ဆီးရီးယား၌ ပြည်သူလူထု၏ ဘဏ္ဍာရေးဝန်ကိုလျှော့ချရန် စက်သုံးဆီဈေးနှုန်း ၃၀ ရာခိုင်နှုန်း လျှော့ချ

Powered by Drupal

     ဆီးရီးယားနိုင်ငံ၌ စွမ်းအင်ကဏ္ဍပြုပြင်ပြောင်းလဲမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ဆောင်းရာ သီမတိုင်မီ  ပြည်သူလူထုအပေါ် သက်ရောက်မှုရှိသည့် ငွေကြေးဖိအားကိုလျှော့ချနိုင်ရန် ပြည်တွင်း စက်သုံးဆီဈေးနှုန်းကို ၃၀ ရာခိုင်နှုန်း လျှော့ချလိုက်ကြောင်း ဆီးရီးယားစွမ်းအင်အာဏာပိုင်များက နိုဝင်ဘာ   ၁၁   ရက်တွင်   ထုတ်ပြန်ကြေညာထားသည်။

    ထိုကဲ့သို့ ဈေးနှုန်းလျှော့ချမှုသည် ပြည်တွင်းရေနံထုတ်လုပ်မှုမြင့်တက်လာခြင်းနှင့် ကမ္ဘာ့ရေနံ စိမ်းဈေးနှုန်းများ ကျဆင်းလာခြင်းတို့ဖြစ်ကြောင်း စွမ်းအင်ဆိုင်ရာ အာဏာပိုင်များ၏ ဆက်သွယ် ရေးဌာန ညွှန်ကြားရေးမှူး အာမက်ဆူလိုင်မန်းက Al-Ikhbari-ya ရုပ်မြင်သံကြားသို့ ပြောကြား သည်။

      ဈေးနှုန်းသစ်များအရ   ဒီဇယ်တစ်လီတာလျှင်  အမေရိကန်ဒေါ်လာ   ၀  ဒသမ  ၇၅ ဒေါ်လာ၊ ဓာတ်ဆီတစ်လီတာလျှင် ၀ ဒသမ ၈၅ ဒေါ်လာသို့ ကျဆင်းသွားမည်ဖြစ်ကာ အိမ်သုံးဓာတ်ငွေ့ စလင်ဒါတစ်ခုလျှင်  အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ ဒေါ်လာသို့ ကျဆင်းသွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

     ထိုကဲ့သို့   ဈေးနှုန်းလျှော့ချမှုမှာ   မကြာသေးမီက လျှပ်စစ်ဓာတ်အားခမြင့်တက်ပြီးနောက် ပြည်သူလူထု၏   စိုးရိမ်ပူပန်မှုကို ပြေလျော့စေရန်   လုပ်ဆောင်ပုံရကြောင်း သိရသည်။     

Source: ဆင်ဟွာ                                                               

DOCA(ပြည်ထောင်စုနယ်မြေ)