ပြည်ပကုန်သွယ်မှုသတင်းများ
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၏ နောက်ဆုံးထုတ်ပြန်ခဲ့သော အချက်အလက်များအရ ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) သည် ၂၀၂၃ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ(၄၃၃.၃) ဘီလီယံဖြင့် အရှေ့တောင်အာရှတွင် အဆင့်ငါးနေရာရပ်တည်နေခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံသည် ဒေသတွင်းအရေးပါသည့် နိုင်ငံအနေဖြင့် တိုးတက်လျက်ရှိနေသော်လည်း ဗီယက်နမ်နိုင်ငံ၏ လျှင်မြန်စွာတိုးတက်လာမှု ကြောင့် လက်ရှိအရှိန်ကို မြှင့်တင်ရန်လိုအပ်နေကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ၏ GDP သည် ၂၀၂၄ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၄၆၉.၇)ဘီလီယံရှိလာမည်ဟု IMF က ခန့်မှန်းထားပြီး အင်္ဂလန်နိုင်ငံ၊
Telsa မှ အိန္ဒိယနိုင်ငံတွင် အမေရိကန်ဒေါ်လာ (၂) ဘီလီယံမှ (၃)ဘီလီယံထိ ရင်းနှီးမြှုပ်နှံမည့် လျှပ်စစ်ကားစက်ရုံတည်ဆောက်မည့်နေရာအတွက် လေ့လာရန်အဖွဲ့ကို ဧပြီလ နောက်ဆုံးပတ်တွင် စေလွှတ်သွားမည်ဖြစ်သည်။ Telsa သည် ၎င်းတို့၏ အဓိကစျေးကွက်ဖြစ်သည့် အမေရိကန်နှင့်တရုတ်နိုင်ငံတို့တွင် ယှဥ်ပြိုင်ဘက်ကုမ္ပဏီများစွာရှိသောကြောင့် ၂၀၂၄ခုနှစ်၊ ပထမ(၃)လပတ်ကာလ ရောင်းအားကျဆင်းလာသည့်အချိန်တွင် အိန္ဒိယနိုင်ငံစျေးကွက်သို့ဝင်ရောက်ရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်းသိရပါသည်။ အိန္ဒိယနိုင်ငံသည် လွန်ခဲ့သည့်လတွင် အနည်ဆုံးအမေရိကန်ဒေါ်လာသန်း (၅၀၀) ရင်းနှီးမြှုပ်နှံထားခဲ့ပြီး (၃)နှစ် အတွင်း လျှပ်စစ်ကားထုတ်လုပ်မ
မြန်မာ့သစ်တောထွက်ကုန်များ တင်ပို့မှုမှာ ဧပြီလ ၁ ရက်နေ့မှစတင်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မတ်လ ၂၂ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၆၅.၇ သန်းရှိပြီး အစိုးရကဏ္ဍမှ ၀.၇၇ သန်းနှင့် ပုဂ္ဂလိကကဏ္ဍမှ ကန်ဒေါ်လာ ၆၄.၉ သန်းကျော်ရှိကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။
ဗီယက်နမ်နိုင်ငံ လျှပ်စစ်ကားကုမ္ပဏီ Vinfast သည် ၄င်းတို့၏ လျှပ်စစ်ကားများကို ဆရုတ်ကားကုမ္ပဏီနှင့် အရှေ့တောင်အာရှစျေးကွက်တွင် ယှဥ်ပြိုင်သွားမည်ဖြစ်ပြီး အာဆီယံလွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်မှ အကျိုးကျေးဇူးရရှိရန် ရည်မှန်းထားပါသည်။ ကုမ္ပဏီသည် ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားတပ်ဆင်ထားသည့် စက်ရုံတည်ဆောက်တင်ပို့သွားမည်ဖြစ်ကြောင်း Vinfast (thailand) ၏အလုပ်အဆောင်အဖွဲ့ အကြီးအကဲ Vu Dang Yen Hang က ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံသည် လျှပ်စစ်ကားစျေးကွက် လျှင်မြန်စွာကြီးထွားလာမှုနှင့် ထိုင်းအစိုးရ ထိုင်းနိုင်ငံကို အဓိကဦးစားပေးထားကြောင်း MsHongက ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံသည
အိန္ဒိယနိုင်ငံတွင် စားသုံးမှုအများဆုံး ပဲတစ်မျိုးဖြစ်သည့် ပဲစင်းငုံသည် ၁ ကီလိုဂရမ်လျှင် ၁၅၀ ရူပီးနှုန်းဖြင့် ပဲမျိုးစုံလက်လီဈေးကွက်၌ ဈေးနှုန်းအမြင့်ဆုံးသို့ ရောက်ရှိနေသော်လည်း ကောင်းမွန်စွာ အရောင်းအဝယ် ဖြစ်လျက်ရှိပြီး လာမည့် မုတ်သုံရာသီအခြေအနေ ခန့်မှန်းချက်ကို ရှင်းလင်းစွာ သိရှိနိုင်မည့် ဇွန်-ဇူလိုင် လများအထိ ဈေးအမြင့်တန်းတွင် ဆက်လက် တည်ရှိနေမည် ဟု ကုန်သည်များကပြောဆိုကြောင်း Indian Express သတင်းဌာနက ဖော်ပြပါသည်။
အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့က ကြက်သွန်နီတင်ပို့မှုကို ပိတ်ပင်တားမြစ်ခဲ့ပြီးနောက် ပြည်တွင်းဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်း မြင့်တက်လာခဲ့ရာ သီရိလင်္ကာနိုင်ငံအနေဖြင့် ကြက်သွန်နီကို တရုတ်နိုင်ငံမှ တင်သွင်းမည်ဟု သီရိလင်္ကာ ကုန်သွယ်ရေးဝန်ကြီး Mr. Nalin Fernando က ပြောကြားခဲ့ကြောင်း Economy Next သတင်းဌာန၏ ဖော်ပြချက်အရ သိရပါသည်။
အိန္ဒိယနိုင်ငံ၌ ကြက်သွန်နီတင်ပို့မှုကို တားမြစ်ချက်ထုတ်ပြန်ခဲ့ပြီးနောက် သီရိလင်္ကာနိုင်ငံသည် ပြည်တွင်းလုပ်ငန်းများ အကာအကွယ်ပေးမှုအခွန်အဖြစ် ပြည်ပမှ ကြက်သွန်နီတင်သွင်းမှု အပေါ် တစ်ကီလိုဂရမ်လျှင် ရူပီး ၈၀ နှုန်းဖြင့် စည်းကြပ်ကောက်ခံခြင်းကို ၁၀ ရူပီးနှုန်းသို့ လျှော့ချ သတ်မှတ်လိုက်ကြောင်း သိရှိရပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရသည် သီးနှံရာသီအလိုက် ထုတ်လုပ်မှုကုန်ကျစရိတ်အပေါ် မူတည်၍ ဆန်အမျိုးအစားအလိုက် စျေးနှုန်းများသတ်မှတ်ခြင်းကို ဘင်္ဂါလီပြက္ခဒိန်အရ နှစ်သစ်ကူး ကာလဖြစ်သော ယခုနှစ် ဧပြီလ ၁၄ ရက်နေ့မှစတင်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံသည် ဆန်တင်ပို့မှုကို တားမြစ်ကန့်သတ်ထားချိန်၌ အခြားသော ဆန်တင်ပို့သည့် နိုင်ငံနှစ်ခုသည် အခွန်ဆိုင်ရာ အထူးအခွင့်အရေးများကို ဆုံးရှုံးခဲ့ရသဖြင့် ထိုင်းနိုင်ငံအနေဖြင့် အီတလီဈေးကွက်သို့ စံပယ်ဆန်များ ပိုမိုတင်ပို့နိုင်မည်ဟု ယုံကြည်ကြောင်း ထိုင်းကူးသန်းရောင်း ဝယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၌ ၂၀၂၄ ခုနှစ် ပထမသုံးလအတွင်း ဆန်တင်ပို့မှုသည် တန်ချိန် ၂.၅ သန်းရှိပြီး ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် မှတ်တမ်းတင်ထားသော အရေအတွက်ထက် တန်ချိန် ၅၀၀,၀၀၀ ပိုမိုခဲ့ကြောင်း၊ ယခုနှစ် ဆန်တင်ပို့မှုမှာ တန်ချိန် ၈ သန်းအထိ ရောက်ရှိနိုင်ဖွယ် အလားအလာရှိမှုနှင့်အတူ ရည်မှန်းထားသည့် ဆန်တန်ချိန် ၇.၅ သန်း တင်ပို့ရန်လျာထားချက်ကို အပြည့်အဝရရှိမည်ဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်းနှင့် ပြည်တွင်း ပြည်ပ အခြေအနေ နှစ်ခုလုံးသည် လယ်ယာထွက်ကုန် အထွက်ကောင်းမွန်မှုကို အထောက်အပံ့ပြုလျက်ရှိကြောင်းဖြင့် အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Chai Watcharonke က ပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အတွင်း မတ်လကုန်အထိ ဆန်တန်ချိန် ၁.၆ သန်းခန့် တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဝင်ငွေအားဖြင့် ၅၀% တိုးတက်လျက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ရရှိမည်ဟု ခန့်မှန်းရကြောင်း Vietnam Plus သတင်းဌာနက ဖော်ပြထား သည်။ အဆိုပါရလဒ်က ၂၀၂၄ ခုနှစ် တစ်နှစ်လုံးအတွက် အလားအလာကောင်းမွန်ပြီး ၃၄ နှစ်တာ ကာလအတွင်း ဗီယက်နမ်၏ ဆန်တင်ပို့မှု အမြင့်မားဆုံး အခြေအနေသို့ ရောက်ရှိမည်ကို ညွှန်ပြ လျက်ရှိသည်။
ဖိလစ်ပိုင်အစိုးရသည် ဗီယက်နမ်ဆန်အပေါ် များစွာမှီခိုနေမှုကိုလျှော့ချပြီး အခြားဆန် ရောင်းချနေသည့်နိုင်ငံများမှ ဝယ်ယူသွားရန်ကြိုးပမ်းလျက်ရှိသည်ဟု ဗီယက်နမ် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ မူဝါဒချမှတ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များသို့ ဖိလစ်ပိုင်နိုင်ငံအခြေစိုက် ဗီယက်နမ်ကုန်သွယ်မှုရုံးက သတိပေးပြောကြားခဲ့ပါသည်။