ပြည်ပကုန်သွယ်မှုသတင်းများ
မလေးရှားနိုင်ငံတွင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့်ဆန်များကို ပြည်သူများ ပိုမို ဝယ်ယူရရှိနိုင်စေရေးအတွက် အစိုးရဌာနအဖွဲ့အစည်းများဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ရဲဌာန၊ ကျောင်းများ၊ အဆောင်များနှင့် ဆေးရုံများတွင် ပြည်ပမှတင်သွင်းလာသောဆန်များကိုသာ အသုံးပြုရန် အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။
ကမ္ဘာ့ကော်ဖီဈေးကွက်၌ ရိုဘတ်စတာကော်ဖီစေ့ ဈေးနှုန်းများမြင့်တက်လျက်ရှိမှုနှင့်အတူ ၂၀၂၄ ခုနှစ် မတ်လတွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း အိန္ဒိယ၏ ကော်ဖီပို့ကုန် တင်ပို့မှု တန်ဖိုးမှာ စံချိန်အသစ်တင်ပြီး မြင့်တက်ခဲ့ကြောင်း သိရှိရသည်။
ဇန်နဝါရီလမှ ဧပြီလအထိ ရိတ်သိမ်းကာလတွင် အင်ဒိုနီးရှားဆန်စပါးအထွက်နှုန်းသည် ခြောက်သွေ့သော ရာသီဥတုအခြေအနေကြောင့် ၁.၃၉ ရာခိုင်နှုန်း အထိကျဆင်းသွားကြောင်း ကိန်းဂဏန်းစာရင်းအင်းဗျူရိုမှ မတ်လ (၁) ရက်တွင် ဖော်ပြထားပါသည်။ ပြီးခဲ့သည်နှစ်ထက် ၁၇.၅၂ ရာခိုင်နှုန်းခန့် ကျဆင်းမည်ဟုလည်း ခန့်မှန်းထားကြသည်။
အရှေ့တောင်အာရှနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် စပါးတန်ချိန် ၃၁.၁သန်း ထုတ်လုပ် ခဲ့ကြောင်း အင်ဒိုနီးရှားစာရင်းအင်းတွင် ဖော်ပြထားသည်။ ဇန်နဝါရီလမှ ဧပြီလအထိ စပါးအထွက်နှုန်းခန့်မှန်းခြေမှာ ၁၀.၇ သန်းခန်ရှိပြီး ယခင်နှစ်ထက် ၁၃ သန်းကျဆင်းခဲ့သည်။
၂၀၂၃ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် ပုစွန်တင်ပို့မှုအားနည်းချက်ကို ဖော်ထုတ်ခဲ့ပြီးနောက် ၂၀၂၄ခုနှစ်၏ ပထမသုံးလပတ်တွင် ဗီယက်နမ်နိုင်ငံပုစွန်လုပ်ငန်းသည် အဓိကစျေးကွက်များသို့ တင်ပို့မှုတိုးတက်လာခဲ့သည်။
ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ စာရင်းဇယားများအရ ပုစွန်တင်ပို့မှုသည် ဇန်နဝါရီလမှ မတ်လအတွင်း အမေရိကန်ဒေါ်လာသန်း ၆၂၀ခန့်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂၄%မြင့်လာခဲ့သည်။ အမရိကန်နှင့် တရုတ်စျေးကွက်များသို့ တင်ပို့ရောင်းချမှုမှ ဝင်ငွေသည် ၂၆%နှင့် ၁၄၀% အသီးသီးတိုးတက်လာမည်ဟုခန့်မှန်းထားသည်။
တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ရှစ်နှစ်ဆက် ရပ်တည်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟွမ်ရှီလျမ်က ၂၁.၃.၂၀၂၄ တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ စီးပွားရေးမှာ စက်မှုလုပ်ငန်းဆိုင်ရာ ထောက်ပို့မှုကွင်းဆက်နှင့် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးတို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကမ္ဘာကြီးက ခွဲခြား၍မရကြောင်းနှင့် တရုတ် နိုင်ငံမပါဝင်ဘဲ ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်ရန် မဖြစ်နိုင်ကြောင်း သံအမတ်ကြီးက ဆက်လက် ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် အရှိန်အဟုန်ဖ
