ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
11 Feb 2025

ဗီယက်နမ်သည် ဇန်နဝါရီလအတွင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၅.၀၈ ဘီလီယံ တန်ဖိုးရှိ စိုက်ပျိုးရေးသစ်တောရေထွက်ပစ္စည်း တင်ပို့မှုမှာ ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက

11 Feb 2025

နိုင်ငံတကာ ၀ယ်လိုအား အားနည်းမှုကြောင့် သြစတြီးယား၏ နိုင်ငံခြား ကုန်သွယ်မှုသည် ယမန်နှစ် နိုဝင်ဘာလတွင် သိသိသာသာ ကျဆင်းခဲ့ပြီး ပို့ကုန် တင်ပို့မှုမှာ တစ်နှစ်ထက်တစ်နှစ် ၁၄.၇ ရာခိုင်နှုန်း ကျဆင်းကာ သွင်းကုန် ၃.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စာရင်းအင်း ဩစတြီးယားက ဖေဖော်ဝါရီလ ၇ ရက်နေ့က

10 Feb 2025

          ဇန်နဝါရီလတွင် ဗီယက်နမ်၏ စိုက်ပျိုးမွေးမြူရေး-သစ်တော-‌ရေထွက်ကုန် တင်ပို့မှုတန်ဖိုးမှာ ခန့်မှန်း အမေရိကန်ဒေါ်လာ ၅.၀၈ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့်နှိုင်းယှဉ်ပါက ၄.၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန (MARD) အဆိုအရ သိရပါသည်။ ထိုစုစုပေါင်းတန်ဖိုးပမာဏထဲတွင် စိုက်ပျိုးရေး ထုတ်ကုန်တင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၆၄ ဘီလီယံ( ၂၀၂၄ ခုနှစ် ဇန်နဝါရီလ နှင့်နှိုင်းယှဉ်ပါက ၆.၂ ရာခိုင်နှုန်းကျဆင်း)၊ မွေးမြူရေးထုတ်ကုန်တင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေ ရိကန်ဒေါ်လာ ၃၉ သန်း( ၂၀၂၄ ခုနှစ်ဇန်နဝါရီလနှင

10 Feb 2025

          ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ကော်ဖီတန်ချိန် ၁၅၄၆၃၅ တန်တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ ၇၉၉.၅ သန်း ရရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ ကော်ဖီနှင့် ကိုကိုးအသင်းကထုတ်ပြန်သော အချက်အလက်များ အရသိရပါသည်။ ထိုစုစုပေါင်း ပမာဏထဲတွင် ကော်ဖီစိမ်းတန်ချိန်မှုမှာ တန်ချိန် ၁၃၇၅၆၈ တန်ရှိပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၉၄.၉ သန်း ရရှိခဲ့ကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့်နှိုင်းယှဉ်ပါက တင်ပို့သည့်ပမာဏတွင် ၃၈.၂ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း တန်ဖိုးတွင် ၈.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပြုပြင်ထုတ်လုပ်ထားသည့်ကော်ဖီတင်ပို့မှုမှာ တန်ချိန် ၁၇၀၆၇ ရှိပြီး ဝင်ငွေ အမေရိက

10 Feb 2025

          အဓိကဈေးကွက်များမှဝယ်လိုအားမတည်ငြိမ်မှုနှင့် ကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှု ကျဆင်းမှုတို့ကြောင့် ၂၀၂၅ ခုနှစ်သည် ဗီယက်နမ်ငရုတ်ကောင်းတင်ပို့သူများအတွက် အခွင့်အလမ်းများနှင့် စိတ်ခေါ်မှုများ နှစ်ခုလုံးကို ဖန်တီးလျှက်ရှိကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ ငရုတ်ကောင်း နှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း ဥက္ကဌဖြစ်သူ Hoang Thi Lien ၏အဆိုအရ ကမ္ဘာ့ ငရုတ်ကောင်းထွက်ရှိမှုသည် လေးနှစ်ဆက်ကျဆင်းရန် မျှော်မှန်းရကြောင်း သိရပါသည်။ ထိုသို့ ကျဆင်းမှုသည် စိုက်ပျိုးရေးသမားများက ငရုတ်ကောင်းအစား အကျိုးအမြတ်ပိုမိုရရှိသည့် ဒူးရင်း၊ ကော်ဖီနှင့် စားအုန်းပင် အစရှိသည်တို့ကို ပြောင်းလဲစိုက်ပျိုးသောကြောင

