ဒီဇင်ဘာလအတွက် စားအုန်းဆီကြမ်း ရည်ညွှန်းဈေးနှုန်း မလေးရှားလျှော့ချ

Powered by Drupal

    ပြည်ပသို့ စားအုန်းဆီတင်ပို့မှုအပေါ် စည်းကြပ်သည့်အခွန်ကို ၁၀ ရာခိုင်နှုန်း၌ ဆက်လက် ထိန်းသိမ်းထားရန်အတွက် အစိုးရသည် ဒီဇင်ဘာလအတွက် ၎င်း၏ စားအုန်းဆီကြမ်း ရည်ညွှန်း ဈေးနှုန်းကို လျှော့ချခဲ့သည်ဟု မလေးရှားစားအုန်းဆီကြီးကြပ်မှုအဖွဲ့(MPOB)က နိုဝင်ဘာ ၁၇ ရက် နေ့တွင် လှည့်လည်စာထုတ်ပြန်ချက်၌ ဖော်ပြထားပါသည်။

     ကမ္ဘာ့ စားအုန်းဆီတင်ပို့မှု ဒုတိယအများဆုံးဖြစ်သော မလေးရှားနိုင်ငံအနေဖြင့် နိုဝင်ဘာလ အတွက် စားအုန်းဆီကြမ်း ရည်ညွှန်းဈေးနှုန်းကို တစ်တန်လျှင် ၄၂၆၂.၂၃ ရင်းဂစ်နှုန်းဖြင့် ပို့ကုန် အခွန် ၁၀ ရာခိုင်နှုန်း စည်းကြပ်ခဲ့ရာမှ ဒီဇင်ဘာလအတွက် ရည်ညွှန်းဈေးနှုန်းကို တစ်တန်လျှင် ၄၂၀၆.၃၈ ရင်းဂစ်နှုန်းသို့ ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

    မလေးရှား၏ စားအုန်းဆီပို့ကုန်အခွန် စည်းကြပ်မှုစနစ်တွင် စားအုန်းဆီကြမ်း တစ်တန်၏ ဈေးနှုန်းသည် ရင်းဂစ်ငွေ ၂၂၅၀ မှ ၂၄၀၀ အတွင်းရှိပါက ပို့ကုန်အခွန် ၃ ရာခိုင်နှုန်းမှ စတင်ကောက် ခံမည်ဖြစ်ပြီး တစ်တန်ဈေးနှုန်းသည် ရင်းဂစ် ၄၀၅၀ အထက်ကို ကျော်လွန်ပါက အမြင့်ဆုံး အခွန် နှုန်းထားအဖြစ် ၁၀ ရာခိုင်နှုန်း ကောက်ခံခြင်းဖြစ်ကြောင်း သိရှိရသည်။

Source: The Edge Malaysia, 17 Nov 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)