ပြည်ပကုန်သွယ်မှုသတင်းများ
ဗီယက်နမ်နိုင်ငံမှ တရုတ်နိုင်ငံသို့ ဒူးရင်းသီး ကုန်တင်ပို့မှု အကြိမ် ၃၀ ခန့်တွင် လေးလံသော သတ္တု (Heavy Metal) တစ်မျိုးဖြစ်သည့် ကဒ်မီယံ (Cadmium) ပါဝင်မှုသည် သတ်မှတ်ထားသော အစားအသောက် ဘေးကင်းရှင်းရေး ကန့်သတ်ချက်ထက် ကျော်လွန်နေသည့်အပေါ် တရုတ်နိုင်ငံ အကောက်ခွန်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ (GACC) မှ သတိပေးချက် ထုတ် ပြန်ခဲ့ကြောင်း ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ အပင်ကာကွယ်ရေး ဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
အိန္ဒိယလယ်ယာစိုက်ပျိုးရေးသုတေသနအဖွဲ့အစည်း (India Agriculture and Research Institute-IARI) မှ သုတေသီများနှင့် ကုန်သည်များက အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်မျိုးကွဲများကို ပါကစ္စတန်နိုင်ငံ၌ တရားမဝင်စိုက်ပျိုးနေကြောင်း သတိပေးပြောကြားခဲ့ကြပါသည်။ ပါကစ္စတန်နိုင်ငံမှ မျိုးစေ့ကုမ္ပဏီများက အရောင်းမြှင့်တင်ရေးအတွက် ထုတ်လွှင့်ပြသသည့် YouTube ဗွီဒီယို များတွင် အထွက်နှုန်းကောင်းမွန်သည့် ဘာစမာတီဆန်မျိုးကွဲများကို ပါကစ္စတန်နိုင်ငံအတွင်းရှိ အချို့ဒေသများဖြစ်ကြသော မူလ်တန်၊ ဘဟာဝါလ်နာဂါနှင့် ဟာဖီဇာဘတ်တို့တွင် စိုက်ပျိုးနေကြပုံကို ပြသခဲ့ကြရာမှ အိန္ဒိယနိုင်ငံ၏ဘာစမာတီဆန်ပို့ကုန်ဈေးကွက်ကို ခြိ
ထိုင်းနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနသည် ဈေးနှုန်းမတည်ငြိမ်မှု နှင့် ကုန်ကျစရိတ်များ မြင့်တက်လာမှုကြောင့် ဆင်းရဲနွမ်းပါးမှု ကြုံတွေ့နေရသည့် တောင်သူ ၄.၆၈ သန်းအတွက် ဓာတ်မြေသြဇာများ ဝယ်ယူရန် ဘတ်ငွေ ၃၃.၅၃ ဘီလီယံ တောင်းခံသွားမည် ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံ၌ အစိုးရ၏ ရန်ပုံငွေတိုးမြှင့်သုံးစွဲမှုအရ ယခုနှစ်တွင် ဆန်မက်ထရစ်တန်ချိန် ၁၂.၁၂၅ သန်း ခန့်ထွက်ရှိမည်ဟု ခန့်မှန်းရကြောင်း အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာန (USDA) က ပြောကြားခဲ့ပါသည်။
ဖိလစ်ပိုင်၏ ဆန်ထွက်ရှိနိုင်မှုနှင့် စပ်လျဉ်း၍ USDA မှ နောက်ဆုံးခန့်မှန်းချက် ထုတ်ပြန်မှု သည် ၎င်းတို့၏ ယခင်ခန့်မှန်းချက်ဖြစ်သော ဆန်တန်ချိန် ၁၂ သန်းထက် အနည်းငယ် မြင့်မား နေပြီး အယ်လ်နီညို ရာသီဥတုဖြစ်စဉ်သည် ဧပြီလမှ မေလအတွင်း အားပျော့လာမည်ဟု ခန့်မှန်း ချက်ကို ထည့်သွင်းစဉ်းစားထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာဝန်ကြီးဌာနသည် ပုဂ္ဂလိကကဏ္ဍမှ ဆန်တန်ချိန် ၈၃၀၀၀ ကို တင်သွင်းရန်အတွက် ကုမ္ပဏီ ၃၀ ခုသို့ သွင်းကုန်လိုင်စင်ခွင့်ပြုမည့် အမိန့်ကြော်ငြာစာတစ်စောင် ကို ၂၁-၃-၂၀၂၄ နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
