ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
30 May 2024

        ဖိလစ်ပိုင်နိုင်ငံ၏စီးပွားရေးသည် ၂၀၃၃ခုနှစ်တွင် (၃)ဆထိမြင့်တက်လာနိုင်ရန်မျှော်လင့်ရပြီး တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့ကဲ့သို့ ထရီလီယံဒေါ်လာ စီးပွား‌ရေးအင်အားရှိသည့်အုပ်စုထဲ ဝင်ရောက်နိုင်မည်ဟု ဖိလစ်ပိုင်နိုင်ငံ၊ ဘဏ္ဍာရေးအတွင်းရေးမှူး Ralph Recto က ပြောကြားခဲ့ပါသည်။ မနီလာမြို့တွင် ၂၇-၅-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဖိလစ်ပိုင်စီးပွားရေးရှင်းလင်းညွှန်ကြားမှုအစည်းအဝေးတွင် Recto က ပြင်ပမှစိန်ခေါ်မှုများရှိနေသော်လည်း တိုင်းပြည်သည် အာဆီယံဒေသတွင်း၌ သာလွန်သည့်စီးပွားရေးရှိပြီး ၂၀၂၅ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၅.၈ရာခိုင်နှုန်းမှ ၆.၃ရာခိုင်နှုန်း

30 May 2024

      ထိုင်းနိုင်ငံခရီးသွားလာရေးအာဏာပိုင်အဖွဲ့ (TAT) သည် ယခုနှစ်တွင် ဖူးခတ်ကမ်းခြေ၏ ခရီးသွားကဏ္ဍမှတစ်ဆင့် အနည်းဆုံးဘတ် ၄၀၀ဘီလီယံရရှိမည်ဟု ယုံကြည်ချက်ရှိနေပြီး ၂၀၂၄ခုနှစ်၏ ပထမသုံးလတာကာလတွင် ဖူးခတ်ကမ်းခြေကို ခရီးသွား ၃.၆သန်းကျော်လာရောက်လည်ပတ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ TAT ရုံး၏ ဒါရိုက်တာတစ်ဦးဖြစ်သည့်  Lerdchai Wangtiakoondee က ဇန်နဝါရီလမှ မတ်လအတွက် ဖူးခတ်ကိုလာရောက်လည်ပတ်ခဲ့သည့် ခရီးသွားအရေအတွက်မှာ ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၃၀ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဘဏ္ဍာငွေ ဘတ် ၁၃၇ဘီလီယံရရှိခဲ့ကြောင်း ၂၅-၅-၂၀၂၄ ရက်နေ့က မီဒီယာများကိုပြောကြားခဲ့ပါသည်။ ဖူးခတ်သည် ယခုအချိန်တွင်  ခရီးသွားလ

30 May 2024

      တရုတ်နိုင်ငံသည် ပြည်တွင်းမှကုမ္ပဏီများကို ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန်အတွက် တိုက်တွန်းသွားမည်ဖြစ်ပြီး နှစ်နိုင်ငံစီးပွားရေးစင်္ကြန်ကိုအရှိန်မြှင့်တင်ရန်၊ စက်မှုဇုံလုပ်ငန်းစဥ်များအရှိန်ရလာစေရန်နှင့် မီးရထားလမ်း၊ ကားလမ်း၊ စွမ်းအင်နှင့်စိုက်ပျိုးရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန်အတွက် အဆင်သင့်ဖြစ်နေကြောင်းသိရပါသည်။ ၎င်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ကမ္ဘောဒီးယားနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Sok Chenda Sophea နှင့် ၂၄-၅-၂၀၂၄ ရက်နေ့တွင် ဘေဂျင်း၌ တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

30 May 2024

      အရှေ့တောင်အာရှ၏ မော်တော်ကားစျေးကွက်တွင် တတိယနေရာ၌ ကြာရှည်စွာရပ်တည်နေသော မလေးရှားနိုင်ငံသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဖေဖော်ဝါရီလအထိ သုံးလဆက်တိုက် မော်တော်ကားထုတ်လုပ်မှုတွင် ထိုင်းနိုင်ငံအားကျော်တက်ကာ အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး မော်တော်ကားစျေးကွက်ဖြစ်လာခဲ့သည်။

        မလေးရှားနိုင်ငံ၏ Automotive Association   အဆိုအရ ယခုနှစ် ပထမသုံးလပတ်တွင် ကားအစီးရေ  ၂၀၂၂၄၅စီးရောင်းချနိုင်ခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၅ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။