ဝန်ကြီးချုပ် မစ္စတာ ဆရတ်သာ၏ ကမ္ဘာလှည့်ချစ်ကြည်ရေး အလည်အပတ်ခရီးစဉ်များကြောင့် ထိုင်းနိုင်ငံသည်လာမည့် သုံးနှစ်တာကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု များမှ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့် ရရှိရန်မျှော်လင့်လျက်ရှိပါသည်။ ဘတ် ၂၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၇၆ ဘီလီယံ)ခန့်သည် နိုင်ငံတော်၏ မော်တော်ယာဉ်စက်မှုနယ်ပယ်သို့ ရင်းနှီးမြှုပ်နှံရန် ဝင်ရောက်လာနိုင်ပြီး တရုတ်နိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်သည့် ကုမ္ပဏီများ ကလည်း အရှေ့တောင်အာရှ၏ ဒုတိယမြောက်စီးပွားရေးအင်အားအကြီးမားဆုံး ထိုင်းနိုင်ငံကို ထုတ်လုပ်မှုကွင်းဆက်အနေဖြင့် ထားရှိရန် မျှော်မှန်းလျက်ရှိကြောင်း ထိုင်းနိုင်ငံ ရင်
ထိုင်းဆန်စျေးနှုန်းများမှာ ၁၀၀ မှတ် ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၁၅ ဖြင့် လည်းကောင်း ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၂ ဖြင့်လည်းကောင်း ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၆၀၆ ဖြင့် စျေးနှုန်း အနည်းငယ်ကျဆင်းလျက် ရှိကြောင်း သိရှိရသည်။
ဗီယက်နမ် ဆန်ဈေးနှုန်းများမှာ ၅ မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၆ ဖြင့် လည်း ကောင်း ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၂ ဖြင့် ဈေးအနည်းငယ် ကျဆင်းသွားပြီး ဆန်ကွဲစျေးနှုန်း ဖော်ပြထားခြင်းမရှိပါ။
မလေးရှားနိုင်ငံအစိုးရသည် အိန္ဒိယနိုင်ငံမှ နောက်ထပ် ဆန်တန်ချိန် ၅၀၀၀၀၀ ကို ရောင်းချ ပေးရန် တောင်းဆိုထားသည်ဟု မလေးရှား လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဝန်ကြီး Datuk Seri Mohamad Sabu က ပြောဆိုခဲ့ကြောင်း The Sun မလေးရှားသတင်းဌာနက ဖော်ပြပါသည်။
အိန္ဒိယနိုင်ငံတွင် ပြည်ပသို့ ကြက်သွန်တင်ပို့ခြင်းကို ၃၁-၃-၂၀၂၄ နေ့အထိ တားမြစ်ပိတ်ပင်ထားရှိရာ ထိုသို့ ပိတ်ပင်ထားရှိမှုကို အဆိုပါနေ့ရက်နောက်ပိုင်းတွင်လည်း နောက်ထပ်အမိန့် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမပြုမီ အချိန်အထိ ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဌာနက ၂၂-၃-၂၀၂၄ နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီထွက်ကုန်များ တင်ပို့မှုမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ကျဆင်းသွားခဲ့ပြီး ပြည်ပရောင်းချခွင့် ခွဲတမ်းများနှင့် ပြည်တွင်းသုံးစွဲခွင့် ခွဲတမ်းများအား စည်းနှောင်ချိတ်ဆက်ထားသည့် အခြေအနေများကြောင့် ပြည်တွင်း၌ စားသုံးဆီ လျော့နည်းနိုင်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာကြောင်း The Jakarta Post သတင်းဌာနက ရေးသားဖော်ပြပါသည်။
အမေရိကန်နိုင်ငံ၌ Trader Joe ကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ဖြူးသည့် ဆားဖြင့်လှော်ထားသော သီဟိုဠ်စေ့ထုပ်များအနက် တစ်ထုပ်တွင် ဆယ်မိုနဲလား ဘက်တီးရီးယား ပါဝင်မှုရှိသည်ကို အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးအာဏာပိုင်အဖွဲ့က စစ်ဆေးတွေ့ရှိခဲ့အပြီး ဈေးကွက်အတွင်းမှ သီဟိုဠ်စေ့ထုပ်များကို ပြန်လည်သိမ်းဆည်းနေရကြောင်း CBS သတင်းဌာန၏ ၁၉-၃-၂၀၂၄ နေ့ ဖော်ပြချက်အရ သိရှိရပါသည်။
ဗီယက်နမ်နိုင်ငံ၌ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် စိုက်ပျိုးထားသော သရက်သီးများသည် စူပါမားကတ်များနှင့် ပို့ကုန်ဈေးကွက်များတွင် ဝယ်လိုအားများသည့်အပြင် ရာသီဥတု ဖောက်ပြန်မှုကြောင့် ရောင်းလိုအားနည်းပါးလာသည့်အတွက် ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။