မွန်ဘိုင်းဈေးကွက်ပိတ်ချိန်တွင် မြန်မာ့မတ်ပဲ FAQ မှာ ၁ကွမ်တယ် ၈၉၀၀ရူပီးနှင့် မြ၁န်မာ့ပဲစင်းငုံနီမှာ ၁ကွမ်တယ် ၁၀၁၅၀ရူပီးဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ခဲ့သည်။ မတ်လ ၂၃ရက်နေ့ အဖွင့်ဈေးနှင့်နှိုင်းယှဉ်ပါက မတ်ပဲ FAQ နှင့် ပဲစင်းငုံနီမှာ ၁၀၀ရူပီးဈေးငြိမ်နေကြောင်းသိရှိရသည်။ (၁ကွမ်တယ်ဈေးဖြစ်ပြီး ၁၀၀ကီလိုဂရမ်နှင့်ညီမျှသည်)
မတ်လ ၂၃ရက်နေ့၊ ဒေလီဈေးကွက်၌ မြန်မာ့မတ်ပဲ SQ ဈေးမှာ ၁ကွမ်တယ် ၉၉၅၀ရူပီး၊ မြန်မာ့မတ်ပဲ FAQ မှာ ၁ကွမ်တယ် ၉၁၅၀ရူပီးနှင့် မြန်မာ့ပဲစင်းငုံနီမှာ ၁၀၁၅၀ရူပီးရှိကြောင်းသိရှိရသည်။
ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာနိုင်မှုနှင့် အရည်အသွေး မြင့်မားသော ဆန်များကို ပိုမိုဦးစားပေးလာမှုတို့ကြောင့် ထိုင်းနိုင်ငံသည် ဟောင်ကောင်နှင့် တရုတ်နိုင်ငံသို့ထံ ဆန်တင်ပို့မှု ယခုနှစ်တွင် မြင့်တက်လာနိုင်ရန် မျှော်လင့်လျက်ရှိသည်။ ထို့အပြင် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ ရှန်ဇန်မြို့တွင် ဆန်ဖြန့်ဖြူးရေးစင်တာ ထူထောင်ရန် အလိုရှိလျက်ရှိပါသည်။ ဟောင်ကောင် ဆန်ကုန်သည်အသင်း ဥက္ကဌ၊ China Mercbents Godown, Wharf & Transportation Company မှ အလုပ်အမှုဆောင်အဖွဲ့ဝင်တို့နှင့် ပြုလုပ်ခဲ့သည့် အစည်းအဝေးအပြီးတွင် ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ထိုင်းနိုင်ငံတ
တရုတ်နိုင်ငံအခြေစိုက် လျှပ်စစ်ကား ထုတ်လုပ်သည့် Cherry ကုမ္ပဏီ၏ ထိုင်းနိုင်ငံ အခြေစိုက် ကုမ္ပဏီခွဲက ထိုင်းနိုင်ငံ၊ ရယောင်မြို့တွင် လျှပ်စစ်ကားစက်ရုံ တည်ဆောက်သွားမည် ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် မော်တော်ယာဉ်ထုတ်လုပ်ခြင်း လုပ်ငန်းများစတင်သွားရန် စီစဉ်ထားကြောင်း သိရပါသည်။ အဆိုပါ စက်ရုံသည် ပြည်တွင်းနှင့် အာဆီယံဒေသတွင်း ဈေးကွက်ကို ကားများ စတင်ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ တင်ပို့ရောင်းချမှုများ အတွက် ကုမ္ပဏီ၏ အခြေစိုက်နေရာဖြစ်လာမည်ဖြစ်ကြောင်း Cherry International Company ၏ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယမန်နေဂျင်းဒါရိုက်တာက ပြောကြားခဲ့ပါသည်။ ကုမ္ပဏီသည် အနာဂတ
ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးသည် စင်္ကာပူနိုင်ငံကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ၂၀၂၄ခုနှစ်၊ မတ်လ ၂၀ရက်နေ့၌ ဟနွိုင်းမြို့တွင်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အကြား စီးပွားရေးနှင့်ကုန်သွယ်မှုကဏ္ဍတို့တွင် ပိုမိုအားကောင်းလာစေရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ ဝန်ကြီးနှစ်ဦးစလုံးသည် နှစ်နိုင်ငံ၏ လက်ရှိစီးပွားရေးပူးပေါင်းမှုမှာ အရှေ့တောင်အာရှ၏ အောင်မြင်သောစီးပွားရေးအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ၏ စံပြဖြစ်ကြောင်း အမွှမ်းတင်ပြောကြားသွားခဲ့ပါသည်။ ထို့ပြင် စွမ်းအင်ကူးပြောင်းမှု၊ ဒီဂျစ်တယ်စီးပွားရေး၊ ဒီဂျစ်တယ်ပြောင်းလဲမှု၊ အစိမ်းရောင်စီးပွားရေ
ကမ္ဘောဒီးယားလယ်သမားများ၏ လတ်ဆတ်သောသရက်သီးများကို ထိုင်းနိုင်ငံသို့ တစ် ရက်လျှင် တန်ချိန် ၁၅၀ မှ ၂၀၀ အကြား တင်ပို့နေကြောင်း ကမ္ဘောဒီးယားနိုင်ငံ Battambang ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူ Heng Sith က ၁၇-၃-၂၀၂၄ နေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ သတင်းသည် ပုံမှန်အစီရင်ခံတင်ပြသော ပို့ကုန်ဆိပ်ကမ်းမှ ကျွမ်းကျင်အရာရှိတစ်ဦး၏ ပြောကြား ချက်အရ ဖြစ်ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းခရိုင်ရှိ စပါးစိုက်တောင်သူများအနေဖြင့် ခြောက်သွေ့သော ရာသီကာလအတွင်း ရာသီပေါ်စပါးကို စိုက်ပျိုးပြီးနောက် ရေပြတ်လပ်မှုကို ရင်ဆိုင်ရလျက်ရှိ ကြောင်းသိရှိရပါသည်။ လက်ရှိကာလတွင် ထိုင်းနိုင်ငံအတွင်းရှိ အလယ်အလတ် အရွယ်အစားရှိ သည့် ဆည်တမံသုံးခုတွင် ရေနည်းပါးနေခြင်းက စပါးစိုက်ခင်းများကို ခြောက်သွေ့မှုဖြစ်ပေါ်စေ လျက်ရှိပါသည်။
ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့ရန်အတွက် Kampong Speu ထန်းလျက်၊ Kampot-Kep ဆားနှင့် Mondulkiri သဘာဝပျားရည်တို့ကို ပထဝီဒေသဆိုင်ရာ အညွှန်းကိန်း (GI) ထုတ်ကုန် (၃) မျိုးအဖြစ် ဖော်ထုတ် ခဲ့ပြီး၊ တရုတ်နိုင်ငံတွင် ထုတ်ကုန်များ ဈေးကွက်မြှင့်တင်ရေးအတွက် ပံ့ပိုးကူညီမှုများ ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း Khmer Times သတင်းဌာနက ရေးသားဖော်ပြပါသည်။