ပြည်ပကုန်သွယ်မှုသတင်းများ
ဂျပန်နိုင်ငံ၏ ပို့ကုန်များသည် ပဥ္စမလပတ်အထိ ဆက်တိုက်တိုးတက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များအရသိရသည်။ နိုင်ငံ၏ စုစုပေါင်းပို့ကုန်သည် ယန်း ၈.၉ထရီလီရံ (အမေရိကန်ဒေါ်လာ ၅၇ဘီလီယံ) ရှိပြီး ယခင်နှစ်ထက် ၈.၃ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ဘဏ္ဍရေးဝန်ကြီးဌာနကထုတ်ပြန်သည့် ပမာဏကိန်းဂဏန်းများအရသိရသည်။ စုစုပေါင်းသွင်းကုန်မှာ ယန်း ၉.၄ထရီလီယံရှိပြီး ၈.၃ရာခိုင်နှုန်းတိုးလာကာ နှစ်လတာကာလအတွင်း ပထမဆုံးကုန်သွယ်မှုလိုငွေမှာ ယန်း ၄၆၂ဘီလီယံဖြစ်သည်။
UNICEF သည် ၂၀၁၉ ခုနှစ်တွင် (၅)နှစ်အောက် မလေးရှားကလေးငယ်များ၏ ၂၀.၇% သည် ပုညှက်ခြင်းဝေဒနာကိုခံစားခဲ့ရပြီး (၁၉)နှစ်အရွယ်ကလေးများ၏ ၁၂.၇ % သည် အဝလွန် ခြင်းကို ကြုံတွေ့ရကာ ၁၁.၅% သည် တဖြည်းဖြည်းအားနည်း၍ပိန်လှီလာကြသည်။
ထိုဖြစ်စဉ်၏ အဓိကအကြောင်းရင်းတစ်ရပ်မှာ Vitamin A ချို့တဲ့မှုကြောင့်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဘီတာကာရိုတင်းကို ဇီဝပေါင်းစပ်မှုပြုလုပ်ရန်အတွက် မျိုးရိုးဗီဇအင်ဂျင်နီယာဖြင့် ထုတ်လုပ်ထားသော ရွှေရောင်ဆန်(Oryza Sativa)ကို လူမှုမီဒီယာ ဘလော့ဂါအချို့က တင်သွင်းရန်တိုက်တွန်းထားကြသည်။
အင်ဒိုနီးရှားစက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ PT Mahugi Jaya Sehahtern မှထုတ်လုပ်သော ပြည်တွင်းအထည်အလိပ်ထုတ်ကုန်များကို ဒူဘိုင်းသို့တင်ပို့ရောင်းချပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ၃၅၀၀၀၀အထိရှိကြောင်းသိရသည်။
နည်းပညာကုမ္ပဏီကြီး Amazon ၏ Cloud Computing ယူနစ် AWS (Amazon Web Services) သည် စပိန်နိုင်ငံအရှေ့မြောက်ပိုင်း Amazon ဒေသရှိ ဒေတာစင်တာများတွင် ယူရို ၁၅.၇ဘီလီယံ(ဒေါ်လာ ၁၇.၀၂ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း 2024ခုနှစ်၊ မေလ ၂၂ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် ပြောကြားခဲ့ပြီး နိုင်ငံအတွင်း ၎င်း၏တိုးချဲ့မှုအစီအစဉ်ကို သိသိသာသာမြှင့်တင်သွားမည်ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် နှစ်နိုင်ငံအကြားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန်အတွက် ပုံမှန်ဆွေးနွေးညှိနှိုင်းမှုကဏ္ဍများပြုလုပ်သွားရန် ရည်ရွယ်ထားကြပါသည်။ အဆိုပါဆုံးဖြတ်ချက်သည် ကမ္ဘောဒီးယားသမ္မတ Hun Monet ၏ တောင်ကိုရီးယားနိုင်ငံသို့ 2024ခုနှစ်၊ မေလ ၁၅ရက်နေ့မှ ၁၈ရက်နေ့အထိသွားရောက်ခဲ့သည့် အလည်အပတ်ခရီးစဉ်အတွင်း တောင်ကိုရီးယားသမ္မတ Yoon Suk Yeol နှင့်တွေ့ဆုံဆွေးနွေးပွဲတွင် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ Mr.
ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာလုပ်ငန်းနယ်ပယ်သည် ၂၀၂၄ခုနှစ်၊ ပထမသုံးလတာကာလတွင် ပြည်ပသို့ ပင်လယ်စာတင်ပို့မှုပမာဏအတွက် အမေရိကန်ဒေါ်လာ ၂ဘီလီယံနီးပါးထိရောက်ရှိခဲ့ပြီး ၂၀၂၃ခုနှစ်၊ ပထမသုံးလတာကာလထက် ၈ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဗီယက်နမ်နိုင်ငံပင်လယ်စာတင်ပို့သူများနှင့်ထုတ်လုပ်သူများအသင်း (VASEP)၏ အဆိုအရသိရပါသည်။ ယခုကဲ့သို့ မြင့်တက်လာခြင်းသည် အဓိကဈေးကွက်များဖြစ်သော အမေရိကန်၊ ဂျပန်၊ တရုတ်နှင့် ဟောင်ကောင်တို့ထံမှ မြင့်တက်လာသော ဝယ်လိုအားများကြောင့်ဖြစ်သည်ဟုသိရပါသည်။ VASEP သည် ၂၀၂၄ခုနှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၉.၅ဘီလီယံတန်ဖိုးရှိသည့် ပင်လယ်စာထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်မည်
အိန္ဒိယစားနပ်ရိက္ခာလုံခြုံစိတ်ချရမှုနှင့် စံချိန်စံညွှန်းအာဏာပိုင်အဖွဲ့အစည်း (The Food Safety and Standards Authority of India-FSSAI) သည် သရက်သီးများ ပေါများသည့်ရာသီ ကာလတွင် သစ်သီးများကို ကယ်လ်ဆီယမ်ကာဘိုက် ရင့်မှည့်ဆေးကို အသုံးပြု၍ အချိန်မတိုင်မီ ရင့်မှည့်စေခြင်းအတွက် သတ်မှတ်ထားသည့် စံနှုန်းများကို တိကျစွာ လိုက်နာစေလိုကြောင်း ကုန်သည်များ၊ သစ်သီးရောင်းချသူများနှင့် စားသောက်ကုန်လုပ်ငန်းရှင်များကို တိုက်တွန်းပြော ကြားခဲ့ပါသည်။ အဆိုပါအဖွဲ့အစည်းက စားနပ်ရိက္ခာလုံခြုံစိတ်ချရမှုဆိုင်ရာဌာနများအား စားနပ် ရိက္ခာလုံခြုံစိတ်ချရမှုနှင့် စံချိန်စံညွှန်းအက်ဥပဒေ ၂ဝဝ၆၊ နည်းဥပဒေနှင့် စည်းမျဉ်းများတွင် ပြဌ
မလေးရှားနိုင်ငံတွင် ၂ဝ၂၄ ခုနှစ်မေလအတွင်း စားအုန်းဆီထုတ်လုပ်မှုကောင်းမွန်လာသဖြင့် စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းများသည် ရင်းဂစ် ၃,၇ဝဝ မှ ၃,၉၅ဝ ကြားရှိမည်ဟု မျှော်လင့်ရသည်ဟု မလေးရှားစားအုန်းဆီကောင်စီ (MPOC) ထံမှ သိရှိရကြောင်း The Edge Malaysia သတင်းဌာနမှ ၂၀-၅-၂၀၂၄ ရက်နေ့တွင် ဖော်ပြထားပါသည်။ အဆိုပါသတင်းဌာန၏ ဖော်ပြချက်တွင် စားအုန်းဆီထုတ်လုပ်မှု မြင့်တက်လာသော်လည်း စားအုန်းဆီသိုလှောင်မှုမှာ ယခုနှစ်ဒုတိယသုံးလပတ်တွင် တန်ချိန် ၂ သန်းအောက်သာ ကျန်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ သို့ရာတွင် အဓိကဝယ်ယူတင်သွင်း သောနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့တွင်လည်း စားသုံးဆီသိ
ထိုင်းနိုင်ငံ၊ Surin ပြည်နယ်တွင် ဆယ်စုနှစ်တစ်ခုကြာ သိုလှောင်ထားသည့် ဆန်အိတ် ၁၅ဝ,ဝဝဝ ကို ဆေးသိပ္ပံဦးစီးဌာနက လူအများစားသုံးရန်လုံခြုံစိတ်ချရမှုရှိကြောင်း ကြေညာသည် နှင့်တစ်ပြိုင်နက် ပြည်သူများသို့ လေလံတင်ရောင်းချနိုင်ရေး ပြင်ဆင်ထားရန် ပြည်သူ့သိုလှောင်ရုံ အဖွဲ့အစည်း (PWO) သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Phumtham Wechayachai က ညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဆန်များကို ပုဂ္ဂလိကကုမ္ပဏီများ၏ ဦးဆောင်မှုဖြင့် ဓာတ်ခွဲခန်းများတွင် စမ်းသပ်စစ်ဆေးခဲ့ပြီး သိုလှောင်ထားချိန်အတွင်း မီးခိုးမှိုင်း တိုက်မှုများမှ ဖြစ်ပေါ်လာနိုင်သော ကင်ဆာဖြစ်စေနိုင်သောဓာ
၂၀၂၄ခုနှစ် ပထမသုံးလပတ်၌ ထိုင်းနိုင်ငံ၏ လတ်ဆတ်သော သရက်သီးတင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဘတ် ၁.၆ သန်းခန့်အထိ ၁၃၀% မြင့်တက်လာခဲ့ကြောင်း၊ အလားတူကာလအတွင်း၌ပင် ကောက်ညှင်းဆန်တင်ပို့မှုသည် ဘတ် ၁ သန်းခန့်အထိ ၁၃ % မြင့် တက်ခဲ့ကြောင်း သိရှိရသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ပြည်တွင်း ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှုမှာ စံချိန်တင်ထွက်ရှိခဲ့ပြီး အအေးခန်းသိုလှောင်ရုံများ၌ ထားရှိနိုင်မည့်ပမာဏထက် ကုန်ဝင်ရောက်မှု ပိုလျှံနေသဖြင့် ကြက်သွန်နီ တင်သွင်းခွင့် တားမြစ်ပိတ်ပင်ထားခြင်းကို ဇူလိုင်လအထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနမှ အတွင်းဝန် Francisco Tiu Laurel Jr. က ၂၀-၅-၂၀၂၄ နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံ၊ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ကန်ထိုမြို့ (Can Tho) ရှိ ဆန်စပါးတင်ပို့မှုနှင့် စိုက်ပျိုးထုတ်လုပ်ရေး နည်းပညာကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆန္ဒရှိသည်ဟု အဆိုပါမြို့သို့ ရောက်ရှိနေသော အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ၂၀-၅-၂၀၂၄ နေ့တွင် မြူနီစီပယ်ပါတီကော်မတီ အတွင်းရေးမှူး Nguyen Van Hieu နှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့ကြောင်း သိရှိရသည်။