ပြည်ပကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်းပဲမျိုးစုံတန်ချိန် ၁.၅ သန်း ကျော် တင်ပို့ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ Global News Light Of Myanmar မှဇန်နဝါရီ ၂၂ ရက်နေ့ က ဖော်ပြချက်အရသိရသည်။
တင်ပို့မှုတွက် ကုလားပဲနက်တန်ချိန် ၇၀၀၀၀၀၊ ပဲစဥ်းငုံတန်ချိန် ၂၀၀၀၀၀ နှင့်ကုလားပဲစိမ်း တန်ချိန် ၄၀၀၀၀၀ ရှိကြောင်းမြန်မာနိုင်ငံပဲမျိုးစုံ၊ ပဲ၊ ပြောင်းနှင့် နှမ်းစေ့ကုန်သည်များအသင်း၏ ထုတ်ပြန်ချက်ကိုကိုးကား၍ ဖော်ပြချက်အရသိရသည်။

တရုတ်နိုင်ငံ၏ မော်တော်ကားထုတ်လုပ်သူ BYD သည် အင်ဒိုနီးရှားနိုင်ငံ၏ အဆင့်မြင့် မော်တော်ကားစျေးကွက်တွင် ၎င်း၏ တည်ရှိမှုကို ချဲ့ထွင်ရန်အတွက် ၎င်း၏ ပရီမီယံအမှတ်တံဆိပ် DENZA ကို ဇန်နဝါရီလ ၁ ရက်နေ့တွင် မိတ်ဆက်ခဲ့သည်။ “ဒီနှစ်မှာ BYD ဟာ အင်ဒိုနီးရှားနိုင်ငံကို မော်ဒယ်အသစ်တွေ ထပ်ပြီး ယူဆောင်လာမှာပါ” ဟု BYD အာရှ-ပစိဖိတ် မော်တော်ယာဥ်အရောင်း ဌာနခွဲ၏ အထွေထွေမန်နေဂျာ Liu Xueliang က ဂျကာတာတွင် မိတ်ဆက်ပွဲအတွင်း ပြောကြားခဲ့ သည်။ သူ့အဆိုအရ DENZA သည် BYD ၏ ရာနှုန်းပြည့်ပိုင်

အစ္စရေးနိုင်ငံ၏ စိန်ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် သိသိသာသာ ကျဆင်းခဲ့ကြောင်း နိုင်ငံ၏ စီးပွားရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။ အစ္စရေး၏ စိန်ရိုင်းတင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းအမေရိကန်ဒေါ်လာ ၆၃၄.၉ သန်းရှိပြီး ယခင်နှစ်ကထက် ၂၄.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စိန်ချောတင်ပို့မှုမှာ ၃၅.၇ ရာခိုင်နှုန်းမှ ၁.၈၇ ဘီလီယံဒေါ်လာသို့ ကျဆင်းသွားခဲ့သည်။ အစ္စရေး၏ စိန်ရိုင်းတင်သွင်းမှုသည် တစ်နှစ်ထက် တစ်နှစ် ၁၃.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စိန်ချောတင်သွင်းမှု ၃၂.၉ ရာခိုင်နှုန်းမှ ၁.၅၅ ဘီလီယံဒေါ်လာ သို့ ကျဆင်းသွားခဲ့သည်။ ၂၀၂၄ ခုနှစ်သည

ကမ္ဘောဒီးယားနိုင်ငံပိုင် ဆိပ်ကမ်းနှစ်ခုဖြစ်သည့် Sihanoukville Autonomous Port (PAS) နှင့် Phnom Penh Autonomous Port (PPAP) တို့သည် ၂၀၂၄ ခုနှစ်တွင် ဝင်ငွေ သိသိသာသာ တိုးတက်လာခဲ့ကြောင်း ပြည်သူ့လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ နှစ်ပတ်လည် အစီရင်ခံစာအရသိရသည်။ နိုင်ငံတော်တွင် အကြီးဆုံးဆိပ်ကမ်းဖြစ်သည့် Sihanoukville Autonomous Port (PAS) သည် ၂၀၂၄ ခုနှစ်က စုစုပေါင်းကွန်တိန်နာတန်ချိန် ၉.၆၀ သန်းရရှိခဲ့ပြီး တန်ချိန် ၇.၈၉ သန်းရှိခဲ့သည် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၁.၆၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ Sihanoukville Autonomous Port (PA

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် လေယာဉ်ခရီးသွားစုစုပေါင်း ၆.၂၄ သန်း ရရှိခဲ့ ပြီးတစ်နှစ်ထက်တစ်နှစ် ၂၂ ရာခိုင်နှုန်းတိုးလာကြောင်း တာဝန်ရှိသူတစ်ဦးက ၂၂-၁-၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာနှင့် ပြည်တွင်းလေကြောင်းလိုင်းများသည် ၂၀၂၄ ခုနှစ် အတွင်း နိုင်ငံတော်၏အပြည်ပြည်ဆိုင်ရာလေဆိပ် (၃) ခုသို့ ပျံသန်းမှုပေါင်း ၅၈,၃၅၄ ကြိမ် ပျံသန်းခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၄ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း လေကြောင်းပို့ဆောင်ရေး ဆိုင်ရာနိုင်ငံတော်အတွင်းဝန်ရုံး(SSCA)၊ အတွင်းရေးမှူး Sinn Chanserey Vutha က ပြောကြားခဲ့ သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း လေကြောင်းကုန်စည

