ပြည်ပကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ပိုင်းရှိ Kho Kong ပြည်နယ်တွင် အသစ် တည်ဆောက်ထားသော Dara Sakor အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ပြည်တွင်းစင်းလုံးငှား လေယာဉ်ခရီးစဉ်များကို စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ မြို့ပြလေကြောင်း ဆိုင်ရာအတွင်းဝန်ရုံး(SSCA)ပြောရေးဆိုခွင့်ရှိသူ Sinn Chanserey Vutha ကပြောကြားခဲ့သည်။ Sinn Chanserey Vutha က ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် Dara Sakor အပြည်ပြည် ဆိုင်ရာလေဆိပ်တို့အကြား ပထမဆုံးပြည်တွင်းစင်းလုံးငှားလေယာဉ် စမ်းသပ်ပျံသန်းမှုကို ၂၆-၁၂-၂၀၂၄ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုခရီးစဉ်များသည် Kho Kong ပြည်

ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) နှင့် စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) တို့သည် ၂၀၂၅ ခုနှစ်တွင် လယ်ယာဖွံ့ဖြိုးရေးနှင့် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုချိတ်ဆက်ခြင်း (CAFÉ-2025) အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ (CAFÉ-2025) အစီအစဉ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံတကာဈေးကွက်သို့ မြှင့်တင်ခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ အလားအလာရှိသောစိုက်ပျိုးရေးထုတ်ကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ကိုထိရောက်စေမည်ဖြစ်သည်။ ဆွေးနွေးပွဲတွင်

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အစိုးရအိမ်တော် (State Palace) ၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လ ၃၀ ရက်နေ့တွင် ကျင်းပခဲ့သော အစိုးရ၏ အစည်းအဝေးတစ်ရပ်၌ ၂၀၂၅ ခုနှစ်အတွင်း ပြည်ပမှ ဆန်၊ ဆား၊ သကြားနှင့် ပြောင်းတို့အား တင်သွင်းခြင်းကို ဆိုင်းငံ့ထားရန် သမ္မတ Prabowo Subianto က ဝန်ကြီးများသို့ ညွှန်ကြားခဲ့သည်ဟု အင်ဒိုနီးရှား စားနပ်ရိက္ခာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး Zulkifli Hasan က အစည်းအဝေးအပြီးတွင် သတင်းထောက်များသို့ ပြောကြားခဲ့ကြောင်း Antara သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရှိရပါသည်။
အိန္ဒိယနိုင်ငံအစိုးရသည် အင်ဒိုနီးရှားနိုင်ငံသို့ ဘာစမာတီမဟုတ်သောဆန် တန်ချိန် ၁ သန်း တင်ပို့ရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် အဆိုပြုချက်ကို အတည်ပြုခဲ့ကြောင်း အိန္ဒိယ Rural Voice အင်တာနက်သတင်းစာမျက်နှာက ဖော်ပြပါသည်။
အစီရင်ခံစာအမှတ် - ၁/၂၀၂၅
တရုတ်နိုင်ငံသို့ ဆန်တင်ပို့ခွင့်ခွဲတမ်း တန်ချိန် ၅ သိန်း ကမ္ဘောဒီးယား တိုးမြှင့်ရရှိ
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ ကြိတ်ခွဲပြီးဆန်တင်ပို့မှုကို တန်ချိန် ၄ သိန်း ခွဲတမ်းရရှိခဲ့ရာမှ သဘောတူညီချက်အသစ်တစ်ရပ်ကို လက်မှတ်ရေးထိုးပြီး ၂၅ ရာခိုင်နှုန်းမြှင့်တင် လျက် ဆန်တန်ချိန် ၅ သိန်းအထိ တင်ပို့ခွင့်ရရှိခဲ့ကြောင်း ခမာတိုင်းမ် သတင်းဌာနက ဖော်ပြပါ သည်။
အမျိုးသားအခွန်ဘဏ္ဍာဘုတ်အဖွဲ့သည် ပြည်တွင်းဈေးကွက်တွင် စားသုံးဆီဈေးနှုန်းမြင့်တက်နေမှုကိုထိမ်းချုပ်ရန်နှင့် ရောင်းချမှုအရှိန်မြှင့်တင်ရန် နေကြာဆီနှင့် ပန်းနှမ်းဆီ (Canola oil)များအတွက် သွင်းကုန်အခွန်အားလုံးကို ဖယ်ရှားမည်ဟုသိရပါသည်။ ထိုဆုံးဖြတ်ချက်သည် ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးနှင့် အကောက်ခွန်ကော်မရှင်က အစိုးရအနေနှင့် ဟင်းချက်ဆီများ ဈေးကွက်အတွင်းသို့ ပိုမိုဝင်ရောက်နိုင်ရန် သွင်းကုန်အခွန်များလျှော့ချရန် အဆိုပြုခဲ့ပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်ကြောင်းသိရပါသည်။ ထိုသွင်းကုန်အခွန်အကျိုးခံစားခွင့်သည် ၂၀၂၅ ခုနှစ် မတ်လအထိ အသက်ဝင်မည်ဟုသိရပါသည်။ ထိုသို့အကောက်ခွန်ဖြတ်တောက်မှု သ

၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏စိုက်ပျိုးမွေးမြူရေး-သစ်တော-ငါးလုပ်ငန်းတင်ပို့မှုမှ တစ်ဆင့် အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံကျော်ရရှိရန်ခန့်မှန်းရပြီး ၂၀၂၅ တွင်လည်း ဆက်လက်ကြီးထွား နိုင်ကြောင်း ဒီဇင်ဘာလ ၁၆ ရက်နေ့က ဟိုချီမင်းမြို့တော်တွင်ကျင်းပခဲ့သည့် ကွန်းဖရန့်တွင် အရည်အသွေး၊ပြုပြင်ထုတ်လုပ်ခြင်းနှင့်စျေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးဖြစ်သူ Le Thanh Hoa က ပြောကြားခဲ့ကြောင်းသိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် ထုတ်လုပ်မှုတွင်သာမက တင်ပို့မှုတွင်ပါကြီးထွား ခဲ့ကြောင်းသိရပါသည်။ ထုတ်လုပ်မှုတန်ဖိုးသည် ၂၀၂၃ ခုနှစ်ကထက် ၃.၂ ရာခိုင်နှုန

ဗီယက်နမ်နိုင်ငံသည်ဆီမီးကွန်ဒတ်တာလုပ်ငန်းတွင် အချက်အချာအဖြစ် လျှင်မြန်စွာ ပေါ်ထွက်လာလျှက်ရှိပြီး ယခုအခါအမေရိကန်ဒေါ်လာ ၁၁.၆ ဘီလီယံတန်ဖိုးရှိသော ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၇၄ ခုကိုရရှိထားကြောင်း စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Nguyen Chi Dung က ပြောကြားခဲ့ပါသည်။ ဆီမီးကွန်ဒတ်တာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်လမ်းညွှန်ကော်မတီ၏ ဒုတိယအကြီးအကဲလည်းဖြစ်သူ Dung က မူဝါဒများ မွမ်းမံခြင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးပရိုဂရမ်များစတင်ခြင်း၊ ဆီမီးကွန်ဒတ်တာ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာနှင့် ဂေဟစနစ်တို့မှတစ်ဆင့် လုပ်ငန်းနယ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာဗီယက်နမ်သံရုံးနှင့် ဗီယက်နမ်စီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာသည့် သံအမတ်Nguyen Manh Cuong သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Sylhet မြို့တော် မှ အစိုးရအေဂျင်စီများ၊ စီးပွားရေးမိတ်ဖက်များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ထိုအစည်းအဝေးတွင် နှစ်ဖက်စလုံးသည် ယဉ်ကျေးမှုဖလှယ်ရန်၊ ခရီးသွားကဏ္ဍနှင့် စီးပွားရေးချိတ်ဆက်ရေးနှင့် နှစ်နိုင်ငံလုံးမှပြည်သူများကြား အပြန်အလှန်နားလည်မှုမြှင့်တင်ရန် သဘောတူခဲ့ကြကြောင်းသိရပါသည်။ Sylhet မြို့တော်အုပ်ချုပ်ရေးအဖွဲ့၏ခေါင်းဆောင်ဖြစ်သူ Muhammad Sher Mahbud Murad က မြို့တော်သည် လတ်တလောတွင် ခရီး

ကမ္ဘောဒီးယားနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လအတွင်းကန်ဒေါ်လာ၁၄.၃ ဘီလီယံအထိရှိပြီး ၂၀၂၃ ခုနှစ် အလားတူကာလ ကန်ဒေါ်လာ ၁၂.၆၈ ဘီလီယံမှ ၁၂.၈ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း တရားဝင်အစီရင်ခံစာများ အရသိရသည်။ ကမ္ဘောဒီးယားသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း အာဆီယံနိုင်ငံများသို့ ကုန်ပစ္စည်း တန်ဖိုးအမေရိကန်ဒေါ်လာ ၄.၆၂ ဘီလီယံဖိုးတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အလားတူကာလ ကန်ဒေါ်လာ ၄.၂၄ ဘီလီယံမှ ၈.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MoC) ၏အစီရင်ခံစာအရသိရသည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လအတွင်း အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၂.၂၂ ဘီလီယံရရှိခဲ့ပြီး ၂၄.၉ ရာခိုင်နှုန်းတိုးတက်လာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၁၉-၁၂-၂၀၂၄ ရက်နေ့ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရသိရသည်။ အစီရင်ခံစာအရ အထည်ချုပ် ထုတ်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈.၉၄ ဘီလီယံ၊ ဖိနပ်ထုတ်ကုန်များတင်ပို့မှုမှ ကန်ဒေါ်လာ ၁.၅ ဘီလီယံနှင့် ခရီးသွားကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၁.၇၈ ဘီလီယံ အသီးသီးရရှိခဲ့သည်။ ASEAN+3 Macroeconomic Research Office မှ စီးပွားရေးပညာရှင် Hoe Ee Khor က အထည်ချုပ်၊ ဖိနပ်

ကမ္ဘောဒီးယားနိုင်ငံနှင့်တောင်ကိုရီးယားနှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၆၂ သန်းအထိအရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၁.၄၉ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) က ၁၉-၁၂-၂၀၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန် စုစုပေါင်းသည် ကန်ဒေါ်လာ ၂၈၈ သန်းရှိပြီး ကိုရီးယားနိုင်ငံမှ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၄၇၄ သန်းရှိကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် အဓီကအားဖြင့် ဖိနပ်၊ ခရီးသွားထုတ်ကုန်များ၊ အဝတ်အထည်၊ လျှပ်စစ်ပစ္စည်းအစိတ်အပိုင်း
