ကာဂျစ္စတန်နိုင်ငံ၏ GDP သည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်းတွင်တိုးတက်လာ

Powered by Drupal

           ကာဂျစ္စတန်နိုင်ငံ၏ GDP သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ခန့်မှန်းခြေအားဖြင့် စုစုပေါင်း ဆုမ်ငွေ ၁၄၂၇.၄ ဘီလီဘံ (အမေရိကန်ဒေါ်လာ ၁၆.၃ ဘီလီယံ) အထိရောက်ရှိခဲ့ကြောင်း အမျိုးသား စာရင်းအင်းကော်မတီက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သော ကနဦးခန့်မှန်းချက်များအရ သိရှိရပါသည်။

          အဆိုပါတိုးတက်မှုသည် ကုန်စည်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များအပေါ် အခွန်ကောက်ခံခြင်းတို့သည် စွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့်ဖြစ်ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှည်ပါက ၁၁.၃ ရာခိုင်နှုန်း၊ ၈.၈ ရာခိုင်နှုန်း၊ ၁၀.၈ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ပါသည်။

          စက်မှုထုတ်လုပ်မှုသည် ယခင်နှစ် ပထမ ၁၀ လအတွင်း ၉.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းမှာ ၂၇.၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါသည်။ စိုက်ပျိုးရေး၊ သစ်တောလုပ်ငန်းနှင့် ငါးလုပ်ငန်းများမှာ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA (ရန်ကုန်)