ပြည်ပကုန်သွယ်မှုသတင်းများ
အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားကြွေးမြီးသည် ယမန်နှစ်ကသုံးလပတ်တွင်ရရှိခဲ့သော ဒေါ်လာ၄၀၈.၅ ဘီလီယံနှင့်နှိုင်းယှဥ်ပါက ယခုနှစ်ပထမလပတ်တွင် အမေရိကန်ဒေါ်လာ ၄၀၃.၉ ဘီလီယံသို့ ကျဆင်းသွားကြောင်းအင်ဒိုနီးရှားနိုင်ငံ၏ဗဟိုဘဏ်မှ ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်ကြေညာခဲ့ပါသည်။
အစိုးရ၏နိုင်ငံခြားကြွေးမြီးသည် ယခင်သုံးလပတ်တွင်ဒေါ်လာ(၁၉၆.၆)ဘီလီယံ ယခုနှစ်ပထမလပတ်တွင် ဒေါ်လာ (၁၉၂.၂) ဘီလီယံသို့ကျဆင်းသွားခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်မှ ဧည့်မထ (၂၅%) ဆန် တန်ချိန် (၁၅၀၀)၊ အိတ်ရေအားဖြင့် ဆန်အိတ်(၃၀၀၀၀)ကို ပြည်ပသို့တင်ပို့ရန်အတွက် ဟင်္သာတဆိပ်ကမ်းမှ သင်္ဘောတင်ခြင်းလုပ်ငန်းကို (၁၃-၅-၂၀၂၄) ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့တင်ပို့ခြင်းကို ဧရာဟင်္သာကုမ္ပဏီက ဆောင်ရွက်ခြင်းဖြစ်ပြီး ဟင်္သာတမြို့ပေါ်ရှိဆန်စက်များမှ ဧည့်မထ(၂၅%) ဆန်တစ်အိတ်လျှင် ၇၅၀၀၀ကျပ်ဖြင့်ဝယ်ယူပြီး အာဖရိကတိုက်ရှိ အိုင်ဗရီကိုစ့်နိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်းသိရှိရပါသည်။
ထိုင်နိုင်ငံ၏ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai သည် ထိုင်းကိုယ်စားလှယ်အဖွဲ့အားတိုကျိုမြို့ရှိ Imperial Hotel တွင် မကြာသေးမှီကဦးဆောင်ခဲ့ပြီး ဂျပန်-ထိုင်း ကုန်သွယ်ရေးနှင့်စီးပွားရေးကော်မတီဥကဠ Suzuki Jun နှင့် ဂျပန်စီးပွားရေးအဖွဲ့ချုပ်(Keidanren) တို့မှ အမှုဆောင်အရာရှိများနှင့် မဟာဗျူဟာမြောက် ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
မလေးရှားနိုင်ငံ၏ သဘာဝရော်ဘာထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ၂၉၆၉၁ တန်ရှိရာမှ ၉.၂% ကျဆင်းလျက် မတ်လတွင် ၂၆၉၆၆ တန်သာ ထုတ်လုပ်နိုင်ခဲ့သည်ဟု မလေးရှား စာရင်းအင်းဦးစီးဌာန (DOSM) ၏ ၁၃-၅-၂၀၂၄ နေ့၌ ထုတ်ပြန်သည့် အချက်အလက်များအရ သိရှိ ရကြောင်း မလေးရှားနိုင်ငံ အခြေစိုက် သဘာဝရော်ဘာ ထုတ်လုပ်သည့်နိုင်ငံများအသင်း (The Association of Natural Rubber Producing Countries - ANRPC) က ဖော်ပြပါသည်။
ကမ္ဘာပေါ်တွင်အရေးပါသော တစ်ပိုင်းလျှပ်ကူးကဏ္ဍကိုအရှိန်မြှင့်တင်ရန်အတွက် တောင်ကိုရီးယားနိုင်ငံသည်Chip လုပ်ငန်းနယ်ပယ်ကို အမေရိကန်ဒေါ်လာ၇ ဘီလီယံကျော် ထောက်ပံ့မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနကမေလ ၁၂ ရက်နေ့ကပြောကြားခဲ့ပါသည်။ ဤခြေလှမ်းသည် လွန်ခဲ့သည့်နှစ်က ကမ္ဘာလုံးဆိုင်ရာစျေးကွက်ကိုပိုမိုထိုးဖောက်မည့် ကမ္ဘာ့အကြီးမားဆုံး Memory Chip ထုတ်လုပ်သည့် Samsung Electronic မှအဓိကရင်းနှီးမြှပ်နှံမည့် အမေရိကန်ဒေါ်လာ (၂၄၀)ဘီလီယံတန်ဖိုးရှိသည့် ကမ္ဘာ့အကြီးမားဆုံး Chip Center တည်ဆောက်ရန်အတွက် အစိုးရ၏ ကတိပြုမှုကြောင့်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး၏ ၁၂-၅-၂၀၂၄ရက်နေ့ကထုတ်ပြန
ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သည့် အိန္ဒိယ၏ ဆန်များအပေါ် ဝယ်လိုအား ထိုင်းမှိုင်းနေပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိသော်လည်း ထိုင်းနိုင်ငံ၏ ဆန်ပို့ကုန်ဈေးနှုန်းများသည် ရောင်းလိုအား နည်းပါးမှုနှင့် ဝယ်လိုအား ခိုင်မာအားကောင်းမှုအရ ယခုသီတင်းပတ်၌ ၃ လအတွင်း အမြင့်ဆုံး ဈေးနှုန်းသို့ ရောက်ရှိလာကြောင်း Bangkok Post သတင်းဌာနက ၁၆-၅-၂၀၂၄ နေ့တွင် ဖော်ပြ ပါသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမလေးလအတွင်း အမေရိကန်ဒေါ်လာ ၁၇၀ ဒသမ ၂ သန်း တန်ဖိုးရှိ ဆန် ၂၄၈၄၉၁ တန် တင်ပို့ခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) ၏ ၈-၅-၂၀၂၄ ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံ၏အစိုးရသည် မေလ၁၃ ရက်နေ့(တနင်္လာနေ့) က Aliexpress, Alibaba နှင့် Temu ကဲ့သို့သော online နာမည်ကြီးစျေးဝယ်ပလက်ဖောင်းများတွင် ရောင်းချနေသောကုန်ပစ္စည်းများ ဘေးကင်လုံခြုံမှုနှင့်ပက်သက်၍ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပါသည်။
တောင်ကိုရီယားနိုင်ငံသည် Aliexpress, Temu နှင့်အခြားသောတရုတ် E-Commerce စျေးဝယ်ပလက်ဖောင်းများကို မိမိတို့နိုင်ငံအတွင်း အသုံးပြုသူများ များပြားလာသောကြောင့် ထို E-Commerce ပလက်ဖောင်းများအားသေသေချာချာစိစစ်ပြီးနောက် သဘောတူညီချက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။
ဖိလစ်ပိုင်နိုင်ငံ၏ ဆန်လက်ကျန်မှာ ယခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မက်ထရစ်တန်ချိန် ၁.၆၄ သန်းရှိပြီး ယခင်နှစ် ကာလတူရှိ လက်ကျန်တန်ချိန် ၁.၈၄ သန်းနှင့် နှိုင်းယှဉ်ပါက ၁၀.၉% ကျဆင်းခဲ့ကြောင်း ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့မှ ၈-၅-၂၀၂၄ နေ့ သတင်းထုတ်ပြန်ချက် အရ သိရသည်။ လအလိုက် နှိုင်းယှဉ်ရာတွင်မူ အဆိုပါပမာဏသည် ယခင်လရှိ ဆန်လက်ကျန် တန်ချိန် ၁.၃၇ သန်းထက် ၂၀.၂% မြင့်တက်လာခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင် ဆန်ဈေးနှုန်းများ သက်သာမှုရရှိလာသော်လည်း အစိုးရအနေဖြင့် ဆန်ထောက်ပံ့မှု အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ ခြောက်လ သက်တမ်းတိုးနိုင်ဖွယ် ရှိသည်ဟု ရာထူးသက်တမ်းကုန်ဆုံးတော့မည့် သမ္မတဂျိုကိုဝီဒိုဒိုက ၁၃-၅-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။
အိန္ဒိယနိုင်ငံတွင် ဆန်ကုန်လက်ကျန် များပြားပိုလျှံမှုရှိပြီး မိုးရွာသွန်းမှု ပုံမှန်ထက်ပိုမိုမည့် မုတ်သုံရာသီဥတု ခန့်မှန်းချက်အရ မိုးသီးနှံရာသီ၌ စပါးစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်စေဖွယ်ရှိ သဖြင့် အစိုးရအနေဖြင့် ယခင်နှစ်၌ ချမှတ်ခဲ့သော ဆန်တင်ပို့မှု ကန့်သတ်ချက်များကို ဖြေလျှော့ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း အရာထမ်းတစ်ဦးက ပြောကြားခဲ့ပါသည်။
ပါကစ္စတန်နိုင်ငံသည် လက်ရှိဘဏ္ဍာနှစ်တွင် ဇူလိုင်လမှ ၂၀၂၄ ခုနှစ် မတ်လအထိ ပထမ ၉ လအတွင်း ဆန်တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၂.၆၉ ဘီလီယံရရှိခဲ့ကြောင်း၊ ယခင်ဘဏ္ဍာနှစ် အလားတူကာလ၌ ဆန်ပို့ကုန်မှ ရရှိခဲ့သောဝင်ငွေ ဒေါ်လာ ၁.၅၂၂ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၇၆.၅၇% တိုး တက်ခဲ့ကြောင်း ပါကစ္စတန်ဗဟိုဘဏ်၏ အစီရင်ခံစာထုတ်ပြန်ချက်အရ သိရှိရသည်။