ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
24 May 2024

       Elon Musk နှင့် အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီး Budi Gunadi Sadiki တို့သည် နိုင်ငံ၏ကျန်မာရေးကဏ္ဍအတွက် SpaceX ၏ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကို တနင်္ဂနွေနေ့၊ မေလ ၁၉ရက်နေ့တွင် စတင်ခဲ့ပြီး ကျယ်ပြောလှသော ကျွန်းစုများ၏ ‌ဝေးလံခေါင်သီသောနေရာများတွင်ပါ အင်တာနက်ရရှိနိုင်ရန်ရည်ရွယ်၍ စတင်ခဲ့သည်။ SpaceX နှင့် Telsa ၏ ဘီလီယံနာသူဌေးကြီး Musk သည် အင်ဒိုနီးရှားနိုင်ငံ၏ အပန်းဖြေကျွန်းဖြစ်သော ဘာလီကျွန်းသို့ ရောက်ရှိလာခဲ့ပြီး မြို့တော် Denpasarရှိ ရပ်ရွာကျန်းမာရေးစင်တာတွင် လွှင့်တင်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ “ချိတ်ဆက်မှုအားနည်းသော နေရာများကို အင်တာနက်ချိတ်ဆက်မှုရရှိစေရန် ၎င်းအန

24 May 2024

        မြန်မာတရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတန်ဖိုးသည် ဧပြီလ၁ရက်နေ့မှစတင်၍ လက်ရှိဘဏ္ဍရေးနှစ် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ရက်နေ့အထိ အမေရိကန်ဒေါ်လာ၂၈၀.၄၄သန်းသို့ကျဆင်းခဲ့ပြီး ယမန်နှစ် အလားတူကာလတွင် မှတ်တမ်းတင်ထားသော ကန်ဒေါ်လာ၄၀၇.၇သန်းရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းဇယားများတွင်ဖော်ပြထားသည်။

          ကိန်းဂဏန်းများသည် ယမန်နှစ်ကာလနှင့်နှိုင်းယှဥ်ပါက ယခုနှစ်လဏ္ဍရေးနှစ်တွင် ၁၂၇.၂၈သန်းထိ သိသိသာသာကျဆင်းသွားကြောင်းတွေ့ရသည်။

24 May 2024

     ဥရောပမှလယ်ယာထွက်ကုန်ပစ္စည်းများအား တရုတ်စျေးကွက်အတွင်းသို့ ပိုမိုတင်သွင်းဝင်ရောက်နိုင်ရန်ခွင့်ပြုထားကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးမှူးက ဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့ပါသည်။

      နယ်သာလန်မှ ဝက်သား၊ ဆားဘီးယားမှ ဆီးသီး၊ ဘလူးဘယ်ရီသီးများနှင့် ဟန်ဂေရီမှ လတ်ဆတ်သောချယ်ရီသီးများကို နိုင်ငံ၏ကျန်းမာရေးလိုအပ်ချက်များနှင့် ကိုက်ညီသည့်အခြေအနေဖြင့် တရုတ်နိုင်ငံသို့တင်ပို့ခွင့်ပြုထားကြောင်း အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့ပါသည်။

23 May 2024

        အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားကြွေးမြီးသည် ယမန်နှစ်ကသုံးလပတ်တွင်ရရှိခဲ့သော ဒေါ်လာ၄၀၈.၅ ဘီလီယံနှင့်နှိုင်းယှဥ်ပါက ယခုနှစ်ပထမလပတ်တွင် အမေရိကန်ဒေါ်လာ ၄၀၃.၉ ဘီလီယံသို့ ကျဆင်းသွားကြောင်းအင်ဒိုနီးရှားနိုင်ငံ၏ဗဟိုဘဏ်မှ ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်ကြေညာခဲ့ပါသည်။

      အစိုးရ၏နိုင်ငံခြားကြွေးမြီးသည် ယခင်သုံးလပတ်တွင်ဒေါ်လာ(၁၉၆.၆)ဘီလီယံ ယခုနှစ်ပထမလပတ်တွင်‌ ဒေါ်လာ (၁၉၂.၂) ဘီလီယံသို့ကျဆင်းသွားခဲ့ပါသည်။

23 May 2024

       ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်မှ ဧည့်မထ (၂၅%) ဆန် တန်ချိန် (၁၅၀၀)၊ အိတ်ရေအားဖြင့် ဆန်အိတ်(၃၀၀၀၀)ကို  ပြည်ပသို့တင်ပို့ရန်အတွက် ဟင်္သာတဆိပ်ကမ်းမှ သင်္ဘောတင်ခြင်းလုပ်ငန်းကို (၁၃-၅-၂၀၂၄) ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့တင်ပို့ခြင်းကို ဧရာဟင်္သာကုမ္ပဏီက ဆောင်ရွက်ခြင်းဖြစ်ပြီး ဟင်္သာတမြို့ပေါ်ရှိဆန်စက်များမှ ဧည့်မထ(၂၅%) ဆန်တစ်အိတ်လျှင် ၇၅၀၀၀ကျပ်ဖြင့်ဝယ်ယူပြီး အာဖရိကတိုက်ရှိ အိုင်ဗရီကိုစ့်နိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်းသိရှိရပါသည်။

20 May 2024

          ထိုင်နိုင်ငံ၏ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai သည် ထိုင်းကိုယ်စားလှယ်အဖွဲ့အားတိုကျိုမြို့ရှိ Imperial Hotel တွင် မကြာသေးမှီကဦးဆောင်ခဲ့ပြီး ဂျပန်-ထိုင်း ကုန်သွယ်ရေးနှင့်စီးပွားရေးကော်မတီဥကဠ Suzuki Jun နှင့် ဂျပန်စီးပွားရေးအဖွဲ့ချုပ်(Keidanren) တို့မှ အမှုဆောင်အရာရှိများနှင့် မဟာဗျူဟာမြောက် ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

