ပြည်ပကုန်သွယ်မှုသတင်းများ
အိန္ဒိယနိုင်ငံအနေဖြင့် ကိုယ်ပိုင်ထုတ်လုပ်မှုစွမ်းအားဖြင့် ၆ နှစ်တာကာလအတွင်း ပဲမျိုးစုံ ဖူလုံမှုရရှိရေး အထူးလုပ်ငန်းတာဝန် (Mission for Aatmanirbharta in Pulses) ကို စတင်ချမှတ် လိုက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု အိန္ဒိယအစိုးရက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန (DA) မှ တင်သွင်းလာသော ဆန်များအား အကြံပြုထားသော လက်လီစျေးနှုန်း (MSRP) ကို တစ်ကီလိုလျှင် ၅၈ ပီဆိုမှ ၅၅ ပီဆို (၀.၉၄ ဒေါ်လာ) သို့ လျှော့ချရန် အစီအစဉ်ကို ၄.၂.၂၀၂၅ ရက်နေ့က ကြေညာခဲ့သည်။ စားနပ်ရိက္ခာ စျေးနှုန်းကြီးမြင့်မှုဖြင့်ရုန်းကန်နေ ရသော ဖိလစ်ပိုင်စားသုံးသူများအတွက် သက်သာရာရစေရန် ဆောင်ရွက်မှုပင်ဖြစ်သည်။ စိုက်ပျိုးရေး ဝန်ကြီး Francisco Tiu Laurel သည် ဒေသတွင်းဆန်ဈေးနှုန်းများ ထူးထူးခြားခြား မြင့်တက်နေချိန် တွင် ဆန်အတွက် စားနပ်ရိက္ခာဖူလုံရေး အရေးပေါ်အခြေအနေ ကြေညာပြီးနောက် တစ်ရက်အကြာ တွင် အဆိုပါ

Japan Tobacco International (JTI) ၏ ဥက္ကဋ္ဌ Eddy Pirard သည် ဖနွမ်းပင်မြို့တွင် ဆီးနိတ်ဥက္ကဋ္ဌ Hun Sen နှင့်တွေ့ဆုံစဉ် ဆေးဝါးနှင့်အစားအသောက် ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများကဲ့သို့သော ကဏ္ဍများတွင် အခွင့်အလမ်းအသစ်များရှာဖွေရန် တိုက်တွန်းခဲ့သည်။ Eddy Pirard က ကမ္ဘောဒီးယားနိုင်ငံရှိ (JTI) သည် JT Group ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး ၃၃ ရာခိုင်နှုန်းကို ဂျပန်အစိုးရမှပိုင်ဆိုင်ထားကြောင်းနှင့် ကုမ္မဏီသည် ဆေးဝါးနှင့် အစား အသောက်ပြုပြင်ရေးလုပ်ငန်းများအပါအဝင် ဆေးလုပ်လုပ်ငန်းနှင့်အခြားကဏ္ဍများတွင် ပါဝင် ဆောင်ရွက်ထားကြောင်း ပြောကြားခဲ့သည်။ လူမှုစီးပွားရေးသုတေသနပညာရှင် Chey Te

ကမ္ဘောဒီးယားနိုင်ငံရှိ ဂျပန်ကုမ္မဏီကြီးတစ်ခုဖြစ်သည့် Minebea(Cambodia) ကုမ္မဏီသည် ၎င်းတို့၏တိုးချဲ့မှုတွင် အရင်းအနှီးထပ်မံရင်းနှီးမြှုပ်နှံရန်စီစဉ်နေပြီး စုစုပေါင်းရင်းနှီး မြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၇၀၀ သန်းကျော်အထိ တိုးမြှင့်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) မှ ၄-၂-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Chea Vuthy နှင့် Minebea (Cambodia) မှ စီမံခန့်ခွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ်မန်နေဂျာ Kensuke Watanabe တို့က တွေ့ဆုံစဉ် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်

၂၀၂၅ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၂ ရက်နေ့အထိ လေးရက်ကြာ ကျင်းပရန်စီစဉ်ထားသည့် “၁၈ ကြိမ်မြောက်၊ ကမ္ဘောဒီးယား ထုတ်ကုန်များ၊ သစ်သီးများ နှင့် ဟင်းသီး ဟင်းရွက်များပြပွဲ ၂၀၂၅” ကို Siem Reap ပြည်နယ်တွင် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MOC) မှာထုတ်ပြန်ခဲ့သည်။ ပြပွဲသည် ဒေသတွင်းထုတ်လုပ်မှုများ မြှင့်တင်ရန်၊ ကမ္ဘောဒီးယားထုတ်ကုန်များကိုပံ့ပိုးကူညီရန်၊ ပုဂ္ဂလိကကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စိုက်ပျိုးရေးကဏ္ဍ၊ အိမ်ခြံမြေပိုင်ရှင်များ၊ သစ်သီးဝလံ စိုက်ပျိုးသူများ၊ ဖြန့်ဖြူးရောင်းချသူများနှင့် ကုန်သည်များအ

ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုစီမံကိ်နး ၁၂ ခုကို မှတ်ပုံတင်ရန်လျှောက်လွှာများကို ပြန်လည်သုံးသပ်ဆွေးနွေးရန် ၄-၂-၂၀၂၅ ရက်နေ့က အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Chea Vuthy မှ ဥက္ကဋ္ဌ အဖြစ်ကြီးမှူးဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပြည်နယ်အစိုးရ အဖွဲ့များမှ ကိုယ်စာလှယ်များတက်ရောက်ခဲ့ကြသည်။ စုစုပေါင်းအရင်းအနှီး ကန်ဒေါ်လာ ၁၃၅ သန်းခန့်ရှိသော ရင်းနှီးမြှုပ်နှံမှု စီမံက

