ပြည်ပကုန်သွယ်မှုသတင်းများ
      Powered by Drupal    
          07 Jul 2025  
  
    စင်္ကာပူနှင့် ဗီယက်နမ် နိုင်ငံတို့သည် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ ညီချက် ချုပ်ဆိုခဲ့ကြပြီး အဆိုပါသဘောတူညီမှုတွင် အထူးသဖြင့် Software Development, AI (Artificial Intelligence) နည်းပညာနှင့် Fintech ဝန်ဆောင်မှုများအတွက် နိုင်ငံနှစ်နိုင်ငံအကြား ပူးပေါင်းမှုအား တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါသဘောတူညီချက်ဖြင့် ဗီယက်နမ်ရှိ နည်းပညာ ကုမ္ပဏီများနှင့် Startups များသည် စင်္ကာပူဈေးကွက်သို့ ဝင်ရောက်လုပ်ကိုင်နိုင်သည့် အခွင့် အလမ်း ရရှိလာမည်ဖြစ်ပြီး၊ နည်းပညာဖလှယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် manpower နယ်ပယ်တို့တွင် လည်း ပိုမိုနက်နဲ သော ဆက်သွယ်ရေးများ ဖြစ်ပေါ်လာမည်ဟု နှစ်နိ
  
        07 Jul 2025  
  
     ၂၀၂၅ ခုနှစ် အတွင်း၌ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံသို့ မဲဆောက် လျှပ်စစ်လိုင်းချိတ်ဆက်မှုမှတဆင့် လျှပ်စစ်စွမ်းအင်တင်ပို့မှုကို တရားဝင်စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်းသိရှိရပါတယ်။ အဆိုပါ လုပ်ငန်းစဉ်သည် ထိုင်းနိုင်ငံ၏ တိုးလာနေသော စွမ်းအင်လိုအပ်ချက်များ ဖြည့်ဆည်းနိုင်သည့်အပြင် မြန်မာနိုင်ငံအတွက်လည်း နိုင်ငံခြားငွဝင်ငွေ တိုးတက်လာစေနိုင်သည့် ရင်းနှီးမြှုပ်နှံမှုအခွင့် အလမ်းတစ်ရပ် လည်း ဖြစ်ပါတယ်။ သတင်းအရ၊ လာမည့်နှစ်များအတွင်း တစ်နေ့လျှင် ရာမတ်ဂါဝပ် မီဂါဝပ် (MW) တို့ကို တင်ပို့နိုင်ရန် စီမံထားပြီး၊ အဆိုပါစီမံကိန်းသည် အာဆီယံတွင်း စွမ်းအင်ကွန်ယက်ချိတ်ဆက်မှု (ASEAN Power Grid) စီမံကိန်းတွင်ပါဝင်သည့် နိ
  
        07 Jul 2025  
  
      အာဆီယံနိုင်ငံသည် မကြာသေးမီက “ASEAN Trade Facilitation Framework” ဟူသော ကွန်ယက်အသစ်တစ်ခုကို စတင်အသုံးပြုခဲ့ပြီးနောက် ဒေသတွင်းကုန်သွယ်မှုလုပ်ငန်းစဉ်များ ပိုမိုစနစ် တကျ၊ မြန်ဆန်ပြတ်သားလာကြောင်း သိသာလာခဲ့ပါတယ်။ အဆိုပါကွန်ယက်၏ အဓိကရည်ရွယ်ချက်မှာ အခြားအဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော်တင်ပို့မည့် ကုန်စည်များအတွက် စာရွက်စာတမ်း လျှော့ချခြင်း၊ ပူးပေါင်းစစ်ဆေးမှုများ တိုးမြှင့်ခြင်းနှင့် တင်သွင်း/တင်ပို့နည်းလမ်းများ စနစ်တကျ ပြုပြင် ခြင်းများ ဆောင်ရွက်ရန်အတွက် ဖြစ်ပါသည်။ အဆိုပါ ကွန်ယက်စနစ်ကြောင့် အထူးသဖြင့် မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများသည် ဤစနစ်အသစ်ဖြင့် ပြည်ပရင်းနှီးမြှုပ်နှံသူများ
  
        07 Jul 2025  
  
     ကမ္ဘောဒီးယားနိုင်ငံသည် "Made in Cambodia" အမှတ်တံဆိပ်ဖြင့် ပြည်တွင်းထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်တွင် တင်သွင်းရောင်းချခြင်းဖြင့် အမှတ်တံဆိပ်အသိအမှတ်ပြုမှု တိုးတက်လာ ကြောင်း သိရှိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှ ထုတ်လုပ်သော အထည်အလိပ်၊ စားသောက်ကုန်နှင့် လက်မှု ထုတ်ကုန်များမှာ ဥရောပနှင့် တောင်အာရှဈေးကွက်များမှ အမှာအများဆုံး တင်ပို့ကုန်များဖြစ်သည့် အလျှောက် အဆိုပါတင်ပို့ကုန်များတွင် အမျိုးသားကုန်အမှတ်တံဆိပ်ဖြစ်သည့် "Made in Cambodia" အမှတ်တံဆိပ်ဖြင့် ထုတ်ကုန်များကို တင်ပို့ခြင်းအားဖြင့် ကောင်းမွန်သော စီးပွားရေးအခွင့်အလမ်းကောင်း များဖန်တီး သွားမည်ဖြစ်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါသည်။ 
  