10 Feb 2025

          စုစုပေါင်းကုန်သွယ်ရေးဆောင်ရွက်မှုများလျှော့ကျသည့်လက္ခဏာများပြသ နေသော်လည်း ဗီယက်နမ်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ရရှိခဲ့ကြောင်း အထွေထွေစာရင်းအင်းရုံးက ဖေဖော်ဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ သည့် အချက်အလက်အရ သိရပါသည်။ ဇန်နဝါရီလတွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၃.၁၅ ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် ဇန်နဝါရီလကထက် ၃.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုကဏ္ဍသည် ထိုပိုငွေရရှိမှုကိုမောင်းနှင် ပေးခဲ့ပြီး ပိုငွေ အမေရိကန် ဒေါ်လာ ၄.၄၃ ဘီလီယံ ရရှိခဲ့ကာ ပြည်တွင်းလုပ်ငန်းများမှာ လိုငွေ အမေရိ

10 Feb 2025

          ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နှင့်အိန္ဒိယအကြား အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးသည် အမေ ရိကန်ဒေါ်လာ ၁၅ ဘီလီယံပတ်လည်ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၄.၅ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံအကောက်ခွန်အထွေထွေဦးစီးဌာန၏ အဆိုအရ သိရပါသည်။ ထို ပမာဏထဲတွင် ဗီယက်နမ်မှ အိန္ဒိယသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၉.၀၆ ဘီလီယံ(၂၀၂၃ ခုနှစ် ကထက် ၇.၆ ရာခိုင်နှုန်းမြင့်တက်) ရှိခဲ့ပြီး ပြန်လည်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံ(၀.၆ ရာခိုင်နှုန်းကျဆင်း)ရှိခဲ့ကြောင်း သိရပါသည်။ အဓိကပို့ကုန်ကဏ္ဍများကြီးထွားမှု ကြောင့် ဗီယက်နမ်သည် အိန္ဒိယအပေါ် ကုန်သွယ်ရေးပိုငွေပြခဲ့ကြောင်း သိရပါသည်။ ဗ

10 Feb 2025

          ဖိလစ်ပိုင်နိုင်ငံတွင် စားနပ်ရိက္ခာစရိတ်ကြီးမြင့်မှုကြောင့် ရုန်းကန်နေရသော စားသုံးသူများ ၏ များစွာသောလိုအပ်ချက်များကို  ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်ပမှတင်သွင်းလာ သော ဆန်များအပေါ် အမြင့်ဆုံး အဆိုပြု လက်လီဈေးနှုန်း (MSRP) အား ဖေဖော်ဝါရီ ၅ ရက်နေ့မှ စတင်၍ တစ်ကီလိုဂရမ်လျှင် ၅၅ ပီဆိုနှုန်းသို့  လျှော့ချပေးမည်ဟု ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီး ဌာနက ပြောကြားခဲ့သည်။

10 Feb 2025

          မလေးရှားနိုင်ငံ၌ စားအုန်းဆီ ထုတ်လုပ်မှု တသမတ်တည်းရှိနေစေ‌ရေးနှင့် ထုတ်လုပ်မှု ကဏ္ဍအပေါ် ဆိုးရွားစွာထိခိုက်မှုမဖြစ်စေရေးတို့အတွက် ဝန်ကြီးဌာနအနေဖြင့် ဆီအုန်းစိုက်ခင်း များတွင် လုပ်သားအင်အားလုံလောက်မှုရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသည်ဟု စိုက်ခင်း နှင့် ကုန်စည်များရေးရာ ဝန်ကြီး Mr. Johari Ghani က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြောကြားခဲ့ ကြောင်း The Free Malaysia Today သတင်းဌာနက ဖော်ပြထားသည်။

10 Feb 2025

          ဖိလစ်ပိုင်နိုင်ငံ၌ ဆန်တစ်ကီလိုဂရမ်လျှင် ပီဆိုငွေ ၅၀ မှ ၆၀ အထိ ဈေးနှုန်းမြင့်တက်နေ သည့်အတွက် နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံမှု အရေးပေါ်အခြေအနေတစ်ရပ်သို့ ရောက်ရှိနေ သည်ဟု ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာနမှ အတွင်းဝန် Francisco Tiu Laurel က လှည့်လည်စာ အမှတ် (၃) (Circular No. 3) ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

10 Feb 2025

          ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် သီးနှံရိတ်သိမ်းပြီး နောက် ရိုးပြတ်မီးရှို့သော ပြောင်းစိုက်ခင်းများမှ ထွက်ရှိသည့် ပြောင်းဖူးစေ့များတင်သွင်းမှုအား တားမြစ်ရန်အတွက် အစိုးရအဖွဲ့၏ သဘောတူညီချက်ကိုရယူရန် စီစဉ်လျက်ရှိကြောင်း သိရှိ ရသည်။

10 Feb 2025

          ပြည်တွင်းရှိ တောင်သူလယ်သမားများသို့ အထောက်အပံ့ဖြစ်စေရန်အတွက် အင်ဒိုနီးရှား အစိုးရသည် ပီလောပီနံထုတ်ကုန်များ တင်သွင်းခြင်းကို ပမာဏကန့်သတ် ဆောင်ရွက်မည်ဖြစ် ကြောင်း Antara သတင်းဌာနက ဖော်ပြပါသည်။

Pages