ပြည်ပကုန်သွယ်မှုသတင်းများ
အင်ဒိုနီးရှားနိုင်ငံစိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ Sudaryono က ပြည်သူများအနေဖြင့် ငှက်သိုက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန် တိုက်တွန်းအားပေးခဲ့ပြီး ၎င်း သည် မိသားစုများ၏စီးပွားရေး တိုးတက်ရန်သိသာထင်ရှားသောအလားအလာရှိပြီး နိုင်ငံ၏တင်ပို့ မှုများကို အရှိန်မြှင့်တင်နိုင်မည်ဟု ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ငှက်သိုက် တင်ပို့မှု၏ ၆၀ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ အစိုးရသည်လည်း ငှက်မွေးမြူရေးသမားများ အား ပံ့ပိုးပေးမည်ဖြစ်ပြီး လိုအပ်သောလုပ်ငန်းစဉ်များအား ရှင်းလင်းစေရန်နှင့် အရှိန်မြှင့်တင်ရန် ပြင်ဆင်ထားကြောင်း သိရပါသည်။ Sudaryono က အစ

အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာ ညှိနှိုင်းဆွေးနွေးရေးဝန်ကြီးဖြစ်သူ Airlangga Hartarto နှင့် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သြစတေးလျသံအမတ် Penny Williams တို့သည် နှစ်နိုင်ငံအပြန်အလှန် စီးပွားရေးဆောင်ရွက်မှု အားကောင်းစေရန်အတွက် နည်းလမ်းများရှာဖွေရန် ဇန်နဝါရီလ ၉ ရက် နေ့က ဝန်ကြီးရုံးတွင် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနှင့် သြစတေးလျ နိုင်ငံတို့သည် ကာလကြာရှည်မိတ်ဖက်များဖြစ်ကြပြီး ၂၀၂၄ ခုနှစ်က ၇၅ ကြိမ်မြောက် သံတမံ ဆက်ဆံရေးအခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရပါသည်။ ဝန်ကြီးက သံအမတ် Williams သည် စီးပွားရေးမိတ်ဖက်ပရိုဂရမ် Prospera နှင့် အစိုးရနောက်ခံပြုထားသည

စင်ကာပူအခြေစိုက် United Oversea Bank(UOB) က၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်၏ စီးပွားရေးကြီးထွားနှုန်းကို ယခင်ခန့်မှန်းထားသည့် ၆ ရာခိုင်နှုန်းကိုကျော်လွန်၍ ၇ ရာခိုင်နှုန်း တိုးမြှင့်ခန့်မှန်းထားကြောင်းသိရပါသည်။ UOB မှကျွမ်းကျင်ပညာရှင်များ၏အဆိုအရ ဗီယက်နမ် သည် ၂၀၂၄ ခုနှစ်၏ စတုတ္ထ ၃ လပတ်ကာလတွင် GDP ကြီးထွားနှုန်း ၇.၅၅ ရာခိုင်နှုန်းနှင့်အတူ ၂၀၂၄ ခုနှစ်ကို အားကောင်းစွာ ပိတ်သိမ်းနိုင်ခဲ့ကြောင်း သိရပါသည်။ နောက်ဆုံး ၃ လပတ် ကာလတွင် အားကောင်းသောစွမ်းရည်ပြသနိုင်မှုနှင့်အတူ ဗီယက်နမ်၏ စီးပွားရေးသည် ၂၀၂၄ တွင် ၇.၀၉ ရာခိုင်နှုန်းတိုးချဲ့နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၅.၁ ရာခိုင်နှုန်းတိုးခ

ကမ္ဘာပေါ်တွင် ဆန်စပါးအများဆုံးထွက်ရှိနေသည့် နိုင်ငံတစ်ခုအတွက် ပုံမှန်မဟုတ်သော လှည့်ကွက်တစ်ခုတွင် Battambang ပြည်နယ်မှ လယ်သမား Prourn Sav သည် စပါးစိုက်ပျိုးမှု အစား နာနတ်သီးကိုပြောင်းလဲစိုက်ပျိုးခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် နာနတ်သီးစိုက်ပျိုးမှုမှ ကုန်ကျ စရိတ်သည် အနည်းငယ်ကျဆင်းခဲ့ပြီး စပါးစိုက်ပျိုးမှုထက်ဝင်ငွေပိုမိုရရှိနေကြောင်း နာနတ်သီး စိုက်တောင်သူတစ်ဦးမှ ပြောကြားခဲ့သည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) ၏ အဆိုအရ ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် ၄၆ နိုင်ငံမြောက် နာနတ်သီးအများဆုံး စိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံအဖြစ် အဆင့်သတ်မှတ်ခံခဲ့ရပြီး ထုတ်လုပ်

