ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Apr 2023

           အိန္ဒိယနိုင်ငံ၌ တောင်သူများအနေဖြင့် သင့်တင့်သည့် ဈေးနှုန်းရရှိနိုင်စေရေးအတွက် ယခုနှစ် ဆောင်းသီးနှံရာသီစိုက်ပျိုးမှုမှ ထွက်ရှိမည့် ကြက်သွန်နီသီးနှံ တန်ချိန် ၃ သိန်းကို အစိုးရ၏ ဝယ်ယူရေးအေဂျင်စီများက ဝယ်ယူမည်ဖြစ်ကြောင်း အိန္ဒိယစားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာ ဝန်ကြီး Mr.

21 Apr 2023

           တင်းကျပ်သောမူဝါဒ စည်းမျဉ်းစည်းကမ်းများကြောင့် စားအုန်းဆီပင်သစ်များ တိုးမြှင့်စိုက်ပျိုးမှု လျော့ကျလာမှုနှင့်အတူ လတ်ဆတ်သောသီးနှံအခိုင်များ (Fresh fruit bunches - FFB) ဖြစ်ထွန်းမှုနည်းပါးလာခြင်းနှင့်  ကုန်ကျစရိတ်များ မြင့်တက်လာခြင်းတို့ကြောင့် ကာလရှည်တွင် စားအုန်းဆီတိုးချဲ့ထုတ်လုပ်နိုင်မှု အလားအလာများ လျော့ကျသွားနိုင်ကြောင်း မလေးရှားနိုင်ငံ အခြေစိုက် Kenanga သုတေသနအဖွဲ့က အသိပေးထားပါသည်။

04 Apr 2023

    ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီလက်ကျန်အခြေအနေသည် ထုတ်လုပ်မှုကို လျော့နည်းစေသော်လည်း တန်ချိန် ၃.၀၉၉ သန်းအထိ တင်ပို့နိုင်ခဲ့ကြောင်း အင်ဒိုနီးရှားစားအုန်းဆီအသင်းက မတ်လ ၂၇ ရက် (တနင်္လာနေ့)တွင် ဖော်ပြသောအချက်အလက် များအရ သိရပါသည်။ ယခုနှစ် ဇန်နဝါရီလ တင်ပို့မှုပမာဏသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလနှင့် နှိုင်းယှဉ်ပါက ၁၃ % လျော့နည်းခဲ့ပြီး ကာလတူ ဇန်နဝါရီလနှင့်နှိုင်းယှဉ်ပါက ၃၄ % လျော့နည်း တင်ပို့ခြင်းဖြစ်သည်။

04 Apr 2023

     ရုရှားနိုင်ငံရှိ အကြီးမားဆုံးရေနံထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သော Rosneft မှ အမှုဆောင် အရာရှိချုပ် Mr. Igor Sechin နှင့် အိန္ဒိယ ထိပ်တန်းရေနံသန့်စင်သည့် ကုမ္ပဏီ ဖြစ်သော India Oil Corp မှ ဥက္ကဌဖြစ်သူ Mr. Shrikant Madhav Vaidya တို့သည် အိန္ဒိယနိုင်ငံသို့ ရေနံ အဆင့်အတန်း အမျိုးမျိုးဖြင့် အမျိုးစုံစွာ တိုးမြှင့်ရောင်းချနိုင်ရန်အတွက် စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြ ကြောင်း သိရှိရသည်။

04 Apr 2023

    အိန္ဒိယနိုင်ငံ၌ ဂျုံအဓိကစိုက်ပျိုးသည့် ပန်ဂျပ်၊ ဟာရီယာနာနှင့် ရာဂျပ်စတန် ပြည်နယ်များ တွင် မတ်လ နောက်ဆုံးရက်သတ္တပတ်အတွင်း အချိန်အခါမဲ့ မိုးရွာသွန်းမှုနှင့် မိုးသီးများကျရောက်မှု ကြောင့် ဂျုံစိုက်ပျိုးထားရှိမှု၏ ၂၅% မှ ၅၀% ခန့်အထိ ထိခိုက်ဖွယ်ရှိကြောင်း သိရှိရပါသည်။

04 Apr 2023

        အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံနှင့် မတ်ပဲတို့၏ ဈေးနှုန်းများသည် တစ်လတာအတွင်း ၈% မှ ၁၀% အထိ မြင့်တက်ခဲ့ပြီး ကုလားပဲဈေးနှုန်းသည်လည်း ၄% မှ ၅% ခန့် မြင့်တက်ခဲ့ရာ ဗဟိုအစိုးရ အနေဖြင့် ဈေးကွက်အခြေအနေ စောင့်ကြည့်ကြပ်မတ်ရေးကော်မတီတစ်ရပ်အား ဖွဲ့စည်း၍ ဈေးကွက်အတွင်း ပဲစင်းငုံ ဝယ်ယူရရှိနိုင်မှုမြှင့်တင်ရေး အစီအမံများကို စတင် လုပ်ဆောင်လျက်ရှိ ကြောင်း သိရှိရသည်။