28 May 2024

    အင်ဒိုနီးရှားနိုင်ငံ၏ ကျန်းမာရေးကဏ္ဍအတွက် စတားလင့်အင်တာနက်ဝန်ဆောင်မှု စတင်ထုတ်လွှင့်ပြီးနောက် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီပီဒိုဒိုက ဘီလီယံနာသူဌေး Elon Musk ကို အင်ဒိုနီးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန် တောင်းဆိုခဲ့ကြောင်းသိရပါသည်။ ဂျိုကိုဝီသည် Elon Musk ကို ဘာလီတွင်ကျင်းပပြုလုပ်သည့် ကမ္ဘာ့ရေဖိုရမ်တွင် ၂၀-၅-၂၀၂၄ ရက်နေ့က သီးခြားတွေ့ဆုံခဲ့ပြီး အဆိုပါအခမ်းအနားကို Elon Musk က ရေတိုစီမံခန့်ခွဲမှု၏ အ‌ရေးပါမှုနှင့်ပတ်သက်၍ ဟောပြောမည့်သူအနေဖြင့် တက်ရောက်ခြင်းဖြစ်ကြောင်းသိရပါသည်။ အစည်းအဝေးတွင် ဂျိုကိုဝီက Elon Musk ၏ Space XI ကားထုတ်လုပ်သည့် Telsa နှင့် ဥမင်လှိ

28 May 2024

    ထိုင်းနိုင်ငံ၏ ၂၀၂၄ခုနှစ်အတွက် ကားထုတ်လုပ်မှုရည်မှန်းချက်လျှော့ချရဖွယ်ရှိပြီး ကားထုတ်လုပ်မှုများကျဆင်းလျက်ရှိကြောင်းနှင့် စီးပွားရေးနှေးကွေးမှုသည် ကားရောင်းချရမှုများကို သက်ရောက်စေခဲ့ကြောင်း ထိုင်းနိုင်ငံစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) အဆိုအရသိရပါသည်။ ယခုနှစ်အစောပိုင်းတွင် FTI သည် ပြည်ပသို့တင်ပို့ရန်အတွက် ကားအစီးရေ ၁.၁၅သန်း၊ ပြည်တွင်းရောင်းချရန်အတွက် အစီးရေ ၇၅၀၀၀၀၊ စုစုပေါင်းကားအစီးရေ ၁.၉သန်း၊ ယခင်နှစ်ထုတ်လုပ်မှုပမာဏ၏ ၃.၁၅ရာခိုင်နှုန်းတိုးမြှင့်ထုတ်လုပ်ရန် ရည်မှန်းချက်ထားခဲ့ပါသည်။ သို့သော် ဧပြီလတွင် စုစုပေါင်းကားထုတ်လုပ်မှုပမာဏသည် အစီးရေ ၁၀၄၆၆၇နှင့် ၁၁ရာခိုင်နှုန်းလျော

28 May 2024

     ရုရှားနိုင်ငံ၏ ကောက်ပဲသီးနှံများကို နယ်စပ်ဖြတ်ကျော်ရောင်းချမှုသည် ယခုနှစ်တွင် စံချိန်တင်အမြင့်ဆုံးသို့ရောက်ရှိမည်ဖြစ်ပြီး ပြည်ပသို့တင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၅ဘီလီယံသို့ရောက်ရှိရန် မျှော်မှန်းထားကြောင်း ရုရှားနိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီး Oksana Lut ကပြောကြားခဲ့ပါသည်။ နိုင်ငံတကာဆိုင်ရာ ရုရှားပြပွဲဖိုရမ်၌ အစားအသောက်လုံခြုံစိတ်ချရမှုရှိစေရေးနှင့်ပတ်သက်သည့် မျက်နှာစုံညီအစည်းအဝေးတွင် Lut က ရုရှားနိုင်ငံသည် လွန်ခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၄၃.၅ဘီလီယံတန်ဖိုးရှိသည့် ကောက်ပဲသီးနှံများကိုတင်ပို့နိုင်ခဲ့ကြောင်းနှင့် ယခုနှစ်တွင် စံချိန်တင်တင်ပို့နိုင်ရန်အတွက် အခွင့်အလမ်းက

