ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
07 Nov 2024

    ယခုနှစ် စက်တင်ဘာလကုန်တွင် ဗီယက်နမ်သည် ကမ္ဘာ့ ၅ ခုမြောက် အကြီးမားဆုံး လက်ဖက်တင်ပို့သူဖြစ်လာပြီး တန်ချိန် ၁၀၈၀၀၀ တန်တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၈၉ သန်းရရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ် တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ပမာဏ တွင် ၃၁.၉% မြင့်တက်လာပြီး တန်ဖိုးတွင် ၃၄.၂% မြင့်တက်လာကြောင်း သိရပါသည်။ ထို အချက်အလက်ကို သီးနှံထုတ်လုပ်ရေးဦးစီးဌာန၊ ဗီယက်နမ်ဥယျာဉ်ပန်းခြံအသင်းနှင့် Nothern Mountainous Agriculture and Forestry Science Institute တို့က Phu Tho ပြည်နယ်တွင် နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပခဲ့သော အရည်အသွေးမြင့်မားသော လက်ဖက်ကို ထုတ်လုပ်မှုနှင့် စားသုံးမှုမြှင့်တင်ရေး ကွန်

07 Nov 2024

        ဆန်သည် ကမ္ဘာပေါ်တွင် အရေးကြီးဆုံးသော အစားအစာများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး မတူညီကွဲပြားသော ယဉ်ကျေးမှုများနှင့် အစားအစာများမှတစ်ဆင့် လူသန်းပေါင်းများစွာ အား အဟာရဖြည့်တင်းပေးလျက်ရှိသည်။ ဆန်သည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀၀ ကျော်ခန့်က အာရှတိုက်တွင် စတင်ပေါက်ဖွားလာခဲ့ခြင်းဖြစ်ပြီး ၎င်းသည် အိန္ဒိယဘာစမာတီအမျိုးအစားမှ ဂျပန်တွင် လူကြိုက်များသော စေးကပ်သောမျိုးကွဲများအထိ ကမ္ဘာတစ်ဝန်းရှိ အစားအစာများ၏ အခြေခံအစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။ Carbohydrate များကြွယ်ဝစွာပါဝင်သော ဆန်သည် အရေးကြီးစွမ်းအင်အရင်းအမြစ်ကိုပံ့ပိုးပေးကာ ပါဝင်ပစ္စည်းအမျိုးမျိုးဖြင့် မကြာခဏတွဲစပ်ပြီး အသုံးပြုခြင်

07 Nov 2024

    ဗီယက်နမ်သည် ယခုနှစ်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးတင်ပို့မှုများမှတဆင့် စံချိန်တင်အမေရိကန်ဒေါ်လာ ၇.၅ ဘီလီယံရရှိနိုင်ကြောင်း ဗီယက်နမ်သစ်သီးနှင့် ဟင်းသီးဟင်း ရွက်အသင်း (Vinafruit) ၏ အဆိုအရ သီရပါသည်။ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ယခုနှစ်၏ ပထမ ၁၀ လတွင် ထိုထုတ်ကုန်များ တင်ပို့မှုမှတဆင့် အမေရိကန်ဒေါ်လာ ၆.၃၄ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် တူညီသည့်ကာလထက် ၃၁.၅% မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုကာလတွင် ဒူးရင်းတင်ပို့မှုမှတဆင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံဖြင့် အများဆုံးရရှိခဲ့ပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးတင်ပို့ရာမှ စုစုပေါင်း ဝင်ငွေ ရရှိမှု၏

07 Nov 2024

         ထိုင်ဝမ်နည်းပညာအင်အားကြီးကုမ္ပဏီဖြစ်သည့် Foxconn ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့် Shunsin Technology Vietnam Co.,Ltd.

07 Nov 2024

       ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းဝန်ကြီးဌာနက စားသုံးဆီပြုပြင်ထုတ်လုပ်သူများအား ထုတ်လုပ်မှုကုန်ကျစရိတ်များကိုသက်ရောက်သည့် အကြောင်းရင်းများမရှိသောကြောင့် ဈေးနှုန်းများမြှင့်တင်ခြင်းမပြုရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ပဲပိစပ်ဆီထုတ်လုပ်သူများက ပဲပိစပ်ဆီပုလင်းဈေးနှုန်းကို မြှင့်တင်ရန်စီစဉ်နေကြောင်း သတင်းများထွက်ပေါပြီးနောက်တွင် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Goranij Nonejuie က ဌာနသည် ထုတ်လုပ်မှုကုန်ကျစရိတ်ကို မြင့်တက်စေသည့်အကြောင်းများမရှိသောကြောင့် ပဲပိစပ်ဆီထုတ်လုပ်သူများက ရောင်းချသည့်ဈေးနှုန်းမြှင့်တင်ခြင်းကိုတားမြစ်ရန် ထိုင်းနိုင်ငံပ