28 Mar 2023

     မကြာသေးမီက ထွက်ရှိလာသည့် သတင်းများအရ တရုတ်နိုင်ငံရှိ စက်ရုံ (၃) ခုက ထိုင်း စံပယ်ဆန်ကို အတုအပပြုလုပ်ခဲ့ကြောင်းနှင့် အခြားသောဆန်များကို အရသာမြှင့်တင်သည့် အနံ့၊ ပစ္စည်းများဖြင့် ပြုပြင်ရောင်းချနေသောကြောင့် ကုန်စည်ထုပ်ပိုးမှုများပေါ်တွင် အသိအမှတ်ပြု တံဆိပ်များအား စစ်ဆေးလျက် ဝယ်ယူသုံးစွဲရန် ထိုင်းနိုင်ငံခြားကုန်သွယ်မှုဌာန (DFT) က စားသုံးသူများအား အကြံပြု ပြောကြားထားပါသည်။

28 Mar 2023

     ထိုင်းအာဏာပိုင်များသည် တရုတ်နိုင်ငံ Anhui ပြည်နယ်ရှိ စက်ရုံသုံးခုအပေါ် စံပယ်ဆန်အတုများ ရောင်းချခဲ့မှုအတွက် စွဲချက်တင်ရန် ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံမှ ဝယ်ယူသူများ ထိုင်းစံပယ်ဆန်စစ်စစ်၏ အရည်အသွေးကို သိရှိနားလည်စေရန်အတွက် စွဲချက်တင်ထားခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ပရာယွန်း အင်ဆာကူ က ပြောကြားခဲ့ပါသည်။      

28 Mar 2023

    ကမ္ဘာ့စားအုန်းဆီ ဒုတိယအများဆုံးထုတ်လုပ်သည့် မလေးရှားနိုင်ငံအတွင်း ရေလွှမ်းမိုးမှုများနှင့် ဆီအုန်းအပင်အိုများ ရှိခြင်းကြောင့် စားအုန်းဆီဈေးကွက် အကျပ်အတည်းဖြစ်နိုင်ကြောင်း မလေးရှားနိုင်ငံ ဆီအုန်းစိုက်ပျိုးသူများအဖွဲ့က ခန့်မှန်းထားပါသည်။

28 Mar 2023

      အိန္ဒိယနိုင်ငံတွင် ၂ဝ၂၂-၂၃ သီးနှံရာသီ (အောက်တိုဘာလ-စက်တင်ဘာလ) အတွင်း ဝါဂွမ်း စိုက်ပျိုးသည့်ဒေသများဖြစ်ကြသော တီလန်ဂါနာ၊ မဟာရာရှ်ထရာ၊ ဟာရီယာနာ၊ ကာနာတကာ၊ ပန်ဂျပ်နှင့် တမီနာဒူ ဒေသများတွင် အထွက်နှုန်း ကျဆင်းမှုနှင့်အတူ ဝါဂွမ်းထွက်ရှိမှုမှာ မူလခန့်မှန်းထားသည့် တစ်ထုပ်လျှင် ၁၇ဝ ကီလိုဂရမ်ဝင် ဝါဂွမ်းထုပ်ရေ (bales) ၃၂၁.၅ သိန်းမှ‌ ၈.၅ သိန်းလျော့ချလျက် အထုပ်ရေ ၃၁၃ သိန်းခန့်သာ ထွက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။ ထိုသို့ အထွက်လျော့နည်းမှုကြောင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး မတ်လ ၁၆ ရက်နေ့၌ ဂူဂျရတ်ပြည်နယ်၊ Rajkot ဈေးကွက်တွင် ဝါဂွမ်း တစ်ကွင်တယ် (ဝ.၁ တန်) လျှင် ရူပီး ၈ဝဝဝ သို့မြင့်တ

28 Mar 2023

      Economica.net ၏ အစီရင်ခံစာတွင်  ပင်လယ်နက် (Black Sea) ဒေသတွင်း၌ နေကြာဆီ လက်ကားဈေးနှုန်းသည် (၂) လအတွင်း၌ ၁၅ % ကျဆင်းခဲ့ပါကြောင်း၊ နေကြာဆီ ၁ တန်လျှင် တူရကီဆိပ်ကမ်းများတွင် ဒေါ်လာ ၉၉၀၊ ဘူလ်ဂေးရီးယားနိုင်ငံ ဗာနာဆိပ်ကမ်း၌ ဒေါ်လာ ၉၈၀ နှင့် ယူကရိန်းဆိပ်ကမ်းများတွင် ဒေါ်လာ ၉၀၀ ခန့် အသီးသီး ဈေးနှုန်းများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ နောက်ဆုံးအကြိမ် နေကြာဆီဈေးနှုန်း အနိမ့်ဆုံးဖြစ်ပေါ်ခဲ့မှုမှာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတွင်ဖြစ်ရာ ယခုအခါ ၂ နှစ်ခွဲတာကာလအတွင်း အနည်းပါးဆုံး ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

28 Mar 2023

    ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် သကြားတင်သွင်းခွန်နှင့် တန်ဖိုးမြှင့်အခွန် (Value Added Tax) များကို လျှော့ချမည်ဖြစ်ရာ အမှန်တကယ်တွင် ၁ ကီလိုဂရမ်လျှင် တာကာငွေ ၄.၅ နှုန်း ဈေးလျှော့ချရန်ဖြစ်သော်လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် သကြားကြိတ်ခွဲသည့်လုပ်ငန်းများနှင့် ကျိုချက်သန့်စင်သည့်လုပ်ငန်းများကို လက်လီအဆင့်အနေဖြင့် သကြားဈေးနှုန်းအား ၁ ကီလိုဂရမ်လျှင် ၅ တာကာနှုန်း ဈေးလျှော့ချစေရေး တောင်းဆိုသွားမည် ဖြစ်သည်။

Pages