        07 Jul 2025  
  
     ထိုင်းနိုင်ငံ နှင့် လာအိုနိုင်ငံ တို့အကြား ဆက်သွယ်ရေးကွန်ယက်များသည် လတ်တလောတွင် အထူး အဆင့်မြှင့်တင်မှုများခံနေရပြီး ဒါဟာတောင်အာရှဒေသတွင်းကုန်သွယ်ရေးအတွက် အလားအလာ ကောင်း များ ဖန်တီးနေခြင်းပင်ဖြစ်ပါတယ်။ ထိုကဲ့သို့သောဖွံ့ဖြိုးတိုးတက်မှုသည် တရုတ်၊ လာအိုနှင့် ထိုင်းတို့ကြားရှိ အပြန်အလှန်ကုန်သွယ်ရေးလမ်းကြောင်းများ (corridors) ကိုပိုမိုထိရောက်စေပါသည်။ နှစ်နိုင်ငံ ဆက်သွယ် ရေး ကွန်ယက်များတိုးတက်နိုင်ရန်အတွက် လာအို-ထိုင်း Border Checkpoint စနစ် အသစ်များ တည် ဆောက် နေသကဲ့သို့ လာအိုနိုင်ငံအတွင်းရှိ အမြန်ရထားလမ်းဖြစ်သည့် Boten-Vientiane Railway အား တိုးချဲ့ဆောင်ရွက်နေမှုများကြောင့် တရုတ်-လာအို-ထိုင်း Cor
  
        07 Jul 2025  
  
     ဗီယက်နမ်နိုင်ငံသည် Philippine Department of Trade and Industry (DTI) မှ ပြည်တွင်း စက်မှုလုပ်ငန်းများအတွက် ASEAN Export Support Fund ဖြင့် ပံ့ပိုးမှုများပြုလုပ်ပြီး Banana Chips, Dried Mango, Coconut Oil စသည်တို့ကို ထိုင်း၊ မလေးရှား၊ ဗီယက်နမ်သို့ တင်ပို့မှုများ တိုးလာခဲ့ကြောင်း သိရှိရပါတယ်။ တင်ပို့မှုများ တိုးပွားလာရသည့် အကြောင်းအရင်းမှာ ASEAN Export Support Fund နှင့် ASEAN Economic Integration တို့၏ အထောက်အပံ့အစီအစဉ်များရရှိခြင်း၊ ဈေးကွက်သိမြင်မှု နှင့် ဒေသအတွင်းပူးပေါင်းဆောင်ရွက်မှုများကြောင့် ဖိလစ်ပိုင်မှ Banana Chips, Dried Mango, Coconut Oil စသည်တို့အပါအဝင် ထုတ်ကုန်များသည် အာဆီယံဈေးကွက
  
        07 Jul 2025  
  
     ၂၀၂၅ ခုနှစ် အတွင်း၌ Singapore Airport Terminal Services (SATS Ltd.) နှင့် PSA International (Port of Singapore Authority) တို့သည် အရှေ့တောင်အာရှဒေသတွင်းအတွက် အကြီးဆုံး သော Regional Logistics Superhub တည်ဆောက်နေကြကြောင်း သိရှိရပါတယ်။ ကုန်ပစ္စည်းများ စုစည်းပြီး ထပ်မံဖြန့်ချိရာနေရာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာဆက်သွယ်မှုအတွက် အဓိကဗဟို အဆောက် အအုံ တစ်ခုဖြစ်သော အဆိုပါ Superhub သည်လေကြောင်း နှင့် ရေကြောင်း နှစ်မျိုးစလုံးကို ချိတ်ဆက်ပေးနိုင်ယုံသာမက B2B (business-to-business) နဲ့ B2C (business-to-consumer) စီးပွားရေးတွင် ထုတ်ကုန် ထောက်ပံ့မှု အလျင်မြန်ဆုံးဖြစ်အောင် စနစ်တကျစီမံထား ကြောင်း လည်း သိရှိရပါတယ်။
  