07 Nov 2024

          ပို့ဆောင်ရေးဝန်ကြီးဌာနသည် ၂၀၃၀ခုနှစ်တွင် ကားများ၏ ၃၀% နှင့် မော်တော်ဆိုင်ကယ် ၂၂% ကို လျှပ်စစ်အသုံပြုယာဉ်များဖြစ်လာစေရန် ရည်မှန်းထားကြောင်းသိရသည်။ ၎င်းသည် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ၅.၉% ကိုလျှော့ချရန်ဟူသော ရည်မှန်းချက်ပြည့်မှီစေရန်အတွက် ဖြေရှင်းချက်တစ်ခုပင်ဖြစ်သည်။ လျှပ်စစ်ကားများ (EVs) အတွက် အဆင့်မြင့်ထားသော စည်းမျဉ်းများပါရှိသော မော်တော်ကားများအတွက် အမျိုးသားနည်းပညာဆိုင်ရာစံချိန်စံညွှန်းများကိုပြင်ဆင်ရန် ပြန်လည်သုံးသပ်ခြင်းများကိုလည်းဆောင်ရွက်သွားမည်ဖြစ်သည။ အားသွင်းအခြေခံအဆောက်အအုံစနစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ၂၀၂၁-၂၀၃၀ ကာလအတွက်

06 Nov 2024

            ကွန်ပျူတာချစ်ပ်များ ဝယ်ယူမှုနှင့်ပတ်သက်၍ ကမ္ဘာ့ဝယ်လိုအားကျဆင်းလာသည့်  လက္ခဏာများကြောင့် တောင်ကိုရီးယား၏ ပို့ကုန်တိုးတက်မှုသည် အောက်တိုဘာလတွင် တတိယလတွင် နှေးကွေးသွားဖွယ်ရှိကြောင်း Reuters စစ်တမ်းက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြထားသည်။ အာရှ၏ စတုတ္ထအကြီးဆုံးစီးပွားရေးနိုင်ငံမှ ပြင်ပသို့တင်ပို့မှုမှာ အောက်တိုဘာလတွင် တစ်နှစ်ထက်တစ်နှစ် ၆.၉ ရာခိုင်နှုန်းထိ တိုးလာမည်ဟု ခန့်မှန်းထားကြောင်း အောက်တိုဘာ ၂၄-၂၉ စစ်တမ်းမှ စီးပွားရေး ပညာရှင် ၂၂ ဦး၏ ပျမ်းမျှအဆိုအရ သိရသည်။ ယင်းသည် နှစ်စဉ် ပို့ကုန်တိုးတက်မှု၏ ၁၃ ကြိမ်မြောက် ဆက်တိုက်ဖြစ်နိုင်သော်လည်း စက်တင်ဘာလတွင် တစ်နှစ်ထက်တစ်နှစ် ၇.၅ ရ

06 Nov 2024

ကမ္ဘောဒီးယားအစိုးရသည် ၂၀၂၅ခုနှစ်အတွက် ဘဏ္ဍာရေးမူကြမ်း အမေရိကန်ဒေါ်လာ ၉.၃ ဘီလီယံကျော်ခွင့်ပြုပေးခဲ့ပြီး စီးပွားရေးကြီးထွားနှုန်းကို ၆.၃ ရာခိုင်နှုန်းခန့်မှန်းထားခဲ့ကြောင်းသိရပါသည်။ ထိုကြီးထွားနှုန်းကို စက်မှုလုပ်ငန်း (၈.၆ ရာခိုင်နှုန်း)၊ ဝန်ဆောင်မှု (၅.၆ ရာခိုင်နှုန်း) နှင့် စိုက်ပျိုးမွေးမြူရေး (၁.၁ ရာခိုင်နှုန်း) တို့ပါဝင်သော အဓိကကဏ္ဍများတွင် တိုးတက်မှုများရှိခဲ့ခြင်းကြောင့် မျှော်မှန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ငွေကြေးဖောင်ပွနှုန်းကို ၂.၅ ရာခိုင်နှုန်းမျှော်မှန်းထားကြောင်းသိရသည်။ ကမ္ဘောဒီးယား၏ GDP per capital မှာ အမေရိကန်ဒေါ်လာ ၂၄၂၉ ဖြစ်ကြောင်းသိရသည်။ ထို ၂၀၂၅ဘတ်ဂျတ်သည် အဖွဲ့အစည်