28 May 2024

      တရုတ်နိုင်ငံ၏ 618 ဈေးပွဲတော်အတွက် ပရိုမိုရှင်းများစတင်နေပြီဖြစ်သောကြောင့် Apple သည် Huawei ကဲ့သို့သော ပြည်တွင်းကုမ္ပဏီများနှင့် ပြိုင်ဆိုင်မှုပြင်းထန်နေချိန်တွင် တရုတ်နိုင်ငံရှိ iphone များအား အရောင်းမြှင့်တင်ရန်အတွက် လျှော့ဈေးများပေးလျက်ရှိသည်။ 618 ပွဲတော်ကို 2024ခုနှစ်၊ မေလ ၂၁ရက်နေ့၊ တနင်္လာနေ့တွင် စတင်ကျင်းပခဲ့ပြီး တရုတ် E-commerce ဈေးကွက်များဖြစ်သော JD.com နှင့် Alibaba ၏ Tmall တို့သည် ပရိုမိုရှင်းများဖြင့် စတင်ရောင်းချချိန်မှစ၍ ၂၀ရာခိုင်နှုန်းအထိလျှော့ဈေးဖြင့် ရွေးချယ်ထားသော iphone မော်ဒယ်များအား ရောင်းချပေးလျက်ရှိသည်။

28 May 2024

      ဂျပန်နိုင်ငံ၏ ပို့ကုန်များသည် ပဥ္စမလပတ်အထိ ဆက်တိုက်တိုးတက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များအရသိရသည်။ နိုင်ငံ၏ စုစုပေါင်းပို့ကုန်သည် ယန်း ၈.၉ထရီလီရံ (အမေရိကန်ဒေါ်လာ ၅၇ဘီလီယံ) ရှိပြီး ယခင်နှစ်ထက် ၈.၃ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ဘဏ္ဍရေးဝန်ကြီးဌာနကထုတ်ပြန်သည့် ပမာဏကိန်းဂဏန်းများအရသိရသည်။ စုစုပေါင်းသွင်းကုန်မှာ ယန်း ၉.၄ထရီလီယံရှိပြီး ၈.၃ရာခိုင်နှုန်းတိုးလာကာ နှစ်လတာကာလအတွင်း ပထမဆုံးကုန်သွယ်မှုလိုငွေမှာ ယန်း ၄၆၂ဘီလီယံဖြစ်သည်။

28 May 2024

UNICEF သည် ၂၀၁၉ ခုနှစ်တွင် (၅)နှစ်အောက် မလေးရှားကလေးငယ်များ၏ ၂၀.၇% သည် ပုညှက်ခြင်းဝေဒနာကိုခံစားခဲ့ရပြီး (၁၉)နှစ်အရွယ်က‌လေးများ၏ ၁၂.၇ % သည် အဝလွန် ခြင်းကို ကြုံတွေ့ရကာ ၁၁.၅% သည် တဖြည်းဖြည်းအားနည်း၍ပိန်လှီလာကြသည်။

      ထိုဖြစ်စဉ်၏ အဓိကအကြောင်းရင်းတစ်ရပ်မှာ Vitamin A ချို့တဲ့မှုကြောင့်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဘီတာကာရိုတင်းကို ဇီဝပေါင်းစပ်မှုပြုလုပ်ရန်အတွက် မျိုးရိုးဗီဇအင်ဂျင်နီယာဖြင့် ထုတ်လုပ်ထားသော ရွှေရောင်ဆန်(Oryza Sativa)ကို လူမှုမီဒီယာ ဘ‌လော့ဂါအချို့က တင်သွင်းရန်တိုက်တွန်းထားကြသည်။

28 May 2024

    အင်ဒိုနီးရှားစက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ PT Mahugi Jaya Sehahtern မှထုတ်လုပ်သော ပြည်တွင်းအထည်အလိပ်ထုတ်ကုန်များကို ဒူဘိုင်းသို့တင်ပို့‌ရောင်းချပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ၃၅၀၀၀၀အထိရှိကြောင်းသိရသည်။

28 May 2024

      နည်းပညာကုမ္ပဏီကြီး Amazon ၏ Cloud Computing ယူနစ် AWS (Amazon Web Services) သည် စပိန်နိုင်ငံအရှေ့မြောက်ပိုင်း Amazon ဒေသရှိ ဒေတာစင်တာများတွင် ယူရို ၁၅.၇ဘီလီယံ(ဒေါ်လာ ၁၇.၀၂ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း 2024ခုနှစ်၊ မေလ ၂၂ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် ပြောကြားခဲ့ပြီး နိုင်ငံအတွင်း ၎င်း၏တိုးချဲ့မှုအစီအစဉ်ကို သိသိသာသာမြှင့်တင်သွားမည်ဖြစ်သည်။

Pages