        07 Jul 2025  
  
     အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အခွန်နှုန်းများကို လျှော့ချပြီး တစ်ဈေးဈေးဈေးကွက် တည် ဆောက်ရန် ရည်ရွယ်ပြီး တည်ထောင်ခဲ့သော AFTA (ASEAN Free Trade Area) စနစ်အောက်တွင် မြန်မာနိုင်ငံသည် မုန်ညင်း၊ မန်ကျီးသီး၊ မြေပဲ၊ ချဉ်ပေါင် နှင့် ပဲမျိုးစုံတို့ကို အခြား သော အာဆီယံ နိုင်ငံ များသို့ တင်ပို့ရာတွင် အခွန်လျှော့ပေါ့ခွင့် နှင့် အခွန်ကင်းလွတ်ခွင့်များ ရှိကြကြောင်းသိရှိရပါတယ်။ ထိုအခွင့် အရေးကို အသုံးချသော ရှမ်းနှင့် မန္တလေးဒေသအခြေခံ စိုက်ပျိုးသမားများအနေဖြင့် တောင်အာရှ ဈေးကွက် သို့ ဒေသထွက်စိုက်ပျိုးကုန်များအား အခွန်သက်သာစွာဖြင့် တင်ပို့နိုင်နေပြီဖြစ်ကြောင်း အာဆီယံ သတင်း များအရ သိရှိရပါတယ်။
DOCA(ဧရာဝတီ)
  
        07 Jul 2025  
  
     ၂၀၂၅ ခုနှစ်အတွင်း၌ ဗီယက်နမ်အစိုးရသည် မြောက်ပိုင်းအဓိကစီးပွားရေးဒေသ (Northern Key Economic Region) ထဲတွင် စက်မှုဇုန်အသစ်(၄)ခု ကို မကြာသေးမီက တရားဝင်ဖွင့်လှစ်လိုက် ကြောင်းသိရှိရပါတယ်။ ဤစက်မှုဇုန်များတွင် နိုင်ငံတကာကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံရန် အားဖြည့် ထားသည့် ဥပဒေ အဆင့်မြင့် အခြေခံအဆောက်အအုံများ၊ အခွန်လျှော့ချမှုအခွင့်အရေးများနှင့် လုပ်ငန်း စဉ်မြန်ဆန်အောင် လုပ်ပေးသည့် "One-Stop Investment Licensing Center" (တစ်နေရာတည်းမှ လိုင်စင်ထုတ်ပေးရေး စနစ်) တို့ပါဝင်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါတယ်။
DOCA(ဧရာဝတီ)
  
        07 Jul 2025  
  
     မလေးရှား နှင့် အင်ဒိုနီးရှား နှစ်နိုင်ငံသည် ကမ္ဘာအကြီးဆုံး ဆီအုန်း ထုတ်လုပ်သူများ ဖြစ်ပြီး ဆီအုန်းထုတ်လုပ်မှုသည် မကြာသေးမီက သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးများ ကြောင့် ပြစ်တင်မှုများခံခဲ့ရပါတယ်။ ထို့ကြောင့် ၂၀၂၅ ခုနှစ်အစောပိုင်းတွင် မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို့သည် ပထမဆုံးအကြိမ်အဖြစ် “Sustainable Palm Oil Alliance” ဟုခေါ်သော ပူးပေါင်း ကွန်ယက် အသစ်ကို တည်ထောင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။  ယင်းပူးပေါင်းမှုသည် ဆီအုန်း ထုတ်လုပ်မှုတွင် တာဝန်ယူမှု၊ သဘာဝထိန်းသိမ်းမှုနှင့် လူမှုရေးအကျိုးခံစားမှုကို ဦးစားပေးရန် ရည်ရွယ် သည်ဟု အာဆီယံ သတင်းများအရ သိရှိရပါသည်။
DOCA(ဧရာဝတီ)
  
        07 Jul 2025  
  
     ကုလသမဂ္ဂအောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ကမ္ဘာတစ်ဝှမ်း လူသားတို့အတွက် အစာအဟာရ လုံလောက်မှု၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် ငတ်မွတ်မှုတားဆီးရေး များဆောင်ရွက်နေသည့် Food and Agriculture Organization of the United Nations (FAO) နှင့် အာဆီယံနိုင်ငံများအတွင်း ငါးဖမ်းလုပ်ငန်းကို တိုးတက်အောင်မြင်စွာလုပ်ဆောင်မှုများ ဆောင်ရွက်နေသည့် ASEAN Fisheries Improvement Program တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်အတွင်း ငါးဖမ်းလုပ်ငန်းများအတွက် စံသတ်မှတ်ချက်အသစ်များထည့်သွင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။ အဆိုပါ စံသတ်မှတ်ချက်အသစ် ပြောင်းလဲမှုများကြောင့် ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှားနို
  
        07 Jul 2025  
  
     ကမ္ဘောဒီးယားအလုပ်အမှုဆောင်ဝန်ကြီးဌာနသည် ၂၀၂၅ မေလတွင် အီတလီ၊ ဂျာမနီနှင့် ပိုလန် နိုင်ငံများ နှင့် လယ်ထွန်းထုတ်ကုန်တင်ပို့မှုအတွက် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးစနစ်မှာ သဘာဝစိုက်ပျိုးနည်းများနှင့် အဆင့်မြင့် စီမံခန့်ခွဲမှု များကြောင့် ကမ္ဘောဒီးယားဒေသထွက်ထုတ်ကုန်များမှာ "Organic Label" ဖြင့် ဥရောပ ဈေးကွက် သို့ ဝင်ရောက်ခွင့်ရရှိခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတယ်။
DOCA(ဧရာဝတီ)
  