06 Nov 2024

တရုတ်နိုင်ငံသည် ဗီယက်နမ်မှ ကွမ်းသီးတင်သွင်းမှုကို ပထမကိုးလအတွင်း ကန်ဒေါ်လာ ၂၇.၃ သန်းသို့ နှစ်ဆတိုးကာ ဆိုးရွာသောရာသီဥတုအခြေအနေကြောင့် ဖြစ်ပေါ်လာသော ပြည်တွင်း ထောက်ပံ့မှု သိသိသာသာကျဆင်းသွားမှုကိုကာမိစေရန် ကြိုးပမ်းလျက်ရှိသည်။ တရုတ်နိုင်ငံ၏ကွမ်းသီး ၉၀% ကျော်ကိုထုတ်လုပ်လျက်ရှိသော Haian ကျွန်းစီရင်စုတွင် မုန်တိုင်းဒဏ်ခံရပြီးနောက် ဗီယက်နမ်နှင့် အင်ဒိုနီးရှားကဲ့သို့သော အခြားနိုင်ငံများမှ အရင်းအမြစ်များကိုပိုမိုသုံးစွဲနေရကြောင်း ဗီယက်နမ်နှင့် အင်ဒိုနီးရှားကဲ့သို့သော အခြားနိုင်ငံများမှ အရင်းအမြစ်များကို ပိုမိုသုံးစွဲနေရကြောင်း ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း၏ အထွေထွေအတွင်းရေးမှူ

06 Nov 2024

ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားအုန်းဆီအရေးပေါ်သိုလှောင်မှုကို တိုးမြှင့်ရန်အတွက် စားအုန်းဆီတင်ပို့မှုအား တားမြစ်ထားပြီး လက်လီစတိုးဆိုင်များအား ဆီဘူးများ၏ဈေးနှုန်းကို ထိန်းသိမ်းထားနိုင်ရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုထားကြောင်းသိရသည်။ လတ်ဆတ်သော စားအုန်းဆီကုန်ကြမ်းများ၏ ထောက်ပံ့မှုလျော့နည်းသွားသောကြောင့် ဒေသတွင်းပေါက်ဈေးမှာလည်း မြင့်တက်ခဲ့ပြီး ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနက လုံလောက်သော စတော်ဒ်များသေချာစေရန်အတွက် စားအုန်းဆီတင်ပို့မှုအား တားမြစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ၏စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Nar

06 Nov 2024

ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား ကုန်သွယ်မှုသည် ၂၀၂၄ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ပိုငွေ ကန်ဒေါ်လာ ၃ဘီလီယံကျော်နှင့်အတူ အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံအထိရှိလာနိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အဆိုအရသိရသည်။ ၂၀၂၄ခုနှစ်၏ ပထမကိုးလအတွင်း နှစ်နိုင်ငံအကြား သွင်းကုန်ပို့ကုန်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံနီးပါးရှိပြီး ဗီယက်နမ်၏ ပို့ကုန်တင်ပို့မှုမှာ ၂၀.၇% တိုးမြင့်လာကာ တစ်နှစ်ထက်တစ်နှစ် ၂၀% တိုးလာကြောင်းသိရသည်။ ဖိလစ်ပိုင်သို့ ဗီယက်နမ်မှတင်ပို့သည့် ထုတ်ကုန် ၃၅မျိုးတွင် ယခုနှစ်၏ ပထမကိုးလတာကာလအတွင်း စံချိန်တင်တိုးတက်ခဲ့သော ထုတ်ကုန်များမှာ ဆန်စပါး ၅၃.၃%၊ က

06 Nov 2024

ထုတ်လုပ်မှုနာလံထူလာမှုနှင့် ဆက်လက်ကြီးထွားလာမှုတို့ကြောင့် ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် တင်ပို့ရန် ရည်မှန်းချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၆၀ဘီလီယံကိုကျော်နိုင်ရန် အလားအလာရှိကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန(MARD) ၏ အဆိုအရသိရပါသည်။ ယခုနှစ်၏ ပထမ ၉လတာကာလတွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄၆.၂၈ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၂၁% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုကဏ္ဍသည် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၁၃.၉ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၇၁.၂% မြင့်တက်ခဲ့ကာ နိုင့်စုစုပေါင်းကုန်သွယ်ရ

Pages