20 May 2024

     မလေးရှားနိုင်ငံ၏ သဘာဝရော်ဘာထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ၂၉၆၉၁ တန်ရှိရာမှ ၉.၂% ကျဆင်းလျက် မတ်လတွင် ၂၆၉၆၆ တန်သာ ထုတ်လုပ်နိုင်ခဲ့သည်ဟု မလေးရှား စာရင်းအင်းဦးစီးဌာန (DOSM) ၏ ၁၃-၅-၂၀၂၄ နေ့၌ ထုတ်ပြန်သည့် အချက်အလက်များအရ သိရှိ ရကြောင်း မလေးရှားနိုင်ငံ အခြေစိုက် သဘာဝရော်ဘာ ထုတ်လုပ်သည့်နိုင်ငံများအသင်း (The Association of Natural Rubber Producing Countries - ANRPC) က ဖော်ပြပါသည်။

20 May 2024

     ကမ္ဘာပေါ်တွင်အရေးပါသော တစ်ပိုင်းလျှပ်ကူးကဏ္ဍကိုအရှိန်မြှင့်တင်ရန်အတွက် တောင်ကိုရီးယားနိုင်ငံသည်Chip လုပ်ငန်းနယ်ပယ်ကို အမေရိကန်‌ဒေါ်လာ၇ ဘီလီယံကျော် ထောက်ပံ့မည်ဖြစ်ကြောင်း ဘဏ္ဍာ‌ရေးဝန်ကြီးဌာနကမေလ ၁၂ ရက်နေ့ကပြောကြားခဲ့ပါသည်။ ဤခြေလှမ်းသည် လွန်ခဲ့သည့်နှစ်က ကမ္ဘာလုံးဆိုင်ရာစျေးကွက်ကိုပိုမိုထိုးဖောက်မည့် ကမ္ဘာ့အကြီးမားဆုံး Memory Chip ထုတ်လုပ်သည့် Samsung Electronic မှအဓိကရင်းနှီးမြှပ်နှံမည့် အမေရိကန်ဒေါ်လာ (၂၄၀)ဘီလီယံတန်ဖိုးရှိသည့် ကမ္ဘာ့အကြီးမားဆုံး Chip Center တည်ဆောက်ရန်အတွက် အစိုးရ၏ ကတိပြုမှုကြောင့်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး၏ ၁၂-၅-၂၀၂၄ရက်နေ့ကထုတ်ပြန

20 May 2024

     ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သည့် အိန္ဒိယ၏ ဆန်များအပေါ် ဝယ်လိုအား ထိုင်းမှိုင်းနေပြီး  ဈေးနှုန်းတည်ငြိမ်လျက်ရှိသော်လည်း ထိုင်းနိုင်ငံ၏ ဆန်ပို့ကုန်ဈေးနှုန်းများသည် ရောင်းလိုအား နည်းပါးမှုနှင့် ဝယ်လိုအား ခိုင်မာအားကောင်းမှုအရ ယခုသီတင်းပတ်၌ ၃ လအတွင်း အမြင့်ဆုံး ဈေးနှုန်းသို့ ရောက်ရှိလာကြောင်း Bangkok Post သတင်းဌာနက ၁၆-၅-၂၀၂၄ နေ့တွင် ဖော်ပြ ပါသည်။

20 May 2024

    ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမလေးလအတွင်း အမေရိကန်ဒေါ်လာ ၁၇၀ ဒသမ ၂ သန်း တန်ဖိုးရှိ ဆန် ၂၄၈၄၉၁ တန် တင်ပို့ခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) ၏       ၈-၅-၂၀၂၄ ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။

20 May 2024

          တောင်ကိုရီးယားနိုင်ငံ၏အစိုးရသည် မေလ၁၃ ရက်နေ့(တနင်္လာနေ့) က Aliexpress, Alibaba နှင့် Temu ကဲ့သို့သော online နာမည်ကြီးစျေးဝယ်ပလက်ဖောင်းများ‌တွင် ရောင်းချနေသောကုန်ပစ္စည်းများ ဘေးကင်လုံခြုံမှုနှင့်ပက်သက်၍ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပါသည်။

          တောင်ကိုရီယားနိုင်ငံသည် Aliexpress, Temu နှင့်အခြားသောတရုတ် E-Commerce စျေးဝယ်ပလက်ဖောင်းများကို မိမိတို့နိုင်ငံအတွင်း အသုံးပြုသူများ များပြားလာသောကြောင့် ထို E-Commerce ပလက်ဖောင်းများအားသေသေချာချာစိစစ်ပြီးနောက် သဘောတူညီချက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

20 May 2024

     ဖိလစ်ပိုင်နိုင်ငံ၏ ဆန်လက်ကျန်မှာ ယခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မက်ထရစ်တန်ချိန် ၁.၆၄ သန်းရှိပြီး ယခင်နှစ် ကာလတူရှိ လက်ကျန်တန်ချိန် ၁.၈၄ သန်းနှင့် နှိုင်းယှဉ်ပါက ၁၀.၉% ကျဆင်းခဲ့ကြောင်း ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့မှ ၈-၅-၂၀၂၄ နေ့ သတင်းထုတ်ပြန်ချက် အရ သိရသည်။ လအလိုက် နှိုင်းယှဉ်ရာတွင်မူ အဆိုပါပမာဏသည် ယခင်လရှိ ဆန်လက်ကျန် တန်ချိန် ၁.၃၇ သန်းထက် ၂၀.၂% မြင့်တက်လာခဲ့သည်။

Pages