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ငရုတ်ကောင်းတင်ပို့မှု ပမာဏကျဆင်း လာ သော်လည်း တင်ပို့မှု တန်ဖိုးမြင့်တက်လာခဲ့ကြောင်း ဗီယက်နမ် ငရုတ်ကောင်းနှင့် ဟင်းခတ် အမွှေးအကြိုင်အသင်း၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဗီယက်နမ် သတင်းအေဂျင်စီမှ ၇.၁.၂၀၂၅ နေ့က ပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ပို့ကုန်ပမာဏ ၅.၁% ကျဆင်းခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ပို့ကုန်တန်ဖိုး ၄၅.၄% တိုးလာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံနီးပါးအထိ ရောက်ရှိခဲ့ကြောင်း အဆိုပါ အသင်း၏ ထုတ်ပြန်ချက်အရသိရသည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ငရုတ်ကောင်းမဲ ၂၂၀၂၆၉ တန် နှင့် ငရုတ်ကောင်းဖြူ ၃၀၃၃၁ တန် အပါအဝင် အမေရိကန်ဒေါ်လာ ၁.၁

၂၀၂၄ ခုနှစ် တတိယသုံးလပတ်တွင် ကင်ညာ၏ တင်ပို့ကုန်သည် ၅.၅% တိုးတက်ခဲ့ပြီး ၂၈၄.၄ ဘီလီယံ ကင်ညာရှီလင် (အမေရိကန်ဒေါ်လာ ၂.၁၉ ဘီလီယံခန့်) တိုးလာခဲ့ကြောင်း နိုင်ငံ၏ အမျိုးသားစာရင်းအင်းဗျူရိုက ၇.၁.၂၀၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ ကင်ညာ အမျိုးသားစာရင်းအင်းဗျူရို (KNBS) မှ အချက်အလက်များအရ အဖရိကသည် ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန် ၅.၂% ကျဆင်းသွားသော်လည်း စုစုပေါင်း ပို့ကုန် ဝင်ငွေ၏ ၃၉.၆% တွင် အကြီးဆုံးရှယ်ယာအဖြစ် ဆက်လက်ရပ်တည်နေကြောင်းဖော်ပြခဲ့သည်။ အီဂျစ်သို့ တင်ပို့မှု ၃၂.၆%၊ တန်ဇန်နီးယား ၁၀.၄၂%၊ ဘူရွန်ဒီ ၃၆.၉%နှင့် တောင်ဆူဒန် ၂၇.၅% စသဖြင့် တစ်စိတ်တစ်ပိုင်းကျ

ဗီယက်နမ်နိုင်ငံသည် အစိုးရကသတ်မှတ်ထားသည့် ၂၀၂၅ ခုနှစ် စီးပွားရေးကြီးထွားမှု ရည်မှန်းချက် ၈ ရာခိုင်နှုန်းပြည့်မီရန် များစွာသော စီမံချက်များ ဆောင်ရွက်သွားမည်ဟု စီမံကိန်း နှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ Nguyen Duc Tam က ဇန်နဝါရီလ ၈ ရက် နေ့က အစိုးရသတင်းစာရှင်းလင်းပွဲတွင် အကျဉ်းချုပ်ပြောကြားခဲ့ပါသည်။ Tam က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ဝန်ကြီးချုပ်က ဝန်ကြီးဌာနများနှင့် ကဏ္ဍများအား ၂၀၂၅ ခုနှစ်တွင် အနည်းဆုံးစီးပွားရေးကြီးထွားနှုန်း ၈ ရာခိုင်နှုန်းရရှိရန်အတွက် အကောင်အထည်ဖော်ကြရန် တရားဝင်ထုတ်ပြန်ခဲ့သည်ဟု ပြောကြားခဲ့ပါသည်။ ထိုထဲတွင် Hanoi၊ Ho

ထိုင်းနိုင်ငံကြံနှင့်သကြားဘုတ်အဖွဲ့ရုံး(OCSB)က လုပ်ငန်းမှတာဝန်ရှိသူများသည် တရုတ် နိုင်ငံက ထိုင်းနိုင်ငံထံမှသကာရည် (Syrup) တင်ပို့မှုကို အစားအစာလုံခြုံစိတ်ချရမှု အကြောင်း ပြချက်ဖြင့် ပိတ်ပင်လိုက်ခြင်းသည် နိုင်ငံတွင်းမှ သကြားထုတ်လုပ်သူများအား သက်ရောက်မှုရှိ မည်မဟုတ်ဟု ယုံကြည်နေကြောင်း ပြောကြားခဲ့ပါသည်။ တရုတ်အာဏာပိုင်များသည် ထိုင်း နိုင်ငံ ရှိစက်ရုံများတွင် သန့်ရှင်းရေးစံနှုန်းများအပေါ် စိုးရိမ်ပူပန်မှုသည် ထိုပိတ်ပင်ခြင်း၏ အဓိက အကြောင်းပြချက်ဖြစ်ကြောင်းသိရပါသည်။ OCSB ၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Bainoi Suwanchatree က ထိုင်းနိုင်ငံသကြားထုတ်လုပ်သူများသည် အားကောင်းသော ဝ

စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် ဗီယက်နမ်-တရုတ်ဆက်ဆံရေး တွင် အားကောင်းတည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တောက်ပစွာရှိနေကြောင်း တရုတ် နိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးအတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ Nong Duc Lai က ဗီယက်နမ်သတင်း အေဂျင်စီနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ကြောင်း သိရပါသည်။ Lai က တရုတ်နှင့် များစွာသော ၎င်းတို့၏မိတ်ဖက်များအကြား ကုန်သွယ်မှုကျဆင်းနေသော်လည်း ဗီယက်နမ်သည် တရုတ်နှင့် ကုန်သွယ်ရေးဆက်ဆံမှုတည်ငြိမ်သည့် နိုင်ငံအနည်းငယ်ထဲမှတစ်ခုအဖြစ် ဆက်လက် ရှိနေကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် တရုတ်၏ ကမ္ဘာပေါ်တွင် စတုတ္ထ အကြီးမားဆုံး ကုန်သွယ်ရ

၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ပြည်တွင်းကားထုတ်လုပ်မှုသည် ခန့်မှန်းအစီးရေ ၃၈၈၅၀၀ စီးရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၂၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အထွေထွေ စာရင်းအင်း ရုံး၏ အဆိုအရသိရပါသည်။ စက်တင်ဘာလမှ နိုဝင်ဘာလအထိ သုံးလကြာမြင့် သည့် ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်သည့်ကားများအတွက် မှတ်ပုံတင်ကြေး ၅၀ ရာခိုင်နှုန်း လျှော့ချပေးသည့် ကာလတွင် အစီးရေ ၁၃၄၅၀၀ စီး ထုတ်လုပ်ခဲ့ကြောင်း သိရပါသည်။ ထိုပမာဏသည် နိုင်ငံ၏ တစ်နှစ်တာစုစုပေါင်းထုတ်လုပ်သည့်ပမာဏ၏ သုံးပုံတစ်ပုံရှိကြောင်း သိရပါသည်။ သို့သော် ဒီဇင်ဘာလတွင် နိုင်ငံ၏ပြည်တွင်းကားထုတ်လုပ်မှုသည် ခန့်မှန်း ၄၇၀၀၀ ရှိပြီး နိုဝင်ဘာလက ထုတ်လုပ်ခဲ့သည့် အစ

ဗီယက်နမ်လျှပ်စစ်ဓာတ်အား(EVN) သည် Ninh Thuan ပြည်နယ်ရှိ နျူကလိယစွမ်းအင် စက်ရုံများပါဝင်သော စွမ်းအင်စီမံကိန်းသစ်များ၏ ရင်းနှီးမြှုပ်နှံသူအဖြစ် ဆက်လက် တည်ရှိ နေနိုင်ကြောင်း ညွှန်ကြားရေးမှူးဖြစ်သူ Nguyen Anh Tuan ဇန်နဝါရီလ ၆ ရက်နေ့က ဟနွိုင်းမြို့တွင် ကျင်းပခဲ့သော EVN ၏ နှစ်ကုန်ဆန်းစစ်ချက်ညီလာခံတွင် ပြောကြားခဲ့ပါသည်။ Tuan ၏ အဆိုအရ နျူကလိယစွမ်းအင်သည် တည်ငြိမ်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် သင့်လျော်ခြင်းနှင့် တည်ငြိမ်သော စွမ်းအင်အရင်းအမြစ်ဖြစ်ခြင်းတို့အပြင် ထိုစွမ်းအင်ကို ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ၏စွမ်းအင်ပံ့ပိုးမှုကို ကွဲပြားစေနိုင်သောကြောင့်

ကမ္ဘောဒီးယားနိုင်ငံ၏ ငှက်ပျောသီးတင်ပို့မှုသည် တရုတ်သွင်းကုန်များ သိသိသာသာ ကျဆင်းလာမှုနှင့် အိမ်နီးချင်းနိုင်ငံများမှ ခက်ခဲသောယှဉ်ပြိုင်မှုများကြောင့် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လအတွင်း ၁၁.၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ နိုင်ငံတော်၏ ငှက်ပျောသီးတင်ပို့မှုသည် စုစုပေါင်းတန်ဖိုးသည် ၂၀၂၃ ခုနှစ် အလားတူကာလ ကန်ဒေါ်လာ ၁၅၆.၂ သန်းမှ ၁၃၈ သန်းသို့ကျဆင်းသွားခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) မှ ၇-၁-၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားငှက်ပျောသီးတင်ပို့မှု၏ ၉၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ပထမ သုံးလပတ်တွင် တန်ချိန် ၁.
