောင်ရန် ဝန်ကြီးချုပ် Hun Manet က ယမန်နေ့က ပြောကြားခဲ့သည်။ ဖနွမ်းပင်တော်ဝင်တက္ကသိုလ် (RUPP) ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဥက္ကဋ္ဌ မစ္စတာ Hun Manet က ကမ္ဘောဒီးယားတော်ဝင်အစိုးရသည် စီးပွားရေးတိုးတက်မှုကို တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး မိမိတို့အား မည်သည်မျှလုပ်ဆောင်ခြင်း မရှိဟုဆိုသူများအား မျက်စိမပါသောသူများဟူ၍ ပြောကြားခဲ့သည်။ အစိုးရ၏ စွမ်းဆောင်ရည်အပေါ်  ရပ်ကွက်အချို့မှ မကြာ

Pages