ဥရောပသမဂ္ဂ (EU) ၏ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ညွှန်ကြားချက် (RED II) ၌ ပါရှိသော ဖော်ပြချက်အချို့သည် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ တင်ပို့မှုအပေါ် တရားမျှတမှုမရှိပဲ ခွဲခြားဆက်ဆံခြင်း ပြုရာရောက်သည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က စီရင်ဆုံးဖြတ်ခဲ့ပြီး နောက် ၎င်း၏ ဇီဝလောင်စာမူဝါဒများကို ပြန်လည်ပြင်ဆင်ရန် စီစဉ်နေသည်ဟု EU က ကြေညာ ချက် ထုတ်ပြန်ခဲ့သည်။
ကမ္ဘောဒီးယား တော်ဝင်အစိုးရအနေဖြင့် စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်နိုင်ခြင်းမရှိဟု ဝေဖန်ပြောဆိုမှုများအပေါ် ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး Dith Tina က ဇန်နဝါရီ ၁၅ ရက်နေ့တွင် ပြတ်သားစွာ ပယ်ချခဲ့ပြီး ဗီယက်နမ်သို့ တင်ပို့လေ့ရှိသော OM ဆန်အမျိုးအစားများ၏ ဈေးနှုန်းကျဆင်းမှုသည် ပြင်ပသက်ရောက်မှုများကြောင့်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
စားအုန်းဆီ အများဆုံးထုတ်လုပ်သည့် အင်ဒိုနီးရှားသည် စားအုန်းဆီကို အချိုးကျရောနှော အသုံးပြုသည့် ဇီဝဒီဇယ်အသုံးပြုမှုအား မြှင့်တင်ထားသောကြောင့် မလေးရှားစားအုန်း ဆီကြမ်း (CPO) ၏ အနာဂတ် အလားအလာမှာ ၂၀၂၅ ခုနှစ်တွင် ပျမ်းမျှအားဖြင့် ဈေးနှုန်း ပိုမိုမြင့်တက်လာ မည်ဟု စစ်တမ်းကောက်ယူမှုအရ မျှော်လင့်ရကြောင်း ရိုက်တာသတင်းဌာနက ၂၁-၁-၂၀၂၅ ရက် နေ့တွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ၌ ပြည်နယ်များနှင့် အီသနောထုတ်လုပ်သူများထံသို့ အရောင်းမြှင့်တင်ရန်နှင့် စားနပ်ရိက္ခာဖူလုံမှုအစီအမံများကို ပံ့ပိုးကူညီရန်အတွက် ဗဟိုအစိုးရသည် အိန္ဒိယ စားသောက်ကုန် ကော်ပိုရေးရှင်း (FCI) လက်ဝယ်တွင် သိုလှောင်ထားရှိသော အရန်ဆန်များအား ပြင်ပဈေးကွက်သို့ ရောင်းချမှု အစီအစဉ် (Open Market Sale Scheme) အောက်၌ ဆန် ၁ ကွင်တယ် (၁၀၀ ကီလို ဂရမ်) အပေါ် ရူပီး ၅၅၀ လျှော့ချလျက် သီးခြားအနိမ့်ဆုံးဈေးနှုန်းအသစ်ကို ရူပီး ၂၂၅၀ နှုန်း ပြင်ဆင် သတ်မှတ်ခဲ့ကြောင်း သိရသည်။
ဗီယက်နမ်၏ ဆန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်၌ တန်ချိန် ၉ ဒသမ ၀၄ သန်းဖြင့် စံချိန်တင် မြင့်မားခဲ့ရာမှ ယခုနှစ်တွင် မက်ထရစ်တန်ချိန် ၇ ဒသမ ၅ သန်းသို့ လျော့ကျမည်ဟု ခန့်မှန်း ထားကြောင်း ဗီယက်နမ် စားသောက်ကုန်လုပ်ငန်းအသင်း ဥက္ကဋ္ဌ Nguyen Ngoc Nam က ပြော ကြားခဲ့သည်။
၂၀၂၃ ခုနှစ်၌ စံချိန်တင်ထွက်ရှိသော စပါးတန်ချိန် ၂၀.၄၆ သန်းကို ကျော်လွန်ပြီး ၂၀၂၅ ခုနှစ်တွင် စပါးအထွက်ပမာဏ တိုးတက်မည်ဟု ခန့်မှန်းထားကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေး အတွင်းဝန်ဖြစ်သူ Francisco Tiu Laurel Jr. ကပြောကြားထားပါသည်။
အိန္ဒိယပြည်တွင်းဈေးကွက်၌ သကြားဈေးနှုန်းများ ကျဆင်းလျက်ရှိနေချိန်တွင် သကြား စက်ရုံများအနေဖြင့် ပိုမိုကောင်းမွန်သည့် ဈေးနှုန်းများရရှိစေရန်အတွက် ပြည်ပသို့ သကြားတန်ချိန် ၁ သန်း တင်ပို့ရန် အစိုးရက ခွင့်ပြုထားသည်ဟု ကုန်သည်သတင်းအရင်းအမြစ်များအရ သိရှိရပါ သည်။