ဗီယက်နမ်နိုင်ငံ Binh Duong ပြည်နယ်၏ ပြည်သူ့ကော်မတီသည် စုစုပေါင်းမတည်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိသော ပြည်ပရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၇ ခုအတွက် ရင်းနှီး မြှုပ်နှံမှုအသိအမှတ်ပြုလက်မှတ်နှင့် မူအားဖြင့်ခွင့်ပြုချက်ပေးခဲ့ကြောင်း သိရပါသည်။ ၎င်းတို့ထဲ တွင် Vietnam-Singapore Industrial Park Joint Venture Co.,Ltd (VSIP) သည် စက်မှုဇုန် အခြေခံအဆောက်အအုံစီမံကိန်း ၂ ခုအတွက် ရင်းနှီးမြှုပ်နှံမှုလိုင်စင် ရရှိခဲ့ကြောင်း သိရပါသည်။ ၎င်းတို့တွင် VSIP Binh Duong Residental Development Co.,Ltd ၏ ဗီယက်နမ်-စင်ကာပူ စက်မှုဇုန် ၃ ( VSIP 3) တွင် အမေရိကန်ဒေါ်လာ ၃၄၁.၂ သန်း ရင

တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ပီလောပီနံနှင့် ပီလောပီနံထုတ်ကုန်များ တင်ပို့ရာအကြီးမားဆုံးဈေးကွက်အဖြစ် ဆက်လက်ရပ်တည်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အကောက်ခွန် အထွေထွေဦးစီးဌာန၏ အချက်အလက်များအရ သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၁.၁၅ ဘီလီယံတန်ဖိုးရှိသော ပီလောပီနံနှင့်ပီလောပီနံ ထုတ်ကုန် တန်ချိန် ၂.၆၂ သန်း ကိုတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ပမာဏတွင် ၁၁.၁ ရာခိုင်နှုန်းနှင့် တန်ဖိုးတွင် ၁၁.၄ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြောင်း သိရပါသည်။ တရုတ် နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁.၀၆ ဘီလီယံ တန်ဖိုးရှိသော တန်ချိန်စုစုပေါင်း ၂.၄၃ သန်း တင်သွင်

တိုယိုတာဗီယက်နမ်သည် ဇန်နဝါရီလက ဗီယက်နမ်၌ ကားအစီးရေ ၃၃၄၆ စီးရောင်းချခဲ့ ရပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလကထက် ၄၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုစုစုပေါင်း ရောင်းချရမှုထဲတွင် အစီးရေ ၉၂၉ စီးမှာ ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်သည့်ကားများဖြစ်ပြီး အစီးရေ ၂၄၁၇ စီးမှာ အပြည့်အဝတင်သွင်းလာသည့် ကားများဖြစ်ကြောင်း သိရပါသည်။ Toyota Hybrid ကားများရောင်းချရမှုမှာ အစီးရေ ၅၆၅ စီးရှိပြီး လွန်ခဲ့သည့်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၅၀၄ ရာခိုင်နှုန်းအထိ အထင်ကြီးဖွယ်မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုအချက် သည် စားသုံးသူများက လောင်စာသက်သာပြီး သဘာဝပတ်ဝန်းကျင်နှင့်သင့်လျော်သော မော

၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် ဥရောပသမဂ္ဂသို့ အမေရိကန်ဒေါ်လာ ၅၁.၇ ဘီလီယံ တန်ဖိုး တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၁၈.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အဓိက ပို့ကုန်များဖြစ်သည့် ကွန်ပြူတာများ၊ အီလတ်ထရောနစ်ပစ္စည်းများနှင့် အစိတ်အပိုင်းများ တင်ပို့ မှုမှာအမေရိကန်ဒေါ်လာ ၁၀.၈ ဘီလီယံ နီးပါးရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၆၆.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ စက်ပစ္စည်းများ၊ စက်အစိတ်အပိုင်းများနှင့် အပိုပစ္စည်းများ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၈.၇ ဘီလီယံရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၂၄.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဖုန်းနှင့်ဖု

ဗီယက်နမ်နိုင်ငံ Thai Binh ပြည်နယ်တွင် တရုတ်နိုင်ငံမှ ကားကုမ္ပဏီများသည် ဗီယက်နမ် ကုမ္မဏီများနှင့်ပူးပေါင်း၍ မော်တော်ကားထုတ်လုပ်တပ်ဆင်သည့်စက်ရုံများကို ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် စတင်ဆောက်လုပ်မည်ဟု သိရပါသည်။ တရုတ်နိုင်ငံမှ ထိပ်တန်းကားကုမ္ပဏီ ဖြစ်သည့် Geely Auto Group သည် ဗီယက်နမ်၏ Tasco Joint Stock ကုမ္ပဏီနှင့် ပူးပေါင်း၍ မော်တော်ကားတပ်ဆင်ထုတ်လုပ်သည့်စက်ရုံကို Tien Hai စီးပွားရေးဇုန် တွင် ဇွန်လ ၂၀၂၅ ၌ စတင်ဆောက်လုပ်မည်ဟု သိရပါသည်။ ၂၀၂၆ ခုနှစ်အစောပိုင်းတွင် ပထမဆုံးမော်တော်ယာဉ်များ ထုတ်လုပ်နိုင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ ထိုစက်ရုံသည် ဟတ်တာ ၃၀ အကျယ်အဝန်း ရှိပ
